အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာဇော်မင်းဦး + ဒေါ်မြတ်မြတ်ခိုင်၊ ဒေါ်ကြူကြူဝင်း၊ ဒေါ်မူမူဝင်း၊ ဦးဇော်မြင့်ဝင်း + ဒေါ်လှရွှေ၊ ကိုဝေလဝင်း...
☮ ၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ☮
၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။ ကြေညာချက်အမှတ် ( ၂/၂ဝ၁၇ ) ရက်စွဲ - ၂၀၁၇ ခုနှစ် မေလ ၁ ရက်...
အဋ္ဌမအကြိမ်မြောက်  ပြည်သူ့ဂုဏ်ရည်ဆု  ကြေညာပွဲ အခမ်းအနား
အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲ အခမ်းအနား ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု ၂၀၁၇ ခုဧပြီလ ၂၈ တနင်္ဂနွေနေ့၊ နံနက် ၁၁း၀၀...
☮ အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇)၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက် ☮
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇) နေ့စွဲ - ၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက်   မြန်မာပြည်တွင်း၌...
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ ဒေါ်ခင်မမမျိုး (ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်) နှင့် ကိုဇော်ဇော်...
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင်
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင် အမေဇုန်အွန်လိုင်း(Amazon Online) ၏ အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်မှာ ဈေးဝယ်ရင်း...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ၂၀၁၇ ခု ဇန်နဝါရီလ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေ နတ်သမား တစ်ဦး၏...
အထူးဝမ်းနည်းကြေကွဲခြင်း
ဝမ်းနည်းကြောင်း သဝဏ်လွှာ... ၂၀၁၂ ခုနစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်း(Kachin Land News) သည် စက်တင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီတွင် မိုင်ဂျာယန်၌...
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်မှာ...
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ RFA သတင်း
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ် မေလ ၂၈ ရက် (စနေနေ့) အချိန် ။ ။ ညနေ ၄...
Saturday, 07 June 2014 20:02

“ပါဝင်ဆင်နွှဲ ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ(ရန်ကုန်)” ဆောင်းပါး - ဆန်းရှိုင်းမေ ၊ ၂ဝ၁၄ ခု ဇွန်လ (၇) ရက်၊

Written by  Sun Shine May

၂ဝ၁၄ ခုနှစ်၊ ဇွန်လ ၁ ရက်(တနင်္ဂနွေ)နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း၊ အမှတ် ၂၂၁/၂၂၃ ရှိ တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဘို့ အခွင့် အရေး ရခဲ့ပါတယ်။

အခမ်းအနား မစတင်မီ ၁၅မိနစ်အလို ၁၃း၄၅ မိနစ်မှာ ရောက်ရှိသွားပါတယ်။

ခန်းမဆီ မတက်ခင် လှေကားရင်းမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးဘို့ စာအုပ်တွေ့တာနဲ့၊ ဝမ်းသာသွားပါတယ်။ မြန်မာနိုင်ငံသားတဦးအနေနဲ့ လုပ်သင့်တယ်လို့ သဘောပေါက်ထားတဲ့ ရင်ထဲကဆန္ဒကို ကလောင်ဖျားကတဆင့် လက်မှတ်တခုကို လိုလိုလားလားထိုးခွင့် ရလိုက်ပါတယ်။

ပွဲတခုလုံးလည်း လူငယ်အများစုနှင့် တက်ကြွလှုပ်ရှားနေပါတယ်။ ပန်းစကားအဖွဲ့က ဝေတဲ့ နှင်းဆီနီ တပွင့်၊ သင့်တော်မည့်နေရာမှာ ကပ်ရန် ပန်းစကား ဆောင်ပုဒ်ပါ စတစ်ကာ(sticker) တခု၊ အဝါရောင်လက်ပတ် တခုရပါတယ်။ stickerမှာ ပါတဲ့ ဆောင်ပုဒ်က “လူသားအချင်းချင်း အမုန်းမပွားဘို့ ငါတို့နှုတ်ကို စောင့်စည်းစို့” တဲ့။ ကောင်းလိုက်တဲ့ရည်ရွယ်ချက်၊ အချိန်အခါနှင့် လိုက်လျောညီထွေ ကွက်တိပါဘဲ။နှုတ်မစောင့်တော့ - အမုန်းပွား၊ သံသယထားပြီး လက်ပါ၊ ပါလာတာမို့ အမှိုက်ကစ ပြာသာဒ်မီးလောင် ထိမ်းသိမ်းရခက်တဲ့ အခြေအနေမျိုး ရောက်ကုန်ပါတယ်။

