အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာဇော်မင်းဦး + ဒေါ်မြတ်မြတ်ခိုင်၊ ဒေါ်ကြူကြူဝင်း၊ ဒေါ်မူမူဝင်း၊ ဦးဇော်မြင့်ဝင်း + ဒေါ်လှရွှေ၊ ကိုဝေလဝင်း...
☮ ၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ☮
၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။ ကြေညာချက်အမှတ် ( ၂/၂ဝ၁၇ ) ရက်စွဲ - ၂၀၁၇ ခုနှစ် မေလ ၁ ရက်...
အဋ္ဌမအကြိမ်မြောက်  ပြည်သူ့ဂုဏ်ရည်ဆု  ကြေညာပွဲ အခမ်းအနား
အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲ အခမ်းအနား ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု ၂၀၁၇ ခုဧပြီလ ၂၈ တနင်္ဂနွေနေ့၊ နံနက် ၁၁း၀၀...
☮ အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇)၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက် ☮
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇) နေ့စွဲ - ၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက်   မြန်မာပြည်တွင်း၌...
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ ဒေါ်ခင်မမမျိုး (ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်) နှင့် ကိုဇော်ဇော်...
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင်
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင် အမေဇုန်အွန်လိုင်း(Amazon Online) ၏ အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်မှာ ဈေးဝယ်ရင်း...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ၂၀၁၇ ခု ဇန်နဝါရီလ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေ နတ်သမား တစ်ဦး၏...
အထူးဝမ်းနည်းကြေကွဲခြင်း
ဝမ်းနည်းကြောင်း သဝဏ်လွှာ... ၂၀၁၂ ခုနစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်း(Kachin Land News) သည် စက်တင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီတွင် မိုင်ဂျာယန်၌...
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်မှာ...
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ RFA သတင်း
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ် မေလ ၂၈ ရက် (စနေနေ့) အချိန် ။ ။ ညနေ ၄...
Sunday, 21 June 2015 22:20

၂ဝ၁၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် ကိုဇော်ဇော် (ယူတီကာ ပြည်သူ့ဂုဏ်ရည်ပွဲတက် ဆရာတော် ဆောင်းပါး)

Written by  အရှင် ဇဝန

တပည့်ဖုန်းက 09256116727 ပါခင်ဗျာ လို့ ပြောလာသူက ကိုဇော်ဇော်ပါ
.............................
သူ့ကို ပထမတခါတုန်းက ဖေ့စ်ဘုတ်မှာ အမှတ်မထင် သတိထားမိခဲ့ဘူးသေးသည်။ ဒီတုန်းက ဒီလောက် စိတ်ဝင်စားမှုမရှိခဲ့တာ အမှန်ဟုဆိုရမည်။ သာမန်လောက်သာ။ အော်သူလုပ်နှိုင်သားပဲဟုတော့ မှတ်ချက်ပေးခဲ့ဘူးသည်။ ခုတခါတော့ သူ့ကို သေသေချာချာကို သိရအောင်အကြောင်း ဖန်လာသည်။

ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ တက်ရောက်ရန် ၃လလောက်က စီစဉ်ထားသောကိစ္စတခုကို ပယ်ဖျက်ပြီး တက်ဖြစ်အောင်တက်ခဲ့သည်။ ကိုယ်နေထိုင်သီတင်းသုံးရာနေရာနှင့် အနီးဆုံး နေရာမှာ လာရောက် ကျင်းပသောပွဲမို့လည်း မြို့တာဝန်ခံများ၏ တက်စေလိုသောဆန္ဒ ကိုယ်တိုင်ကလည်း တက်ချင်သောအာသီသပေါင်းမိကြခြင်းဖြစ်သည်။
၂၀၁၅ခုအတွက် ပြည်သူ့ဂုဏ်ရည်အဖွဲ့ကြီးမှရွေးချယ်သော မဖြိုးဖြိုးအောင်အတွက်လည်း ဂုဏ်ယူချင်တာပါသည်။ သူ၏လုပ်ဆောင်ချက်များစွန့်လွှတ်မှုများ အတွက် ကိုယ့်ဘက်က တတ်နီုင်တာကို ပါဝင်အားဖြည့်ပေးချင်တာလည်းပါသည်။
ဒီလို အကြောင်းတွေ တိုက်ဆိုက်တာတွေထဲက အမြတ်တခုကို ထပ်ရတာ ပြပါဆိုလျှင် တကယ် အလုပ်လုပ်သော နီုင်ငံအကျိုးပြုလူသားတို့ကို တွေ့မြင် သိရှိခွင့်ရလိုက်ခြင်းဟု ပင် ဆိုရမည် ထင်သည်။
ပြည်သူ့ဂုဏ်ရည်ဆု အထူးဆုတွေ ကြေငြာတော့ အခမဲ့စာကြည့်တိုက် လုပ်ဆောင်နေသော ကိုဇော်ဇော်ဟု ကြေငြာလိုက်သည်။ တခါက သတိထားမိသောလူငယ်လေးပဲ ဟု စိတ်ဝင်စားမှုက ဗီဒီယိုဆီ ပိုမိုအာရုံ နှစ်မိလိုက်သည်။
သူရဲ့အကြောင်းပိုသိလိုက်ရသည်။ သူ့လုပ်ဆောင်ချက်ကို တိတိကျကျ မြင်လိုက်ရသည်။ ဒါတင်မက သူ့စေတနာ ကိုပါ အထင်းသားတွေ့လိုက်ရမှုဖြစ်သည်။ အတန်းပညာအရ လေးတန်းသာအောင်ထားသော လူငယ်တယောက်၏ ပြောစကားများက ဘွဲ့ရပညာတတ်တယောက် ပြောသောစကားတွေထက် အသိအမြင် တွေပါနေသည်။ ပညာဟူသည် အဘယ်လိုဆိုတာကိုပါ လက်တွေ့အဓိပ္ဗါယ်ဖွင့်ပြနေသည်။ သညာသိ အတတ်ပညာဆိုတာထက်ပိုသည်။ သူ့လုပ်ဆောင်ချက်တွေက သိသာသိ အသိကို အသုံးမချသော သူတို့ထက်သာနေပြန်သည်။
ဘဝအတွက် မိမိကိုယ်ကိုလည်း အားဖြည့် ကိုယ်နေထိုင်ရာ ပတ်ဝန်ကျင် ကိုပါတဆင့်မြင့်စေသူ။
ပြည်သူ့ဂုဏ်ရည်အဖွဲ့ကြီး၏ လက်ကမ်းစာအုပ်ထဲက ဆရာဇော်ဂျီ ကဗျာက စိတ်ထဲ အလိုလိုရွတ်မိသားဖြစ်နေသည်။
သင်သေသွားသော်
သင်ဖွားသောမြေ၊သင်၏မြေသည်
အခြေတိုးမြင့်၊ကျန်ကောင်းသင့်၏။
ဒီလိုလူမျိုးတွေရှိမှ ကိုယ့်ပြေ ကိုယ့်မြေဟာအခြေတိုးမြင့်ပြီးကျန်ခဲ့မှာ ဖြစ်သည်။
ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို ရန်ကုန်မှာကျင်းပပြီးမှ ယူတီကာမှာ ကြည့်ရသော ဗီဒီယိုဖိုင်ကို တင်တာတွေ့ရသည်။ ကိုယ့်ဖေ့စ်ဘုတ်ပေါ်သို့ ဒကာရင်း ကိုကျော်ဝဏ္ဏဆီမှ ဒေါင်းလုတ်ဆွဲပြီးပြန်တင်ထားလိုက်သည် ဒီလိုလူငယ်လေးကို လူတွေများများ သိစေချင်သည်။ သိစေချင်တာထက် အားကျစေချင်သည်။ သူပြောသော ဗီဒီယိုက ကိုယ်တိုင်စကြားရခြင်းမှာပင် ရင်ထဲလှိုက်ဖို မျက်ရည်ဝဲသည် အထိ ခံစားခဲ့ရသည်မဟုတ်လား ။ ဒီတော့ ဒီ ဗီဒီယိုဖိုင်လေးကို ဖွင့်ကြည့်မိသူ တဦးဦးရဲ့ရင်ထဲမှာတော့ သူစိတ်ဓာတ်တွေ ပြန့်နှံ့ရောက်ရှိသွားစေချင်သည်။ ကိုယ့်စေတနာ အောင်မြင်သည်ဟုပင်ဆိုရမည် ယခု ဒီစာကို ရေးနေချိန်မှာ လိုက်ခ်လုပ်သူပေါင်း ၄၂၁၁ ရှယ်သွားသူပေါင်း ၆၆၃၈ ဖြစ်နေပေပြီ။ အားကျချင်စိတ်တွေ ကို မွေးဖွားပေးသောဗီဒီယိုလေးပါပေ။
ကွန်မင့်တွေကိုဖတ်ရင် တနေရာမှာ အမှတ်မထင် မန္တလေးစာကြည့်တိုက် ဆိုသော ဖေ့စ်ဘုတ်က လိုက်ခ်လုပ်ထားတာကိုသွားတွေ့လိုက်သည်။ သူ့ဝေါလ်ကို သွားကြည့်တော့ ကိုဇော်ဇော် ပုံနှင့်တွေ့လိုက်ရသည်။ ဒီတော့သူ့ဆီမက်ဆေ့ပို့ ဖုန်းတွေဖလှယ်ရင်းစကားတွေပြောဖြစ် ကြသည်။ ဒီတော့ သူ့အကြောင်း ပိုသိလိုက်ရပြန်သည်။
