အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာဇော်မင်းဦး + ဒေါ်မြတ်မြတ်ခိုင်၊ ဒေါ်ကြူကြူဝင်း၊ ဒေါ်မူမူဝင်း၊ ဦးဇော်မြင့်ဝင်း + ဒေါ်လှရွှေ၊ ကိုဝေလဝင်း...
☮ ၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ☮
၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။ ကြေညာချက်အမှတ် ( ၂/၂ဝ၁၇ ) ရက်စွဲ - ၂၀၁၇ ခုနှစ် မေလ ၁ ရက်...
အဋ္ဌမအကြိမ်မြောက်  ပြည်သူ့ဂုဏ်ရည်ဆု  ကြေညာပွဲ အခမ်းအနား
အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲ အခမ်းအနား ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု ၂၀၁၇ ခုဧပြီလ ၂၈ တနင်္ဂနွေနေ့၊ နံနက် ၁၁း၀၀...
☮ အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇)၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက် ☮
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇) နေ့စွဲ - ၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက်   မြန်မာပြည်တွင်း၌...
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ ဒေါ်ခင်မမမျိုး (ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်) နှင့် ကိုဇော်ဇော်...
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင်
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင် အမေဇုန်အွန်လိုင်း(Amazon Online) ၏ အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်မှာ ဈေးဝယ်ရင်း...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ၂၀၁၇ ခု ဇန်နဝါရီလ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေ နတ်သမား တစ်ဦး၏...
အထူးဝမ်းနည်းကြေကွဲခြင်း
ဝမ်းနည်းကြောင်း သဝဏ်လွှာ... ၂၀၁၂ ခုနစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်း(Kachin Land News) သည် စက်တင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီတွင် မိုင်ဂျာယန်၌...
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်မှာ...
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ RFA သတင်း
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ် မေလ ၂၈ ရက် (စနေနေ့) အချိန် ။ ။ ညနေ ၄...
Thursday, 15 March 2012 00:23

အကြွေးပိုင်ရှင် ဒေါက်တာစောဝါးထူး

Written by  Law Eh Soe
ဒေါက်တာစောဝါးထူး ဒေါက်တာစောဝါးထူး ဓာတ်ပုံ - လောအယ်စိုး

            “ဆရာ ထမင်းစားနေပါတယ်။ ခဏစောင့်ပါဦး”
            “ဟုတ်ကဲ့.. ဟုတ်ကဲ့ ရပါတယ်အစ်မ။ ကျမ စောင့်ပါ့မယ်”
            “ဟေ့..လူနာကို မစောင့်ခိုင်းပါနဲ့။ ငါ ဆင်းလာခဲ့မယ်”

            ထမင်းစားဖို့ ကျနော်တို့ စားပွဲပေါ်တွင် ထိုင်စရှိသေးသည်။ အန်ကယ်တို့ ဇနီးမောင်နှံ ဓာတ်ပုံကို ကျနော်ရိုက်ပေးပြီး ၀တ်ထားသော ကရင်အမျိုးသား အင်္ကျီနှင့် ခေါင်းပေါင်းတို့ကိုပင် မချွတ်ရသေး၊ ထမင်းဝိုင်း အဆင်သင့်ဖြစ်ပြီဟု ၎င်း၏ တူမဖြစ်သူက ပြောသောကြောင့် ကျနော်တို့ ထမင်းစားကြရန်ဖြစ်သည်။            အားလုံးကလည်း အရမ်းဆာနေကြပြီလေ။ ဒေါက်တာစောဝါးထူးတယောက် ထမင်းစားခန်းမှ အိမ်ဘေးကပ်လျက်ရှိ ဆေးခန်းသို့ အပြေးကလေး ဆင်းသွားသည်။

            “သမီးတို့ ဘယ်မှာနေကြလဲ”
            “မုဒုံနားက ရွာကပါ”
            “ဒီ အနာကို ဆေးမလိမ်းခင် ဂွမ်းကို ရေနွေးဆွတ်ပြီး ဖွဖွလေး အရင် ဆေးနော်”
            “ဟုတ်ကဲ့ပါ ဆရာ”
            “သူတို့ခမျာ အဝေးကြီးက လာရတာကွ။  ငါ ထမင်းစားနောက်ကျလို့ ဘာမှမဖြစ်ပါဘူး” ဟု ပြောရင်း လက်ကို တစ်ခါပြန်ဆေးကာ သူ ထမင်းဝိုင်း ပြန်ဝင်လာပါသည်။

