☮ ၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ☮
၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။ ကြေညာချက်အမှတ် ( ၂/၂ဝ၁၇ ) ရက်စွဲ - ၂၀၁၇ ခုနှစ် မေလ ၁ ရက်...
အဋ္ဌမအကြိမ်မြောက်  ပြည်သူ့ဂုဏ်ရည်ဆု  ကြေညာပွဲ အခမ်းအနား
အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲ အခမ်းအနား ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု ၂၀၁၇ ခုဧပြီလ ၂၈ တနင်္ဂနွေနေ့၊ နံနက် ၁၁း၀၀...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ပြည်သူ့ဂုဏ်ရည်အသင်း ဆန်ဖရန်စစ္စကို ဌာနခွဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း ကိုမောင်မောင်ဝင်း (ခေါ်) စာရေးဆရာ မောင်ရစ်...
☮ အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇)၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက် ☮
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇) နေ့စွဲ - ၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက်   မြန်မာပြည်တွင်း၌...
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ ဒေါ်ခင်မမမျိုး (ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်) နှင့် ကိုဇော်ဇော်...
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင်
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင် အမေဇုန်အွန်လိုင်း(Amazon Online) ၏ အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်မှာ ဈေးဝယ်ရင်း...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ၂၀၁၇ ခု ဇန်နဝါရီလ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေ နတ်သမား တစ်ဦး၏...
အထူးဝမ်းနည်းကြေကွဲခြင်း
ဝမ်းနည်းကြောင်း သဝဏ်လွှာ... ၂၀၁၂ ခုနစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်း(Kachin Land News) သည် စက်တင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီတွင် မိုင်ဂျာယန်၌...
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်မှာ...
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ RFA သတင်း
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ် မေလ ၂၈ ရက် (စနေနေ့) အချိန် ။ ။ ညနေ ၄...
Monday, 15 June 2015 01:52

၂ဝ၁၅ ခု ဆဋ္ဌမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနား(ရန်ကုန်)ဆောင်းပါး-ဆန်းရှိုင်းမေ

Written by  Sunshine May

၂ဝ၁၅ ခု ဆဋ္ဌမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနား(ရန်ကုန်)ဆောင်းပါး
[ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပေးအပ်ပွဲ တက်ရောက်ခဲ့သူ ရွှေတောသူ မှတ်စု ]