သူ့စာကြည့်တိုက်ကို လှိုင်မြို့နယ် အောင်မေတ္တာလေးလမ်းမှာ ဖွင့်လှစ်ထားကြောင်း သိလိုက် ရသည်။
စာကြည့်တိုက်ဆီမှ တနေ့ကို လူ၆၀၀လောက်စာအုပ်လာငှားကြသည်ဟု ကိုဇော်ဇော်က ဆိုသည်။ ရန်ကုန်မြို့ထဲကကော ထောက်ကြံ့လှည်းကူးဘက်ကပါလာကြသည်တဲ့။ဒလ ကျောက်တန်းဘက်ကလာငှားသလို မော်လမြိုင်ကပါ လာငှားသာဟုဆိုသည်။ ဒီတော့ ဟေ့ မော်လမြိင်က ဘယ်လိုလာငှားလဲဟုမေးတော့ ကားဝင်းထဲက ကားသမားဘုရား သူက တခါလာငှားရင် စာအုပ် အုပ်၂၀ ငှားတယ် တပါတ်တခါ လာလာလဲတယ်ဟု မောင်ဇော်မှ ပြန်ပြောပြသည်။ စာအုပ်ငှားခကဘယ်လောက်ယူလဲမေးတော့ တယောက်ဆီကမှ မယူဘူးဘုရားတဲ့ . သူ့စကား ကြားရသည်မျာပင် ကြက်သီးမွှေးညှင်းထလာသည်။ တနေ့လုပ်ခထဲမှ ၃၀၀၀ကိုဖယ်ထားသည် ။ တလ ၉ ၀၀၀၀ကိုစာအုပ်ပေါင်း၁၈၅ အုပ်လောက်ဝယ်လို့ရသည်ဟု ဆိုသည်။ အသစ်ကော အဟောင်းကော မျှဝယ်ရသည်။
သူစာကြည့်တိုက်မှာ ငှားခမယူ အလှူခံပုံးပင်မထား။ လာလှူတာတွေကောရှိလားဆိုတော့ သူအလှူသီးသန့်မခံ ။ လာလှူပြီဆိုလဲ အလှူငွေကို ချက်ခြင်းစာအုပ်ဝယ်လိုက်သည်ဟု ဆိုသည်။
သူ့ကိုကူညီနေသူများကိုလဲ စိတ်ဝင်တစားမေးမိသည်။ ပိုပြီးလေးစားမိတာက သူ အလှူမခံသူစာရင်းထဲ ဘယ်လိုအဝတ် အစား မျိုးနှင့်လာသူဆိုလျှင် လုံးဝအလှူလက်မခံတဲ့။ အော် သူစာအုပ်တွေအထဲ ပြည်သူမကြည်ညို မသဒ္ဓါသောငွေကိုင်ထားသူများ၏ အလှူငွေ မပါဝင်အောင် ဆောင်ရွက်ထားသည်ကို ။
စာအုပ်များကို အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေး သည်ကို မင်းသားကြီးကိုကျော်သူကသိတော့ ကားတစီး ယူဖို့လာကမ်းလှမ်းသည်။ သူက သူမမောင်းတတ် သူ့အတွက်အသုံမဝင် ထို့ကြောင့်ငြင်းလိုက်သည်။ သူ၏ ရင်တွင်းမှ ဖြူစင်သော စိတ် မျှမျှတတဖြစိသောစိတ်ကိုပါ မြင်လိုက်ရသည်။ မတော်လောဘကင်းဝေးနေခြင်း ဖြင့် သူ့ဘဝ ပိုလှနေသည်။ ကားကို ငြင်းပြီး စက်ဘီးကိုသာလက်ခံလိုက်သည်။ အခုတော့ကိုကျော်သူလှူသောစက်ဘီးဖြင့် တအိမ်ဝင်တအိမ်ထွက် လိုက်ပို့ပေနှိုင်နေပြီ။
သူ စာကြည့်တိုက် အတွက် အခန်းငှားရသည် ထိုအခန်းငှားခကို ဘယ်လို စီစဉ်သလဲဆိုတာကိုပါသိချင်လာပြန်သည်။ ဒီအကြောင်းကိုမေးတော့ တပည့်တော် ငါးကင်ရောင်းရငွေထဲက ပေးတယ်ဘုရား အခုောတ့ သုံးလရှိပြီ မေတ္တာရှင် ဦးစိုးမြင့်က တလ တသိန်း ထောက်ပံ့ကူညီပေးသည်တဲ့။ သူ့ကိုယ်စား သာဓုအခါခါခေါ်လိုက်မိပါသည်။ သူလိုရည်ရွယ်ချက်ကောင်းကောင်းဖြင့် ကို်ယ်အတွက်လည်းတည်ဆောက် အများအတွက်လည်း ဖန်တီး လုပ်ဆောင်နေသူတဦးမကျဆုံးစေချင်။
သူ့ကိုယ်ပိုင်စာကြည့်တိုက် နှစ်တိုက်ရှိနေသည်။ တခုက သူ့မွေးရပ်မြေမှာ။ ရွာမှာက စာအုပ် ၈၅၀၀ ရှိသည်။ အနီး အနားမှာရှိသောရွာများ ဆီ တရွာ တလ အုပ်၁၀၀နှုံးဖြင့်ဖြန့်သည်။ နောက်တလ သူတို့ရွာချင်းလဲဖတ်ကြ။ တော်တော် အဆင်ပြေသောစီမံထားမှုပင်။ ဒီလို အစီအမံတွေကို ကိုဇော်ဇော် စာဖတ်ရင်းတွေမိခဲ့တာဖြစ်မည်။ လုပ်ချင်သောဆန္ဒ လုပ်ဖို့ရန် စာအုပ်မျာအဆင်သင့်ရှိတောင် လုပ်ရမည့်အစီအစဉ် မရှိပါက အလုပ်ဖြစ်မည်မဟုတ်။ ခုတော့ ကိုဇော်ဇော်စာကြည့်တိုက် နှစ်ခုလုံး ကောင်းစွာလည်ပတ်နေပေပြီ။

