☮ ၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ☮
၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။ ကြေညာချက်အမှတ် ( ၂/၂ဝ၁၇ ) ရက်စွဲ - ၂၀၁၇ ခုနှစ် မေလ ၁ ရက်...
အဋ္ဌမအကြိမ်မြောက်  ပြည်သူ့ဂုဏ်ရည်ဆု  ကြေညာပွဲ အခမ်းအနား
အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲ အခမ်းအနား ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု ၂၀၁၇ ခုဧပြီလ ၂၈ တနင်္ဂနွေနေ့၊ နံနက် ၁၁း၀၀...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ပြည်သူ့ဂုဏ်ရည်အသင်း ဆန်ဖရန်စစ္စကို ဌာနခွဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း ကိုမောင်မောင်ဝင်း (ခေါ်) စာရေးဆရာ မောင်ရစ်...
☮ အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇)၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက် ☮
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇) နေ့စွဲ - ၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက်   မြန်မာပြည်တွင်း၌...
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ ဒေါ်ခင်မမမျိုး (ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်) နှင့် ကိုဇော်ဇော်...
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင်
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင် အမေဇုန်အွန်လိုင်း(Amazon Online) ၏ အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်မှာ ဈေးဝယ်ရင်း...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ၂၀၁၇ ခု ဇန်နဝါရီလ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေ နတ်သမား တစ်ဦး၏...
အထူးဝမ်းနည်းကြေကွဲခြင်း
ဝမ်းနည်းကြောင်း သဝဏ်လွှာ... ၂၀၁၂ ခုနစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်း(Kachin Land News) သည် စက်တင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီတွင် မိုင်ဂျာယန်၌...
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်မှာ...
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ RFA သတင်း
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ် မေလ ၂၈ ရက် (စနေနေ့) အချိန် ။ ။ ညနေ ၄...
Saturday, 29 November 2014 20:53

“၂ဝ၁၄ နိုဝင်ဘာလ ၂၃ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးနှင့် ကျန်းမာရေး ကွန်ရက် ရန်ပုံငွေ နေ့လယ်စာစားပွဲ” ကျေးဇူးတင်စကား - နီလာစိန်

