ဆောင်းပါး/ကဗျာများ

ပရဟိတအစ်မ ကျောင်းအစ်မ တန်ဆောင်းအစ်မ..စတဲ့..စတဲ့... ကုသိုလ်ရှင်ဂုဏ်ပုဒ်တွေသာမက အဘတို့ ဇနီးတွေကလည်း အစ်မ.. အစ်မတကာတို့ ပြုနိုင်ခဲတဲ့ကောင်းမှု ပြည်သူလူထုလူနေမှုဒုက္ခအပေါင်းအစုမှ ကူကယ်ရာအထွေထွေပြုနေလေတဲ့ အစ်မ .. ကျွန်တော်တို့ ရဲ့ အစ်မ အစ်မ ဆရာမသန်းမြင့်အောင် အဲ့ဒီအစ်မ တစ်ယောက်ကိုတော့ဖြင့် အထူးပြုခေါ်ဆိုထိုက်ရာ ဂုဏ်ပြုအမည်သညာပေးဖို့  ကဗျာရေး အလေးအနက်တွေးမိတဲ့အခါ လူကြမ်းတွေကောင်းမှုနဲ့  မင်းသမီးတွေအကယ်ဒမီရနေကြတာလားတဲ့ ဟုတ်ကဲ့.. ပြည်သူ့ ဂုဏ်ရည်ဆု ဂုဏ်ပြုအမှတ်တရ အစ်မ ပြောကြားခဲ့တဲ့စကား ပြည်သူ့ ကိုယ်စား ဝေဒနာဖြေသာစေရုံမျှ ဟဒယနှလုံးရွှင်ပြုံစေလိုလှတဲ့ စိတ်ရင်းစေတနာအခံ ပြည်သူ့ အသံအစစ်အမှန်ပဲမဟုတ်ပါလား ပြည်သူချစ်ကြတဲ့မင်းသမီးတွေ အကယ်ဒမီအထပ်ထပ်မရရင်နေပါစေ ထပ်တလဲလဲအခန်းဆက်ရိုက်ချင်နေကြတဲ့ လူကြမ်းကြီးတွေရဲ…
၂ဝ၁၄ ခုနှစ်၊ ဇွန်လ ၁ ရက်(တနင်္ဂနွေ)နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း၊ အမှတ် ၂၂၁/၂၂၃ ရှိ တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဘို့ အခွင့် အရေး ရခဲ့ပါတယ်။ အခမ်းအနား မစတင်မီ ၁၅မိနစ်အလို ၁၃း၄၅ မိနစ်မှာ ရောက်ရှိသွားပါတယ်။ ခန်းမဆီ မတက်ခင် လှေကားရင်းမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးဘို့ စာအုပ်တွေ့တာနဲ့၊ ဝမ်းသာသွားပါတယ်။ မြန်မာနိုင်ငံသားတဦးအနေနဲ့ လုပ်သင့်တယ်လို့ သဘောပေါက်ထားတဲ့ ရင်ထဲကဆန္ဒကို ကလောင်ဖျားကတဆင့် လက်မှတ်တခုကို လိုလိုလားလားထိုးခွင့် ရလိုက်ပါတယ်။ ပွဲတခုလုံးလည်း လူငယ်အများစုနှင့်…
ကျွန်မတို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လူမှုရေးအကျိုးဆောင် မောင်နှမ သုံးဦး အောက်တိုဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၂၈ ရက်အထိ ရက်ပေါင်း ၄၀ ကြာ အမေရိကား ခရီးစဉ်ကလေးက အမှတ်တရပါပဲ။ နိုင်ငံကျော်များဖြစ်ကြတဲ့ တေးရေး/တေးဆို မဇ္ဈိမ ဦးရဲလွင်၊ တေးရေး/တေးဆို ဆောင်းဦးလှိုင်နဲ့အတူ ကျွန်မကို ဖိတ်ကြားတဲ့သူတွေကတော့ “မြန်မာနိုင်ငံသားချင်း ရိုင်းပင်းကူညီ .. ပြည်သူ့ဂုဏ်ရည်” အမည်ခံထားတဲ့ အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများပါပဲ။ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းမှာ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ရွက်နေတဲ့ လူမှုရေးသမားတွေကို ဂုဏ်ပြုပြီး ဆုပေးတဲ့အဖွဲ့ပါ။ ယခု ကျွန်မတို့ကို ဖိတ်ကြားတာကတော့ ကချင်ဒေသနဲ့…
  လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလများက မြန်မာပြည်မှာ စာပေ၊ ဂီတစတဲ့အနုပညာရှင်များကို ဖန်တီး သူတို့ရဲ့ စာပေနဲ့အနုပညာတင်ဆက်မှုများမှာသာ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ကြရတာများပါတယ်။အခုခေတ်မှာတော့ တကယ်တမ်းပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေအတွက် ခံစားကူညီရာမှာ တနည်းအား ဖြင့် ပြည်သူကိုတိုက်ရိုက်အလုပ်အကြွေးပြုတဲ့နေရာမှာ အထင်ကရအနုပညာရှင်များကို ထင်ထင်ရှားရှားမြင် လာကြရပါတယ်။အမိမြန်မာနိုင်ငံကြီးဆင်းရဲဒုက္ခထဲရောက်နေတဲ့ကာလတွေမှာ ခိုကိုးရာမဲ့ခဲ့တဲ့ခလေးတွေ HIVရောဂါရခဲ့ တဲ့ခလေးတွေ ပညာရေးမရရှိနိုင်တဲ့ခလေးတွေ ကယ်သူမဲ့ဘ၀များစွာရှိလာခဲ့ရပါတယ်။ သက်ကြီးရွယ်အိုများရဲ့ ထောက်တည်ရာမဲ့ဘ၀တွေနဲ့ ဆင်းရဲဒုက္ခများစွာခံစားနေကြရပါတယ်။ ထိုများစွာသောဘ၀တွေကို စာနာမှုနှလုံး သားနဲ့လက်တွေ့ကူညီမှုတွေနဲ့ စာရေးဆရာမဒေါ်သန်းမြင့်အောင်က နေ့စဉ်ကူညီစောင့်ရှောက်ပေးလို့ အားကိုး ရာမဲ့ဘ၀များ အေးချမ်းမှုရရှိခဲ့ကြပါတယ်။တစ်ဦးချင်းသာမကဘဲ စိတ်တူကိုယ်တူလုပ်ဖော်ကိုင်ဘက်များနဲ့အတူ သုခရိပ်မြုံ (HIV ကလေးများ စောင့်ရှောက်ရေးဂေဟာ)၊ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ၊ ‘အောင်မြေ’ ပညာဒါနကျောင်း နဲ့…
Saturday, 23 June 2012 12:34