သူနှင့် စကားပြောစဉ် မဖြစ်မနေ မေးရမည့်မေးခွန်းကို မေးလိုက်ဖြစ်သည်။ ဒီလောက် တနေ့ လူ၆၀၀လောက်လာငှားနေတော့ ကိုဇော်ဇော် အကူတယောက်တော့လိုမှာပေါ့ ဘယ်သူက ကူညီနေလဲ ၊ ဒီစကားကို ကိုဇော်ဇော်ကို ချက်ခြင်းပင် ဘယ်သူ့မှ မငှားဘူးဘုရား တဲ့ ။
ကိုယ်ရင်မှာ ဆက်မေးရမည့်မေးခွန်းက အဆင်သင့် မင်းဘယ်လို အလုပ်လဲ ဒီစကားဆက်တိုက်လာမည်ကို ကိုဇော်ဇော်သိနေသည်။
တပည့်တော် စာအုပ်နဲ့ ဘော့လ်ပင်တချောင်းချထားပေးလိုက်တာပဲ ဘုရား လာယူသူကသူ့ဘာသာ ရေးပေးသွားတယ်. လာသူက လူသစ်ဆိုလဲ နားလည်သူ ကပြပေးသွားတယ် ။ စေတနာနှင့်တန်သော ပြန်လည် ရရှိမှုပင်။
သူပြောသော စကားတွေထဲက မှတ်သားစရာကောင်းတာလေးကိုတော့ ချန်ထားလို့မဖြစ်။ စာကြည့်တိုက်တွေက ဟိုအထက်ထပ်တွေမှာ အရက်ဆိုင်တွေကမြညီထပ် လုံးဝ မဖြစ်သင့်တာ ။ဒီတော့ တပည့်တော် မြေညီထပ်ကိုရအောင်ငှားလိုက်တယ်။ အရက်ဆိုင်ကိုလူငယ်တွေစိတ်ဝင်စားတာထက် စာကြည့်တိုက်ကို လူတွေစိတ်ဝင်စားအောင်လို့။

