☮ ၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ☮
၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။ ကြေညာချက်အမှတ် ( ၂/၂ဝ၁၇ ) ရက်စွဲ - ၂၀၁၇ ခုနှစ် မေလ ၁ ရက်...
အဋ္ဌမအကြိမ်မြောက်  ပြည်သူ့ဂုဏ်ရည်ဆု  ကြေညာပွဲ အခမ်းအနား
အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲ အခမ်းအနား ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု ၂၀၁၇ ခုဧပြီလ ၂၈ တနင်္ဂနွေနေ့၊ နံနက် ၁၁း၀၀...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ပြည်သူ့ဂုဏ်ရည်အသင်း ဆန်ဖရန်စစ္စကို ဌာနခွဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း ကိုမောင်မောင်ဝင်း (ခေါ်) စာရေးဆရာ မောင်ရစ်...
☮ အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇)၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက် ☮
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇) နေ့စွဲ - ၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက်   မြန်မာပြည်တွင်း၌...
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ ဒေါ်ခင်မမမျိုး (ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်) နှင့် ကိုဇော်ဇော်...
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင်
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင် အမေဇုန်အွန်လိုင်း(Amazon Online) ၏ အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်မှာ ဈေးဝယ်ရင်း...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ၂၀၁၇ ခု ဇန်နဝါရီလ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေ နတ်သမား တစ်ဦး၏...
အထူးဝမ်းနည်းကြေကွဲခြင်း
ဝမ်းနည်းကြောင်း သဝဏ်လွှာ... ၂၀၁၂ ခုနစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်း(Kachin Land News) သည် စက်တင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီတွင် မိုင်ဂျာယန်၌...
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်မှာ...
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ RFA သတင်း
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ် မေလ ၂၈ ရက် (စနေနေ့) အချိန် ။ ။ ညနေ ၄...
Thursday, 20 November 2014 20:35

”စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု” ဆောင်းပါး - ဥမ္မာစော

Written by  Ohmar Saw

စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု

စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာကွန်ရက်ကို ချီးမြှင့်ပေးအပ်ခြင်းခံခဲ့ရပါတယ်၊