အတ္တတွေဖြုတ်ကြ!

၂ဝ၁၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ ယနေ့ ဇွန်လ (၁၉) ရက်နေ့အထိ ကျွန်တော်ကျော်သူနှင့် ဇနီးဖြစ်သူ ရွှေဇီးကွက်တို့သည် အမေရိကန်နိုင်ငံရောက် မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးသော၊ မြန်မာ့လူမှုရေး သမားများကို ဂုဏ်မြှင့်ပေးသော၊ မြန်မာကို ကမ္ဘာကသိရှိအောင် ကြိုးစားမြှင့်တင်ပေးနေသော မြန်မာပြည်သူ လူထုတို့နှင့် ဖွဲ့စည်းထားသော “ပြည်သူ့ဂုဏ်ရည်” အဖွဲ့၏ ဖိတ်ကြားချက်အရ ရောက်ရှိနေဆဲဖြစ်သည်။ ၂ဝ၁၂ ခုနှစ်၊ မေလ (၁) ရက်နေ့မှ အမေရိကန်နိုင်ငံရှိ Los Angeles သို့ ရောက်ရှိခဲ့ကာ ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ကိုကျော်ဝဏ္ဏနှင့် ဇနီးဖြစ်သူ မမိုးချိုသင်း (ကဗျာဆရာကြီး တင်မိုး၏သမီး)တို့၏…
You are here: Home အထူးကဏ္ဍ Special Section သူတို့အမြင် Perspective ဆောင်းပါးများ