သူ့အကြောင်း ကိုဗိဒီယိုတွေ ဆောင်းပါးတွေ တက်လာတော့ လူတွေကို လိုက်ခ်လုပ်ကြ။ ရှယ်ကြသည်။ တကယ်မိမိဖြစ်စေချင်သည်က အားကျယုံနှင့်မလုံလောက် သူ့အကြောင်းတင်ထားသော ပို့စ်တခုမှာ ဓမ္မဘေရီ ဆရာတော်က ..အေးကွာ..
ဘယ်လိုကုသိုလ်မျိုးမဆိုလုပ်ချင်တဲ့စေတနာ ထက်သန်ရင်ဖြစ်ကို ဖြစ်တယ်လို့ ပြောနေတာ။
မယုံချင်သူတွေအတွက်-မင်းဟာ ထင်ရှားတဲ့ ပြယုဂ်ပဲ။သာဓုပါ ဒကာလေး...ဆိုတာကို လူတွေ ဆီပိုပိုပြန့်နှံ့စေချင်သည် ။သူ့လိုလူတွေများများပေါ်စေချင်သည်။
အရှင်ဇဝန

Credit:

အောက်ပါ လင့်(Link)မှ ကူးယူဖေါ်ပြပါသည်။

https://www.facebook.com/uzaw1/posts/831756183539996:0

Last modified on Sunday, 21 June 2015 22:38
You are here: Home ၂ဝ၁၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် ကိုဇော်ဇော် (ယူတီကာ ပြည်သူ့ဂုဏ်ရည်ပွဲတက် ဆရာတော် ဆောင်းပါး)