ရပ်ဝေးမြေခြား မောင်လေးသို့ ပေးစာများ ၄၃
မောင်လေးရေ**
ရန်ကုန်မြို့တော်ဝင်နှင်းဆီ စင်တာမှာပြုလုပ်တဲ့ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲကြီးကတော့ ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားနှင့် ပြီးသွားပြီနော်။
ခြောက်ကြိမ်မြောက်တောင် ရှိသွားတဲ့အထိ ဖြစ်မြောက်အောင် ဇွဲသန်သန်နှင့် စီစဉ်ခဲ့ကြတဲ့ ပွဲစီစဉ်သူတွေ၊ အမေရိကန်နိုင်ငံနှင့် မြန်မာပြည်ကသူတွေ အားလုံး စည်းစည်းလုံးလုံး ဆောင်ရွက်ခဲ့ကြလို့ပေါ့နော်။
ကိုယ့်ပြည်သူပြည်သား အချင်းချင်းရိုင်းပင်းကူညီတဲ့ သူတွေကို အသိအမှတ်
ပြုဂုဏ်ပြုလို့ ပေးတဲ့ ဆုဟာ ငွေကြေး ပမာဏ အနည်းအများနှင့်တန်ဘိုး
ဖြတ်လို့မရပါဘူး။ အများအကျိုးအတွက် အဓိပ္ပါယ်ရှိရှိ ဆောင်ရွက်နေသူတွေရဲ့ ရင်ထဲ အသဲထဲက "ငါလုပ်ဆောင်နေတာကို အသိအမှတ်ပြုပါလားဆိုပြီးအားတက်လာတဲ့ ရင်တွင်းခံစားမူ ပီတိက တန်ဘိုးနှိုင်းမရအောင် တာ သွားပါတယ်။ ဘာလို့အဲသလိုပြောရသလဲ ဆိုတော့ ဆုပေးပွဲတက်ရောက်လာတဲ့ ဆုရသူတွေရဲ့ မျက်နှာမှာ ဂုဏ်ယူဝမ်းသာတဲ့ အပြုံးတွေဝေနေလို့ပါ။ ဆုရတဲ့ဒေါက်တာ နန္ဒဝင်းကဆို "ကျွန်တော်အလုပ်တွေများလို့ ပင်ပင်ပန်းပန်းနှင့် အမြဲအိပ်ပျော်တဲ့သူက ဆုရကြောင်း ကြားရတဲ့နေ့က ရင်ခုန်စိတ်လှုပ်ရှားပြီး အိပ်မပျော်သောညဖြစ်ခဲ့ပါတယ်"တဲ့။ အဲသလိုဘဲ အထူးဆုရှင် ကိုဇော်ဇော်ကလည်း ဆုရတယ်ဆိုတော့ သူ့လိုအညတြ လုပ်ဆောင်နေတဲ့သူကို ဟို အဝေးကြီး အမေရိကန်က သူတွေဘယ်လို သိသွားတာပါလိမ့် လို့ ရိုးရိုးသားသား ချစ်စရာကောင်းအောင် ပြောသွားတာ မို့ပါ။ မနှစ်ကဆုရတဲ့ ခင်နှင်းကြည်သာကော ယခုနှစ်ဆုရတဲ့ ဒေါက်တာနန္ဒဝင်း ပြောစကားအရကော သူတို့မိဘတွေရဲ့ အားပေး မြေတောင်မြှောက်ခဲ့မူတွေကလည်း ယခုလို ပရဟိတ စိတ်တွေဖြစ်ပေါ် ခဲ့ရတယ်ဆိုတော့ ပုဗ္ပါစရိယ မိနှင့်ဖတို့ရဲ့ ခလေးတွေမြေတောင်မြှောက် ပုံသွင်းရာမှာ အရေးပါပုံကို သတိထားမိတယ်။
ဒီလိုပါဘဲ ဖြိုးဖြိုးအောင် ဖခင်ဟာ ဖြိုးဖြိုးအောင်ရဲ့ လမ်းပြကြယ်ကြီးပါ။
ဆုရခြင်လို့ လုပ်တာမဟုတ်၊ မွေးရာပါ ပရဟိတစိတ်ဓါတ် ပါရမီရင့်သန် လို့ကောင်းရာကောင်းကြောင်း လူ့ဘောင်အကျိုး ဆောင်ရွက်နေသူတွေကိုယခုလို ချီးမြှင့်လိုက်တဲ့အတွက် သူတို့ရဲ့ ရှေ့ဆက်ရမဲ့ခရီးမှာ ကောင်းမွန်တဲ့ တွန်းအားတွေ စိတ်ဓါတ်ခွန်အားတွေ ဖြစ်စေမှာပါ။ နဂိုကထဲက ကိုယ်ကျိုးအတွက် လုပ်တဲ့ လူတွေ မဟုတ်တဲ့အတွက်၊
ဆုရရှိငွေတွေ ဟာလည်း သူတို့လုပ်နေတဲ့ လူအများတွက် အကျိုးပြု လုပ်ငန်းတွေထဲ စီးဝင်သွားမှာမို့ အလှူထည့်ကြသူတွေလည်း လှူရကျိုးနပ်ပါတယ်။
မြန်မာပြည်ထဲမှာ ကျန်ရှိနေသေးတဲ့ ရွက်ပုန်းသီး တနိုင်တပိုင် ပရဟိတလုပ်နေသူတွေ အဖွဲ့အစည်း တွေကလည်း ယခုလို မြန်မာ့လူ့ဘောင်အတွက် မြန်မာနိုင်ငံသားများ ကောင်းကျိုးအတွက်လုပ်နေတဲ့ စံပြလူသားတွေကို ဆုချီးမြှင့်တာကိုကြည့်ပြီး အားကျကျေနပ်နေကြမှာပါ။ ဒါကြောင့် ဘေးထိုင် ဘုပြော နေသူတွေကလွဲလို့ လူသာဓုခေါ် နတ်သာဓုခေါ် သူတော်ကောင်းတွေ ချီးမွန်းတဲ့ ယခုလို ရည်ရွယ်ချက်ကောင်းတဲ့ ပြည်သူ့ဂုဏ်ရည်ဆု ပေးပွဲ နောင်အရှည်တည်တံ့ပါစေ။ ချမ်းသာလို့ မဟုတ်ဖြူဖြူစင်စင်နှင့် မိမိလှူလိုက်တဲ့ငွေနှင့် ခင်နှင်းကြည်သာတို့ ကိုဇော်ဇော်တို့ ဖြိုးဖြိုးအောင်တို့လို လူငယ်တွေကို ဆုချီးမြှင့်လိုက်ခြင်းဖြင့်သူတို့လုပ်ဆောင်နေတာကို မီးမောင်းထိုးပြလိုက်သလိုဖြစ်ပြီး ကျန်လူငယ်တွေ အတုယူလုပ်ဆောင်ကြမယ် ဆိုရင်ဖြင့်… ဒါနကြောင့် ပွားသွားမဲ့ မိမိတို့တိုင်းပြည်ရဲ့ အနာဂတ် ကောင်းကျိုး ချမ်းသာတွေက တပုံတပင်ပါ။
ဆရာမ သန်းမြင့်အောင်ရဲ့"လူဆိုတာ ကိုယ်ကျိုးစွန့်တဲ့စိတ်နှင့် အများအတွက် အနစ်နာခံတဲ့ စိတ်ကလေးမှ မပါရင် တခြားသတ္တဝါတွေနှင့် ဘာများထူးဦးမှာလဲ "ဆိုစကားလို လူသားကောင်းကျိုးဆောင်ရွက်နေတဲ့ လူပီသတဲ့ လူများကို ဆုပေးတဲ့ ပြည်သူ့ဂုဏ်ရည် အဖွဲ့ ရဲ့စေတနာကိုခံစားနားလည်ပြီး အလှူငွေ ရံပုံငွေများ ပိုမိုတိုးတက်ရရှိပြီး ဒိထက်မက ဆုအရေအတွက်များများ ပေးနိုင်ပါစေ လို့ ...


ဆန်းရှိုင်းမေ
တနင်္ဂနွေနေ့ ၊ ဇွန် ၁၄ ၊၂ဝ၁၅
Photo: Sunshine May

Last modified on Tuesday, 16 June 2015 21:46
You are here: Home ၂ဝ၁၅ ခု ဆဋ္ဌမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနား(ရန်ကုန်)ဆောင်းပါး-ဆန်းရှိုင်းမေ