အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာဇော်မင်းဦး + ဒေါ်မြတ်မြတ်ခိုင်၊ ဒေါ်ကြူကြူဝင်း၊ ဒေါ်မူမူဝင်း၊ ဦးဇော်မြင့်ဝင်း + ဒေါ်လှရွှေ၊ ကိုဝေလဝင်း...
☮ ၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ☮
၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။ ကြေညာချက်အမှတ် ( ၂/၂ဝ၁၇ ) ရက်စွဲ - ၂၀၁၇ ခုနှစ် မေလ ၁ ရက်...
အဋ္ဌမအကြိမ်မြောက်  ပြည်သူ့ဂုဏ်ရည်ဆု  ကြေညာပွဲ အခမ်းအနား
အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲ အခမ်းအနား ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု ၂၀၁၇ ခုဧပြီလ ၂၈ တနင်္ဂနွေနေ့၊ နံနက် ၁၁း၀၀...
☮ အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇)၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက် ☮
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇) နေ့စွဲ - ၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက်   မြန်မာပြည်တွင်း၌...
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ ဒေါ်ခင်မမမျိုး (ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်) နှင့် ကိုဇော်ဇော်...
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင်
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင် အမေဇုန်အွန်လိုင်း(Amazon Online) ၏ အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်မှာ ဈေးဝယ်ရင်း...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ၂၀၁၇ ခု ဇန်နဝါရီလ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေ နတ်သမား တစ်ဦး၏...
အထူးဝမ်းနည်းကြေကွဲခြင်း
ဝမ်းနည်းကြောင်း သဝဏ်လွှာ... ၂၀၁၂ ခုနစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်း(Kachin Land News) သည် စက်တင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီတွင် မိုင်ဂျာယန်၌...
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်မှာ...
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ RFA သတင်း
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ် မေလ ၂၈ ရက် (စနေနေ့) အချိန် ။ ။ ညနေ ၄...
Sunday, 10 August 2014 20:42

“ပရဟိတအစ်မ” ကဗျာ - ကိုမျိုး(မြန်မာစာ)

Written by  Ko Myo (Myanmarsar)
၂ဝ၁၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်-ဆရာမသန်းမြင့်အောင် ၂ဝ၁၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်-ဆရာမသန်းမြင့်အောင် ဓါတ်ပုံ - ကိုမျိုး(မြန်မာစာ) +

ပရဟိတအစ်မ

ကျောင်းအစ်မ
တန်ဆောင်းအစ်မ..စတဲ့..စတဲ့...
ကုသိုလ်ရှင်ဂုဏ်ပုဒ်တွေသာမက
အဘတို့ ဇနီးတွေကလည်း အစ်မ..

အစ်မတကာတို့ ပြုနိုင်ခဲတဲ့ကောင်းမှု
ပြည်သူလူထုလူနေမှုဒုက္ခအပေါင်းအစုမှ
ကူကယ်ရာအထွေထွေပြုနေလေတဲ့ အစ်မ ..

ကျွန်တော်တို့ ရဲ့ အစ်မ
အစ်မ ဆရာမသန်းမြင့်အောင်

အဲ့ဒီအစ်မ တစ်ယောက်ကိုတော့ဖြင့်
အထူးပြုခေါ်ဆိုထိုက်ရာ
ဂုဏ်ပြုအမည်သညာပေးဖို့ 
ကဗျာရေး
အလေးအနက်တွေးမိတဲ့အခါ

လူကြမ်းတွေကောင်းမှုနဲ့ 
မင်းသမီးတွေအကယ်ဒမီရနေကြတာလားတဲ့

ဟုတ်ကဲ့..

ပြည်သူ့ ဂုဏ်ရည်ဆု
ဂုဏ်ပြုအမှတ်တရ
အစ်မ ပြောကြားခဲ့တဲ့စကား
ပြည်သူ့ ကိုယ်စား
ဝေဒနာဖြေသာစေရုံမျှ
ဟဒယနှလုံးရွှင်ပြုံစေလိုလှတဲ
စိတ်ရင်းစေတနာအခံ
ပြည်သူ့ အသံအစစ်အမှန်ပဲမဟုတ်ပါလား

ပြည်သူချစ်ကြတဲ့မင်းသမီးတွေ
အကယ်ဒမီအထပ်ထပ်မရရင်နေပါစေ
ထပ်တလဲလဲအခန်းဆက်ရိုက်ချင်နေကြတဲ့
လူကြမ်းကြီးတွေရဲ့ 
ဇာတ်ကြမ်းတွဲတွေ
တစ်ခန်းရပ်မက
တစ်ဇာတ်လုံးသိမ်းသွားစေချင်ကြတာလည်း
ပြည်သူ ဆန္ဒအစစ်အမှန်ပဲမဟုတ်ပါလား

အစစ်အမှန်တွေသာ
တစ်ခေတ်ဖြစ်လာသင့်ချိန်မို့ 
ပြည်သူတို့ ဂုဏ်ရည်
ထင်ဟပ်လေတဲ့
ပြည်တော်ချစ်တွေရဲ့ 
ထိုက်ထိုက်တန်တန်ဂုဏ်ပြုခံပွဲကို
တစ်ခဲနက်သြဘာပေးလိုကြတာလည်း
ပြည်သူ့ သဘောထားအစစ်အမှန်ပဲမဟုတ်ပါလား