အခုတလော နှုတ်မစောင့်၊ လက်မစောင့်တာတွေ၊ ရိုင်းစိုင်းတဲ့ အပြောတွေ၊ facebookပေါ်မှာ တွေ့နေရတာ စိတ်မသက်မသာ ဖြစ်နေချိန်မှာ အခုလို ပန်းစကားအဖွဲ့မျိုးတွေရဲ့ လုပ်ဆောင်ချက်တွေ တွေ့ရတော့ စိတ်သက်သာရာ ရသွားပါတယ်။ ဒီလို လုပ်ဆောင်ချက်မျိုးတွေဟာ လူတွေကြားမှာ လူယဉ်ကျေးများ တိုးပွားစေပြီး၊ သွယ်ဝိုက်သောနည်းနှင့် ပဋိပက္ခတွေကို ငြိမ်းအေးစေမှာမို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်များ ကောင်းမွန်လှတဲ့ ဒီလိုအဖွဲ့အစည်းတွေ လုပ်ဆောင်ချက်တွေ များများပေါ်ပေါက်ပါစေလို့ ဆုတောင်းမိပါတယ်။
One More အဖွဲ့ရဲ့ လူတဦး၊ တလ၊ တထောင် စုဆောင်းတာက တဦးချင်းအတွက် ဘာမှဝန်ထုပ်ဝန်ပိုး မဖြစ်ပေမဲ့ တထောင်အများစုတော့ ထုပ်ထုပ်ထည်ထည် လှူနိုင်တာမို့ ဒီရည်ရွယ် လုပ်ဆောင်ချက်ကလဲ ချီးကျူးစရာပါ။ “နည်းယောင်းများယောင်း တစလောင်း” ဆိုသကဲ့သို့ မိမိအသုံးစရိတ်မှ အသပြာတထောင်ထည့်ဝင်ရုံနှင့် စုပေါင်းအလှူကြီး လုပ်နိုင်တာ ဝမ်းသာစရာပါ။
မိမိပတ်ဝန်းကျင်မှာ တနိုင်တပိုင် လုပ်နိုင်တာလေးက စပြီး အချိန်တိုအတွင်း အများအကျိုးပြုကွန်ရက်ကြီးတခု ဖြစ်လာတဲ့အထိ စွမ်းဆောင်နိုင်တဲ့ လူမူရေး သမား လူငယ် မခင်နှင်းကြည်သာကို အထူးဆုပေးတော့ - သူ့မိခင်၊ ဖခင်တို့၏ ဂုဏ်ယူအပြုံးက လူငယ်လူရွယ် သားသမီးရှိ မိဘများအတွက် အားကျဖွယ်ပါ။ မိဘတွေက ဒီလို လူငယ်ပရဟိတသမားတွေ အများကြီး ပြုစု ပျိုးထောင်ပေးနိုင်ရင် အနာဂတ် မြန်မာနိုင်ငံအတွက် အားတက်ဖွယ်၊ စိတ်အေးဖွယ်ပါ။
“အပြောလွယ်သလောက် အလုပ်ခက်တဲ့” ပရဟိတ အလုပ်ကို နေ့စဉ် ရက်ဆက် နှစ်ရှည် လများ၊ သယ်ပိုး၊ ထမ်းဆောင်ခဲ့တဲ့ နာရေးကူညီမှုအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်ကို - ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ဖို့ ကြေငြာလိုက်ချိန်မှာတော့ လက်ခုပ်သံ ဘဝဂ်ညံသွားပါတယ်။ လူမှုရေးလုပ်ငန်းများကို ငြိုငြင် နှောက်ယှက်မူများကြားမှ ရပ်တည်ချက်မှန်မှန်နှင့် ချို့ချို့တဲ့တဲ့
စတင် ဆောင်ရွက်ခဲ့ရတဲ့ လူမှုသူရဲကောင်း ဒေါ်သန်းမြင့်အောင်ရဲ့ လုပ်ဆောင်ချက် အကျဉ်းချုပ်ကို slideထိုး ပြသချိန်မှာတော့ -
နာရေးကူညီမူအသင်း(ရန်ကုန်) စတင်ထူထောင်စဉ်ကထဲက ပါဝင်ဆောင်ရွက်ခဲ့သူ၊ သုခရိပ်မြုံ အေအိုင်ဒီအက် ကူးစက်ခံ ကလေးသူငယ်များ စောင့်ရှောက်ရေးဂေဟာကိုတည်ထောင်သူ၊ ဆည်းဆာရိပ် သက်ကြီးရွယ်အို ဂိလာနများစောင့်ရှောက်ရေးဂေဟာ ကို ထူထောင်သူ၊ လူငယ်စာရိတ္တမြှင့်တင်ရေးနှင့် ပညာရေးခိုင်မာမြင့်မားဘို့ အောင်မြေပညာဒါနကျောင်း၊ မရမ်းချောင် ပညာရေးထောက်ပံ့မှု အဖွဲ့ ဆောင်ရွက်နေသူ စသဖြင့် - ကိုယ်ကျိုးစီးပွားမပါ အများအကျိုး နေ့စဉ်ရက်ဆက် ဆောင်ရွက်နေ သူ ဖြစ်တဲ့ ဒေါ်သန်းမြင့်အောင်အကြောင်း ကြားသိရတော့ ဒို့နိုင်ငံမှာလည်း မာသာထရီဇာလို ပုဂ္ဂိုလ်မျိုးတွေရှိနေပြီဘဲ - ဟု လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူ ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။
ဒေါ်သန်းမြင့်အောင်ရဲ့ကျေးဇူးတင်စကားမှာ ပါသလို အသက်အရွယ်အရ ကျွန်မတို့ လုပ်နိုင်ရင် နောက် ၁၅ နှစ်ပေါ့။ အထူးဆုရ ခင်နှင်းကြည်သာတို့လို မျိုးဆက်သစ် ငယ်ရွယ်သူတွေက နောင် နှစ်ပေါင်းများစွာ လုပ်နိုင်မှာဖြစ်ပါတယ်တဲ့။ ရှေ့ကဦးဆောင်ခဲ့ ဦးဆောင်ဆဲ ဦးကျော်သူ၊ ဒေါ်သန်းမြင့်အောင်တို့နောက် ခင်နှင်းကြည်သာ တို့လို မျိုးဆက်သစ်များစွာ ပရဟိတအလုပ်ကို စိတ်ဝင်စားစွာ ဇွဲရှိရှိ ဆက်လက် လုပ်ကိုင်ဖို့လိုပါတယ်။
ချီးမြှင့်ထိုက်သူကို ချီးမြှင့်ရတာ မင်္ဂလာတရားတော်အတိုင်း ဖြစ်ပါတယ်။ ဒါကြောင့် အခက်အခဲ အမျိုးမျိုးကြားမှ အမိမြေမှ ပရဟိတ သူရဲကောင်းများကို စောင့်ကြည့် ရွေးချယ် လေးလေးစားစား အသိအမှတ်ပြု ဂုဏ်ပြုဆုတွေပေးတဲ့ ပြည်ပရောက် အလှူရှင်များ ကိုယ်စား ပဉ္စမအကြိမ်အထိ ဆုချီးမြှင့်ပွဲစီစဉ်တဲ့ စေတနာ့ဝန်ထမ်း ပွဲစီစဉ်သူများကိုလည်း မချီးမွမ်းပဲ မနေနိုင်ခဲ့ပါ။
အမိမြေမှာ မိဘပြည်သူတွေရှေ့မှာ ကိုယ်ထိလက်ရောက်(အဝေးရောက်မဟုတ်) ဆုတွေပေးနိုင်ခဲ့တဲ့ အခွင့်အရေးမျိုး ရရှိခဲ့တာလည်း ဝမ်းသာစရာပါ။
ဒါကြောင့် ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ကိုယ်စီရှိကြသော အလှူရှင်တွေ၊ ဆုချီးမြှင့်သူတွေ၊ ဆုလက်ခံမဲ့ မြန်ပြည်သားတွေ အတွက် -  ပြည်သူ့ဂုဏ်ရည်အဖွဲ့ နောင်အရှည်တည်တံ့ပါစေ။ မြန်မာပြည်သား နောက်ထပ် ဆုလက်ခံမည့် မျိုးဆက်သစ် ခင်နှင်းကြည်သာများ - များများ ပေါ်ပေါက်ပါစေ။
ကျန်ရှိနေသေးတဲ့ အမိမြန်မာပြည်မှ ရွက်ပုန်းသီး ပရဟိတအဖွဲ့များကိုလည်း - “သင်သေသွားသော် သင်ဖွားသောမြေ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏” ဆိုသော ဆရာဇော်ဂျီ၏ ကဗျာထဲကလို ဘယ်သူသိသိ မသိသိ အများသိ ကိုယ်သိတဲ့ သမိုင်းမှတ်ကျောက်တင်တဲ့ အလုပ်များ ဆထက်တပိုး လုပ်နိုင်ကြပါစေလို့ ဆုပေးပွဲ တက်ရင်း မုဒိတာပွား ဆုတောင်းများလည်း တောင်းမိပါတယ်။

Last modified on Saturday, 07 June 2014 20:28
You are here: Home “ပါဝင်ဆင်နွှဲ ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ(ရန်ကုန်)” ဆောင်းပါး - ဆန်းရှိုင်းမေ ၊ ၂ဝ၁၄ ခု ဇွန်လ (၇) ရက်၊