အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာဇော်မင်းဦး + ဒေါ်မြတ်မြတ်ခိုင်၊ ဒေါ်ကြူကြူဝင်း၊ ဒေါ်မူမူဝင်း၊ ဦးဇော်မြင့်ဝင်း + ဒေါ်လှရွှေ၊ ကိုဝေလဝင်း...
☮ ၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ☮
၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။ ကြေညာချက်အမှတ် ( ၂/၂ဝ၁၇ ) ရက်စွဲ - ၂၀၁၇ ခုနှစ် မေလ ၁ ရက်...
အဋ္ဌမအကြိမ်မြောက်  ပြည်သူ့ဂုဏ်ရည်ဆု  ကြေညာပွဲ အခမ်းအနား
အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲ အခမ်းအနား ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု ၂၀၁၇ ခုဧပြီလ ၂၈ တနင်္ဂနွေနေ့၊ နံနက် ၁၁း၀၀...
☮ အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇)၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက် ☮
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇) နေ့စွဲ - ၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက်   မြန်မာပြည်တွင်း၌...
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ ဒေါ်ခင်မမမျိုး (ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်) နှင့် ကိုဇော်ဇော်...
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင်
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင် အမေဇုန်အွန်လိုင်း(Amazon Online) ၏ အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်မှာ ဈေးဝယ်ရင်း...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ၂၀၁၇ ခု ဇန်နဝါရီလ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေ နတ်သမား တစ်ဦး၏...
အထူးဝမ်းနည်းကြေကွဲခြင်း
ဝမ်းနည်းကြောင်း သဝဏ်လွှာ... ၂၀၁၂ ခုနစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်း(Kachin Land News) သည် စက်တင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီတွင် မိုင်ဂျာယန်၌...
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်မှာ...
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ RFA သတင်း
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ် မေလ ၂၈ ရက် (စနေနေ့) အချိန် ။ ။ ညနေ ၄...
Friday, 26 October 2012 14:17

“ပန်းခရမ်းပြာရဲ့အိပ်မက်များကိုကြိုဆိုခြင်း” သန်းနိုင်(ပြည်သူ့ဂုဏ်ရည်-ဖလော်ရီဒါဋ္ဌာနခွဲ)

 