မင်းသားခေါင်း
ဆောင်းထားသူတွေလောက်တော့
ဘီလူးခေါင်းဆောင်းလျှက်နဲ့ တောင်
လှနိုင်ခဲ့သေးတဲ့အစ်မ
တစ်ခါက ဂမ္ဘီအက နဲ့ 
သုခုမ အနုပညာအလှ။

ဖိနှိပ်မှုတွေနဲ့ တစ်ခေတ်
စာပေဆုနှင်းသဘင်တွေရေတိမ်နစ်ခဲ့တဲ့
အကာလအမှောင်တွင်းမှာတောင်
အမျိုးသားစာပေဆုရနိုင်ခဲ့သေးတဲ့အစ်မ
သဏ္ဍာန်မဲ့ထုထည် နဲ့ 
ရသ အလင်္ကာအလှ။

ပြည်သူလူထုလူနေမှုဒုက္ခအပေါင်း
သက်သာရာသက်သာကြောင်း
စိတ်ရင်းစေတနာကောင်းနဲ့ ပေးဆပ်
အနစ်နာခံဆောင်ရွက်နေတဲ့အစ်မ
ပြည်သူ့ ဂုဏ်ရည်ဆုနဲ့ 
လူမှုအကျိုးပြု ပရဟိအလှ။

အနုပညာသာမက
အလုံးစုံလှတဲ့
နှလုံးသားအလှတရားအပေါ်
မေတ္တာတရားအယဉ်ဆင်တဲ့ အစ်မ
မေတ္တာရှင်စံပြပရဟိတဆုရတဲ့အစ်မ

ဝဋ်နာကံနာဝေဒနာရှင်တွေကိုဖေးမ
HIV/AIDS ရောဂါကာကွယ်တားဆီးရေးနဲ့ 
အနာကြီးရောဂါသည်တွေအားကိုးရာအစ်မ

စိတ်ရောဂါအထူးကုဆေးရုံကြီးမှာ
စိတ်ကုထုံးသစ်တွေဖွေရှာ
စိတ်ရောဂါသည်များအားထားရာအစ်မ

အောင်ဖောင်ဒေးရှင်း
လူမှုဝန်းကျင်ပရဟိတသင်တန်းကျောင်းနဲ့ 
လူမှုရေးမျိုးဆက်သစ်တွေမွေးထုတ်တဲ့အစ်မ

HIV/AIDSကူးဆက်ခံကလေးသူငယ်တို့ အရေး
ခိုကိုးရာမဲ့နာမကျန်းသက်ကြီးရွယ်အိုဘိုးဘွားတို့ အရေး
သုခရိပ်မြုံမွေးမြူ ၊ဆည်းဆာရိပ်ဖေးကူ
တစ်မြေခြားတစ်ရေခြားကလူငယ်များနဲ့ 
နှလုံးလှသွေးအလှူရဲ့ နာယကအစ်မ
ကမ္ဘာကျော်လူမှုရေးရှေ့ ဆောင်အသင်းကြီး
နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဒုတိယဥက္ကဋ္ဌ
ကျွန်တော်တို့ ရဲ့ အစ်မ
အစ်မ ဆရာမသန်းမြင့်အောင်
အဲ့ဒီအစ်မ တစ်ယောက်ကိုတော့ဖြင့်
အစ်မတကာတို့ ပြုနိုင်ခဲတဲ့ကောင်းမှု
ပြည်သူလူထုလူနေမှုဒုက္ခအပေါင်းအစုမှ
ကူကယ်ရာအထွေထွေပြုနေလေတဲ့ အစ်မပေမို့ 
အထူးပြုခေါ်ဆိုထိုက်ရာဂုဏ်ပြုအမည်သညာပေးဖို့ 
ကဗျာရေး
အလေးအနက်တွေးမိတဲ့အခါ
ပြည်သူ့ အသံ
ပြည်သူ့ ဆန္ဒ
ပြည်သူ့ သဘောထားနဲ့ တကွ
ပြည်သူ့ ဂုဏ်ရည်ဆုရ ပရဟိတအစ်မလို့ သာ
အားပါးတရဂုဏ်ပြုခေါ်ဆိုလိုက်ပါရဲ့ ခင်ဗျာ...။

ကိုမျိုး(မြန်မာစာ)

( ဂမ္ဘီအက=ရာမဇာတ်တော်မှနှမတော်ဂမ္ဘီ ဘီလူးခေါင်းဝတ်ဆင်ကခြင်း)
(လင်္ကာဒီပ ဘုရင် ဣရဏ္ဏပုသျှ ဘီလူးမင်း ၏ သမီးတော်ဂုန္ဓီနဲ့ 
ဝိဇ္ဇာထိုရ်တို့ ရဲ့ ရင်သွေး လေးဦးမှနို့ ညာသမီးဖြစ်ပြီးမွေးချင်းများမှာ
ရာဝဏ(ဒသဂီရိ)၊ ဘိဘိသန (ဘိဘိဇန)၊ ဂမ္ဘီ နဲ့ ဂုန္ဘီဂန္ဓ )

ဆရာမသန်းမြင့်အောင်ပုံတူပန်းချီကို
-ပန်းချီရည်မွန်(ယဉ်ကျေးမှုတက္ကသိုလ်)ရေးဆွဲပါတယ်

 

Photos credit to Ko Myo( Myanmarsar) and original uploaders.

Photos and poem are copied from following link:

https://www.facebook.com/kmyomyanmarsar/media_set?set=a.4535792090942.1073741910.1775291250&type=1

Last modified on Sunday, 10 August 2014 21:08
You are here: Home “ပရဟိတအစ်မ” ကဗျာ - ကိုမျိုး(မြန်မာစာ)