            တခါ ၎င်း၏ အိမ်ရှေ့ဧည့်ခန်း၌ မွန်လူမျိုး ဗုဒ္ဓဘာသာရဟန်းတစ်ပါးက သူ့အား ရင်းနှီးခင်မင်စွာဖြင့် ပခုံးကို ဖက်ထားပြီး အလွန်ကျေးဇူးတင်ကြောင်း နှုတ်ကလည်း မွန်သံဝဲ၀ဲဖြင့် ပြောနေတာ တွေ့ရပြန်သည်။

            “ဘုန်းဘုန်း အနာကျက်ပြီဆိုပြီး ဒီအတိုင်း မနေနဲ့ ။ ဆေးကို ဆက်စားပါ”
            “အေးပါ .. ဒကာ ဆရာဝန်ကြီးရယ်”
             ၎င်းတို့ ပုဂ္ဂိုလ်နှစ်ဦး ပြုံးရွှင်စွာဖြင့် မြင်ရသော မြင်ကွင်းသည် အလွန်ကြည်နူးစရာ ကောင်းလှပေစွ။
            “ဘာပဲလုပ်လုပ် ချစ်ခြင်းမေတ္တာ စေတနာနဲ့ လုပ်ရတယ် ငါ့မောင်ရ”
            “ဟုတ်ကဲ့ပါ အန်ကယ်”
            ၎င်း၏ နေအိမ်မှ ကျနော်တို့ နှစ်ဦး သူ၏ ဆေးခန်းရှိရာ မော်လမြိုင်မြို့ထဲသို့ အသွား -
            “ငါ ဒီဆေးရုံကြီး ရောက်ပြီး နှစ်ပေါင်းအစိတ်ကျော်မှ ဒီကားကို ရတာ”
လို့ အန်ကယ်ထူးဝါးက ကားမောင်းရင်း ပြောပြသည်။ အန်ကယ်ထူးဝါး ပြောပြတာကို နားထောင်ရင်း ကျနော်လမ်းဘေးကို အမှတ်တမဲ့ ကြည့်လိုက်မိသည်။ ကျနော်တို့ ကားဘက်သို့  ဦးခေါင်းညွတ်၍ အရိုအသေပြုနေသော သူတောင်းစားအဘိုးကြီးတစ်ဦး။ ကျနော်က ထိုသူတောင်းစား အဘိုးကြီးကို ကြည့်နေသည်ကို အန်ကယ်ထူးဝါးက ရိပ်မိသွားပုံရသည်။

            “ သြော်…အေးအေး ငါ့ကား ဖြတ်သွားရင် ဒီလိုပဲ သူတို့တတွေ လုပ်ကြတယ်။ ဒီလမ်းဘေးတလျှောက်မှာရှိတဲ့ သူတောင်းစားတွေ ငါ ခြေထောက် ဆေးမပေးသေးဖူးတဲ့ သူတောင်းစား တစ်ယောက်မှ မရှိဘူးကွ”
            အမှန်ပါ။ ၎င်းသည် လူအများ ရွံရှာသော အနာကြီးရောဂါသည်များကို နှစ်ပေါင်း ၃၀ ကျော်ကြာကြာ ခြေထောက်ဆေး၍ ပြုစုပေးခဲ့သော၊ ကျနော် ရင်ထဲမှ ချစ်ခင်လေးစားသော မိတ်ဆွေ ဒေါက်တာ စောဝါးထူး ဖြစ်ပါသည်။ မိတ်ဆွေဟု ခေါ်လိုက်သည်ကို ရိုင်းသည်ဟု မထင်ပါနှင့်။ အန်ကယ်သည် ကျနော်၏ ဖခင်ထက် ၅ နှစ်ခန့်သာ ငယ်ပါသည်။ သို့သော် အန်ကယ်သည် ကျနော့်အား ၎င်း၏သားပမာ ချစ်သလို မိတ်ဆွေတစ်ဦးကဲ့သို့လည်း လွန်စွာရင်းနှီးသောသူတစ်ဦးပါ။