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလများက မြန်မာပြည်မှာ စာပေ၊ ဂီတစတဲ့အနုပညာရှင်များကို ဖန်တီး သူတို့ရဲ့ စာပေနဲ့အနုပညာတင်ဆက်မှုများမှာသာ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ကြရတာများပါတယ်။
အခုခေတ်မှာတော့ တကယ်တမ်းပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေအတွက် ခံစားကူညီရာမှာ တနည်းအား ဖြင့် ပြည်သူကိုတိုက်ရိုက်အလုပ်အကြွေးပြုတဲ့နေရာမှာ အထင်ကရအနုပညာရှင်များကို ထင်ထင်ရှားရှားမြင် လာကြရပါတယ်။
အမိမြန်မာနိုင်ငံကြီးဆင်းရဲဒုက္ခထဲရောက်နေတဲ့ကာလတွေမှာ ခိုကိုးရာမဲ့ခဲ့တဲ့ခလေးတွေ HIVရောဂါရခဲ့ တဲ့ခလေးတွေ ပညာရေးမရရှိနိုင်တဲ့ခလေးတွေ ကယ်သူမဲ့ဘ၀များစွာရှိလာခဲ့ရပါတယ်။ သက်ကြီးရွယ်အိုများရဲ့ ထောက်တည်ရာမဲ့ဘ၀တွေနဲ့ ဆင်းရဲဒုက္ခများစွာခံစားနေကြရပါတယ်။ ထိုများစွာသောဘ၀တွေကို စာနာမှုနှလုံး သားနဲ့လက်တွေ့ကူညီမှုတွေနဲ့ စာရေးဆရာမဒေါ်သန်းမြင့်အောင်က နေ့စဉ်ကူညီစောင့်ရှောက်ပေးလို့ အားကိုး ရာမဲ့ဘ၀များ အေးချမ်းမှုရရှိခဲ့ကြပါတယ်။
တစ်ဦးချင်းသာမကဘဲ စိတ်တူကိုယ်တူလုပ်ဖော်ကိုင်ဘက်များနဲ့အတူ သုခရိပ်မြုံ (HIV ကလေးများ စောင့်ရှောက်ရေးဂေဟာ)၊ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ၊ ‘အောင်မြေ’ ပညာဒါနကျောင်း နဲ့ နာရေး ကူညီမှုအသင်း(ရန်ကုန်) စတဲ့စေတနာ့ဝန်ထမ်းလူမှုကူညီရေးတွေကိုလုပ်ကိုင်နေတာကိုတွေ့ရပါတယ်။
စာရေးဆရာမဒေါ်သန်းမြင့်အောင် (ဒု-ဥက္ကဌ နာရေးကူညီမှုအသင်း၊ ရန်ကုန်) ကိုလှိုက်လှဲစွာကြိုဆိုပါ တယ်။
တက္ကသိုလ်ပုရ၀ုဏ်နဲ့စင်မြင့်ဖျော်ဖြေပွဲတွေမှာ ရေပန်းစားလှတဲ့ “ပန်းခရမ်းပြာ”သီချင်းကို ရေးသားခဲ့သူ က တေးရေးဆရာ ကိုရဲလွင် (မဇ္ဈိမလှိုင်း) ဖြစ်ပါတယ်။
မေတ္တာတရားကိုရေးဖွဲ့တဲ့သီချင်းတွေနဲ့ နာမည်ကျော်ကြားတဲ့ တေးရေးဆရာတဦးအဖြစ် ကျနော်တို့သိ ခဲ့ကြပါတယ်။
သူရေးစပ်တဲ့သီချင်းတွေနဲ့အတူ သူကိုယ်တိုင်မေတ္တာတရားတွေဖော်ပြခဲ့တာကို “ငြိမ်းချမ်းရေးအတွက် ပန်းရဲ့လမ်း”မှာ အထင်အရှားတွေ့မြင်ရပြီဖြစ်ပါတယ်။
ပြည်သူတွေရဲ့ဒုက္ခကို အနုပညာနဲ့ကူညီရာမှာ စင်မြင့်ပေါ်မှာသာမဟုတ်ဘဲ နယ်ပေါင်းစုံက လက္ဘက် ရည်ဆိုင်တွေမှာလဲ ကိုယ်တိုင်တီးခတ်သီဆိုပြီးအလှူငွေရှာပေးခဲ့သူဖြစ်ပါတယ်။
လူထုအချစ်တော် ဂီတပညာရှင် ကိုရဲလွင် (မဇ္မျိမလှိုင်း) ကိုလှိုက်လှဲစွာကြိုဆိုပါတယ်။
ကိုယ်ပိုင်သံစဉ်များကိုချစ်မြတ်နိုးသူ ဘ၀သီချင်းတွေရေးစပ်သီဆိုသူလို့ နာမည်ကျော်ကြားသူကတော့ ကိုဆောင်းဦးလှိုင်ဖြစ်ပါတယ်။
နာရေးကူညီမှုအသင်းနဲ့လူမှုရေးလုပ်ငန်းများ ၊ HIV/AIDS လူနာများအတွက် ရံပုံငွေဂီတပွဲများမှာ သာမက ၊ တကိုယ်တော်ဂီတဖျော်ဖြေမှုနဲ့ “နှလုံးသားတွေလှူမယ့်ည” ပိုင်ရှင်တဦးဖြစ်ခဲ့တဲ့ တေးရေး တေးဆို နိုင်ငံကျော်အဆိုတော် ကိုဆောင်းဦးလှိုင် ကိုတွေ့မြင်ကြရပါတယ်။
အဆိုတော်ဆောင်းဦးလှိုင် ဟာ “နှလုံးသားတွေလှူမယ့်ည” တကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပြည်သူတွေရဲ့ အလှူငွေပေါင်း (၁၂၆)သိန်းရရှိခဲ့ပြီးတော့ ရရှိတဲ့ငွေတွေကို နာရေးကူညီမှုအသင်း၊ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့တွေကို ပြန်လည်လှူဒါန်းခဲ့ပါတယ်။
စေတနာ့ဝန်ထမ်း နိုင်ငံကျော်အဆိုတော်ဆောင်းဦးလှိုင်ကို လှိုက်လှဲစွာကြိုဆိုပါတယ်။
စာပေနဲ့ဂီတအနုပညာရှင်(၃)ဦးရဲ့ အမေရိကန်ခရီးစဉ်မှာ အမေရိကန်ကမြန်မာမိသားစုတွေရဲ့အလှူငွေ ကိုလည်း ရခိုင်ပြည်နယ်နဲ့ကချင်ပြည်နယ်တွေက လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပေးလှူသွားမယ်လို့ ကြိုတင်ပြောထားပြီးဖြစ်ပါတယ်။ အမိမြန်မာပြည်နဲ့ ကျနော်တို့ရဲ့တိုင်းရင်းသားမြန်မာပြည်သားအားလုံးရဲ့ အနာ တရတွေကိုဖေးမကူညီဖို့အတွက် ကျနော်တို့အားလုံးမှာလဲတာဝန်ရှိပါတယ်။
“ပန်းခရမ်းပြာရဲ့အိပ်မက်များ”ဆိုတာ တကယ်တော့ကျနော်တို့အားလုံးရဲ့အိပ်မက်များလည်းဖြစ်ပါတယ်။ ကျ နော်တို့ရဲ့အိပ်မက်ပိုင်ရှင်များကို ၀မ်းမြောက်ဝမ်းသာကြိုဆိုကြဖို့ ကျနော်တို့အဆင်သင့်ဖြစ်နေကြပါပြီ။

သန်းနိုင်
ပြည်သူ့ဂုဏ်ရည်အသင်း
ဖလော်ရီဒါဌာနခွဲ

Last modified on Sunday, 30 November 2014 09:16
You are here: Home “ပန်းခရမ်းပြာရဲ့အိပ်မက်များကိုကြိုဆိုခြင်း” သန်းနိုင်(ပြည်သူ့ဂုဏ်ရည်-ဖလော်ရီဒါဋ္ဌာနခွဲ)