Written by  Nilar Sein

မင်္ဂလာပါရှင်...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးနှင့် ကျန်းမာရေး ကွန်ရက် ရန်ပုံငွေ နေ့လယ်စာစားပွဲကို
၂ဝ၁၄ နိုဝင်ဘာလ ၂၃ရက်နေ့ တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။
" အောင်မြင်စွာ"လို့ ပြောရတဲ့ အကြောင်းရင်းက ရန်ပုံငွေအတွက် အလှူ ငွေ စုစုပေါင်း ဒေါ်လာ ၁၅၇ဝဝ ကျော် ရရှိတာ အဓိက အကြောင်းရင်းပါပဲ။
အဲဒီအတွက်အလှူ ရှင် လော့စ်အိန်းဂျလိစ်မြို့တ၀ိုက်နေ မြန်မာပြည်ဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ
အားလုံးကို အထူးကျေးဇူးတင်ကြောင်း ဦးစွာ ပြောကြားပါရစေ။
ကျေးဇူးတင်ထိုက်တဲ့လူတွေများလွန်းသဖြင့် ကျေးဇူးတင်စကား ပြောကြားစဉ်ကျန်ခဲ့သည်များ ရှိခဲ့ရင် ခွင့်လွှတ်ပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။
ပွဲစီစဉ်သူများနှင့် လက်မှတ်များကို ဝယ်ယူအားပေး လှူ ဒါန်းသူများ၊ လက်မှတ်များကို ကုန်အောင်ရောင်းပေးကြသူများ အားလုံးကို အထူးကျေးဇူးတင်ကြောင်း ထပ်မံ ပြောကြားလိုပါသည်။
အစားအသောက်မျိုးစုံအတွက် ကုန်ကျငွေကို စိုက်ထုတ်ရုံမျှမက အပင်ပန်းခံကာ လုပ်အားစိုက်ထုတ် ချက်ပြုတ်ကြော်လှော်ပေးကြသော အစားအသောက် အလှူ ရှင်များအားလုံးကို အထူးအထူးကျေးဇူး တင်ရှိပါကြောင်း မမေ့မလျော့ ပြောကြားလိုပါသည်။
တခဲနက် ချီးမြှင့်ကြသော ပရိသတ် ၆ဝဝ မှ ၇ဝဝ ကျော် တို့အတွက် လုံလောက်အောင်... အချိန်မှီအောင်... ပူပူနွေးနွေး စားသောက်နိုင်အောင် ချက်ပြုတ်သောနေရာမှ ပွဲလုပ်သောနေရာသို့ ကားဖြင့်
အခေါက်ခေါက်အခါခါ သယ်ပို့ပေးသော ကားမောင်းဆရာများကိုလည်း အထူးကျေးဇူးတင် မှတ်တမ်းတင်ကြောင်း ပြောကြားလိုပါသည်။
အခမ်းအနားပြင်ဆင်ခြင်း၊ ထိုင်ခုံစားပွဲများပြင်ဆင်နေရာချခြင်း၊ ထမင်း... ဟင်း... အအေး...သစ်သီး... အချို ပွဲ စသည်တို့ကို တာဝန်ကျေစွာ ကူညီလုပ်အားပေး ပြင်ဆင်ခူးခပ်ပေးကြသူများ၊ အမှိုက်သိမ်းသူများ၊ ပွဲသိမ်းတွင် လုပ်အားပေးသိမ်းဆည်းကြသူများကိုလည်း အထူးအထူးကျေးဇူးတင်ပါကြောင်း။
နေ့လယ်စာကို မြိန်ယှက်စွာ စားသုံးနေစဉ် တေးသံသာများဖြင့် တီးခတ်သီဆိုပေးကြသော
ဂီတမှူးများ၊ တူရိယာပညာရှင်များ၊ အဆိုရှင်များ၊ အက၀ါသနာရှင်များ၊ နိုင်ငံကျော် မြန်မာအနုပညာရှင်များ စသည့် အနုပညာရှင်များ အားလုံးကိုလည်း ပြောမပြနိုင်လောက်အောင် အထူးကျေးဇူးတင်ရှိပါကြောင်း။
ဓာတ်ပုံ၊ဗီဒီယိုတို့ဖြင့် မှတ်တမ်းတင်ကြသူများ၊ You Tube...facebook စသည့် အင်တာနက် ဝက်ဘ်ဆိုဒ်၊
လူမှုရေးကွန်ရက်တို့တွင် အချိန်နှင့်တပြေးညီဖြင့်တင်ဆက်ပြသ ကြသူ အပျော်ထမ်း နှင့် ပရော်ဖက်ရှင်နယ် မီဒီယာသမားများအားလုံးတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း...
အောင်မြင်ရခြင်း အကြောင်းရင်း များစွာထဲမှ အဓိကအကျဆုံး အကြောင်းရင်းမှာ "ပညာရေး နှင့်ကျန်းမာရေး" ဆိုသည့် "Cause" သည် အဓိက ဖြစ်မည်ဟု ယုံကြည်မိပါသည်။
မြန်မာနိုင်ငံသားအားလုံးတို့၏ "ပညာရေး နှင့်ကျန်းမာရေး" အတွက် ယခုထက် ပိုမိုပြီး ဆက်လက် လှူ ဒါန်းနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားရင်း...မြန်မာပြည်ဖွားတိုင်းရင်းညီအစ်ကိုမောင်နှမများ အားလုံးကိုရင်ထဲမှ ကျေးဇူးတင်စကားများကို ထပ်ကာဆင့်ကာ လှိုက်လှိုက်လှဲလှဲ ပြောကြားပါရစေ။
ယခုလို အောင်မြင်ရသည့်အကြောင်းရင်းမှာ စုပေါင်းခေါင်းဆောင်ခြင်း၊ စုပေါင်းတာဝန်ယူခြင်း၊
စုပေါင်းလုပ်ဆောင်တာဝန်ကျေခြင်းတို့ကြောင့် ယခုပွဲ အောင်မြင်ရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တဦးချင်း၏ နာမည်များကို မဖော်ပြနိုင်သည်ကို ခွင့်လွှတ်နားလည်သဘောပေါက် စေလိုကြောင်း။
၂ဝ၁၅ခုနှစ် ဇွန်လတွင် ကျင်းပမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးနှင့် ကျန်းမာရေး ကွန်ရက် ရန်ပုံငွေ
စင်တင် တေးဂီတ ဖျော်ဖြေပွဲတွင် ထပ်မံလှူ ဒါန်းအားပေးကြရန်
ကြိုတင်ဖိတ်ကြားအပ်ပါသည်။
Thank you... Thank you... Thank you.

နီလာစိန်(Nilar Sein)

Source/Credit to:
https://www.facebook.com/photo.php?fbid=10152522141403014&set=a.10150100188753014.275481.744583013&type=1   

Image Gallery Credit to JACK:

Last modified on Sunday, 30 November 2014 09:05
You are here: Home “၂ဝ၁၄ နိုဝင်ဘာလ ၂၃ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးနှင့် ကျန်းမာရေး ကွန်ရက် ရန်ပုံငွေ နေ့လယ်စာစားပွဲ” ကျေးဇူးတင်စကား - နီလာစိန်