ပညာရေးကွန်ရက် အဖွဲ့သားများဟာ ဘယ်လိုမှ ဖေါ်မပြနိုင်လောက်အောင်ကို ၀မ်းသာဂုဏ်ယူခဲ့ကြတယ် ဒီဆုကို ပိုက်ပြီး အပြန်လမ်းမှာတော့ တူညီတဲ့ စိတ်ထား၊ တူညီတဲ့ ခံယူချက်၊ တူညီတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဒို့ခေါင်းပေါ်မှာ တာဝန်တွေ ပိုကြီးသွားပြီလို့ မှတ်ယူခဲ့ကြတယ် ဒီလိုနဲ့ ပညာရေးနဲ့ပတ်သက်ပြီး ပြည်နယ်နှင့် တိုင်းပေါင်းစုံမှာ ပညာသင်ယူချင်ပါလျှက် မသင်နိုင်သော ကလေးများအတွက် အခမဲ့ ပညာဒါနကျောင်းများစွာကို ဖွင့်လှစ် သင်ပေးနိုင်ခဲ့တယ် ၊ မိဘက စာမေးပွဲကျလို့ ဆက်လက်ကျောင်းမထားနိုင်သော ကလေးများ ကို ကျွန်မတို့ ပညာဒါနကျောင်းများက ဆက်လက် ပညာသင်ယူရန် အခွင့်အလမ်းများ ပေးနိုင်ခဲ့ပါတယ်။ ဒီလိုကလေးများစွာထဲက ရန်ကုန်တိုင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသားပေါင်း ၅၀၀ ကျော်ကို ဖြေဆို အောင်မြင်ခဲ့ပါတယ်၊ ပြည်နယ်တိုင်းများမှလည်း ၆၀၀ကျော် ဖြေဆိုအောင်မြင်နိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်မတို့ ပညာရေးကွန်ရက်ရဲ့ အောင်မြင်မှု မှတ်တိုင်းတစ်ခုဖြစ်ပါတယ် ၊ ကျွန်မတို့ဟာ လမ်းဘေးက ကျောက်စရစ်ခဲလေးများကို အားကြိုးမာန်တက် အရောင်တင်ပြီး စိန်ပွင့်လေးတွေ ဖြစ်အောင်လုပ်ဆောင်ပေးနိုင်ခဲ့လို့ အမေ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျွန်မတို့ ပညာရေးကွန်ရက် အဖွဲ့သားများနှင့် ဆရာ/မ များ ကျောင်းကော်မတီများရဲ့ ကြည်နူးမှု ပီတိဟာ ဘယ်အရာနဲ့မှ နှိုင်းမရခဲ့ပါဘူး။ ဒီလိုနဲ့ စာသင်ရမယ့်အချိန်မှာ အလုပ်လုပ်နေရသောကလေးများအတွက်လည်း အလုပ်ချိန် ပြင်ပ မှာ စာရေး စာဖတ် တက်အောင် သင်ကြားပေးတဲ့ ကျောင်းများလည်း ဖွင့်ထားပါတယ်၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသော သူများအတွက်လည်း အသက်မွေးဝမ်းကြောင်းပညာများ အင်ဂျင်စက်ပြင်သင်တန်းများ၊ ဆံပင်ညှပ်သင်တန်းများ၊ ကွန်ပျူတာ အခြေခံသင်တန်း၊ စာရင်းကိုင်သင်တန်း စသည့် သင်တန်းအပြင် ဘာသာစကား သင်တန်းများလည်း ဖွင့်လှစ်ပေးလျှက်ရှိပါတယ်။
ပညာသင်ယူချင်ပါလျှက် ဆက်လက်မတက်နိုင်သော ကလေးများစွာရှိပါတယ် ဒီအလေးတွေအတွက် လစဉ် ပညာသင်ထောက်ပံ့ကြေးများလည်း ထောက်ပံ့လျှက်ရှိပါတယ်၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းသား/သူ ၇၂ ဦးကို တစ်လလျှင် (၁၆-သိန်း) ကုန်ကျခံ လစဉ် ထောက်ပံ့ပေးလျှက်ရှိပြီး ၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် စုစုပေါင်း ကျောင်းသား (၁၅၀)ဦးကိုလည်း ပညာသင်ထောက်ပံ့ကြေးများ ဆက်လက်ထောက်ပံ့သွားရန် ရည်ရွယ်ထားရှိပါတယ်။ ပညာဒါန ကျောင်းပေါင်း ၂၀၀ ကျော်ကို ပြည်နယ်အသီးသီးမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ် ထိုကျောင်းများအားလုံးကို လိုအပ်လျှက်ရှိသော စာရေးကိရိယာများ နှင့် ထောက်ပံ့ငွေများကိုလည်းအချိုးကျ ခွဲဝေ ကူညီနိုင်ခဲ့ပါတယ်၊ လိုအပ်သော အခက်အခဲများကိုလည်း တက်နိုင်တဲ့ဘက်က ကူညီ ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။
တဖက်ကလည်း ဒီကျောင်းတွေနဲ့ ဒီကလေးများကို ဆက်လက် ထောက်ပံ့ ကူညီမှုများပေးနိုင်ရန် ရန်ပုံငွေများ ရှာဖွေတဲ့အလုပ်လည်း ကျွန်မတို့ ပညာရေးကွန်ရက် အဖွဲ့သားများက လုပ်ဆောင်ရပါတယ် ၊ ဒါပေမယ့် ကျွန်မတို့ ပညာရေးကွန်ရက် အဖွဲ့သားတွေဟာ ဘယ်တော့မှ မျက်နာတစ်ချက် မငြိုးပဲ ပရဟိတစိတ်ဓါတ်အပြည့်နဲ့ အချိန်တွေ ၊ ငွေတွေ၊ လုပ်အားတွေ ဒိအထဲကို အကုန် ထည့်ပြီး ပျော်ရွှင်စွာ ဆက်လက်ကူညီ လုပ်ကိုင်နေကြပါတယ်၊ ဒီလို လုပ်ဆောင်မှုကို တစ်ဖက်တစ်လမ်းက အသိအမှတ်ပြုတဲ့ ပြည်သူ့ဂုဏ်ရည်အသင်းကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း----------------------------------------

Source/Credit to:

https://www.facebook.com/ohmar.saw/posts/781829951878318

Last modified on Saturday, 29 November 2014 22:42
You are here: Home ”စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု” ဆောင်းပါး - ဥမ္မာစော