            “ငါတို့ ကရင်တွေ ကြိုးစားရမယ်ကွ။ လူတွေကို လူမျိုး ဘာသာ မခွဲဘဲ များများလူတွေ အကျိုးပြုနိုင်အောင်လုပ်ရမယ်ကွ” ဟူ၍ ကျနော့်ကို ပြောလေ့ရှိသည်။
            “မောင်နှမကလည်း များ။ အဖေကလည်း ကျောင်းဆရာဆိုတော့ ငါတို့တတွေ လွိုင်လင်မှာပဲ ဆင်းဆင်းရဲရဲနဲ့ပဲ ကြီးခဲ့ကြတယ်။ အေး .. ဒါပေမယ့် ငါကတော့ ကြီးလာရင် ပညာတတ်ကြီးတစ်ယောက် ဖြစ်ချင်တာ အမှန်ပါပဲ။ ဆယ်တန်းအောင်တဲ့အထိ ဘယ်လိုလူမျိုးဖြစ်ချင်တယ် ဆိုတာ ပြင်းပြင်းထန်ထန် စိတ်ထဲမှာ မရှိခဲ့သေးပါဘူး။

ငါ ဆယ်တန်းအောင်ပြီး မကြာခင် တနေ့ လွိုင်လင်နားက ရွာလေးတစ်ရွာကို ငါသွားလည်တယ်။ အင်မတန်မှ ခင်စရာကောင်းတဲ့ ပအို့ဝ်မိသားစုတစ်စုရဲ့ အိမ်မှာ တည်းတာပေါ့။ သူတို့ ဇနီးမောင်နှံမှာ အင်မတန်မှ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေး နှစ်ယောက်ရှိတယ်။ ဒီကလေးလေး နှစ်ယောက်က ငါ့ကိုခင်တယ်။ ငါလည်း သူတို့နှစ်ယောက်ကို အရမ်းချစ်တယ်။
အဲ့ဒီ အိမ်မှာ တည်းနေတုန်း အမြွှာညီမလေးထဲက တစ်ဦး ညဦးပိုင်းမှာ အပြင်းအထန်ဖျားတယ်။ မိဘတွေခမျာ အရမ်းစိုးရိမ်ပြီး ဆေးမြီးတိုတွေနဲ့ ကုတယ်။ မြို့နဲ့လည်း အတော့်ကို လှမ်းတာကိုး။ ငါလည်း ဒီလိုပဲ လူးလှိမ့်ပြီး ညည်းညူနေတဲ့ ကလေးမလေးကို ကြည့်နေရတာပေါ့။

အဲ့ဒီည အိပ်ရာဝင်ပြီး မနက် ငိုသံတွေကြားတာနဲ့ ငါ အိပ်ရာက နိုးလာတော့ အရမ်းချစ်စရာကောင်းတဲ့ ကလေးမလေး အလောင်းကို ငါမြင်လိုက်ရတယ်။
ငါ အရမ်းကို ကြေကွဲဝမ်းနည်းမိတယ်။ ဒီ ကလေးမလေးအတွက်ရော သူမိဘတွေအတွက်ရောပေါ့။ အဲ့ဒီမှာ ငါ ဘယ်လို ခံစားမိသလဲဆိုရင် … သြော် .. ငါသာ ဒီအချိန်မှာ ဆရာဝန်တစ်ယောက်သာ ဖြစ်ခဲ့ရင် ဒီကလေးမလေးရဲ့အသက်ကို  ကယ်နိုင်ခဲ့မှာပါ … လို့ ငါ တွေးမိ ခံစားမိသွားတယ်”
ဟူ၍ သူ ဆရာဝန်တစ်ယောက် ဖြစ်ချင်ခဲ့ပုံကို ကျနော်အား မှတ်မှတ်ရရ နှစ်ခါ ပြောခဲ့ဖူးသည်။

            ဘ၀မုန်တိုင်းဂယက် လောကဓံအမျိုးမျိုး အခက်အခဲအမျိုးမျိုးကြားမှ အန်ကယ်စောဝါးထူးတစ်ယောက် သူအလွန်ဖြစ်ချင်လှသော ဆရာဝန်ဘ၀ကို ရရှိခဲ့ပြီး တဖန် သာမန်မဟုတ်သော မွန်မြတ်လှသည့် အစေခံခြင်းအလုပ် သို့မဟုတ် အနာကြီးရောဂါသည်များကို နှစ်ပေါင်း ၃၀ ကျော်ကြာကြာ ပြုစု ကုသပေးနိုင်ခဲ့သည်။ မေတ္တာ စေတနာ ဆရာဝန်ကြီးတစ်ယောက် အမှန်ပင် ဖြစ်ခဲ့ပါသည်။

            “သာမန် ဆေးရုံ ဆေးခန်းတွေကတော့ လူနာတွေ သူတို့တတွေရဲ့ ဝေဒနာတွေကနေ သက်သာပျောက်ကင်းပြီးရင် အိမ်ပြန်ကြတာပဲ။ ဒါပေမယ့် ငါ့လူနာတွေကတော့ သူတို့တတွေရဲ့ ဝေဒနာတွေ သက်သာသွားကြရင်တောင်မှ လူ့ပတ်ဝန်းကျင်ထဲ မပြန်ရဲကြတော့ဘူး။ ယုတ်စွအဆုံး သူတို့ မိသားစုဝင်တွေကတောင် အိမ်မှာမထားချင်ကြဘူးကွ။ အဲ့ဒါကြောင့် ငါ့လူနာတွေကို ဒီဆေးရုံက ဆင်းပြီး နေထိုင်စားသောက်နိုင်ရေးအတွက် အတတ်နိုင်ဆုံး စီမံပေးရတာပေါ့” ဟု ပြောပြပါသည်။

            ကျနော် မော်လမြိုင် တောင်ဝိုင်းအရပ်ရှိ အနာကြီးဆေးရုံကို ရောက်တိုင်း သတိထားမိသည်က ဆေးရုံ အနီးပတ်ဝန်းကျင်တ၀ိုက် ဝေဒနာသည်များနှင့် ၎င်းတို့ မိသားစုဝင်တို့ နေထိုင်ရာ တဲငယ်ကလေးများ …။

 နယ်မြို့ကလေးမှာ မွေးဖွားကြီးပြင်းခဲ့သော ဒေါက်တာစောဝါးထူးတွင် ပညာဂုဏ် မာန်မာန မရှိပါ။ အရေပြားရောဂါများကို ကုသရာတွင် ၎င်း၌ ဘုရားပေးသည့် အထူးဆု ကျေးဇူးရှိသည်။
            “တခြားဆရာဝန်တွေကလည်း ဒီဆေးပဲ၊ သူနဲ့ လာပြရင်လည်း ဒီဆေးပဲ ပေးလိုက်တာပဲ။ ဒါပေမယ့် သူစမ်းသပ်ပြီးမှပဲ ဒီဆေးတွေ ပေးလိုက်ရင် တကယ်ကို အပျောက်မြန်တာပဲ။ အဲ့ဒါကိုက ထူးခြားတာ”
အန်ကယ်စောထူးဝါးနှင့် နှစ်ပေါင်း အတော်ကြာ နေထိုင်လုပ်ကိုင်ဖူးခဲ့သော လုပ်ဖော်ကိုင်ဖက်တစ်ဦးမှ ကျနော့်ကို ပြောဆိုဖူးသော အန်ကယ်စောဝါးထူးအပေါ် အမြင်မှတ်ချက်ဖြစ်သည်။

            “အရာရာတိုင်းကို စေတနာ ချစ်ခြင်းမေတ္တာနဲ့ လုပ်ရတယ် ငါ့မောင်ရ”
ကျနော့်ကို ပြောလေ့ရှိသောစကားသည် ဒေါက်တာစောဝါးထူး၏ ဘ၀ဆောင်ပုဒ်တစ်ခုပင်ဖြစ်သည်။ လူသားတစ်ဦးပင်ဖြစ်သော အန်ကယ်စောထူးဝါးတွင် အားနည်းချက်များ ရှိပေလိမ့်မည်။ သို့သော် သူ၏ရင်ထဲမှ အစဉ်ပြည့်လျှံနေသော မေတ္တာနှင့် စေတနာသည် သာမန်လူသားတစ်ဦးထက် ထူးခြားနေသောအချက်ဖြစ်သည်။

            ၂၀၁၁ ခုနှစ် အောက်တိုဘာလ၏ တခုသောညနေချမ်းတွင် အန်ကယ်တယောက် လူ့လောကကြီးမှ ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ပါသည်။

            “ဟေ့ကောင် လောအယ်စိုး … ငါ နောက်နှစ် မင်းကို လာတွေ့ဦးမယ်ကွ” ဟု သူ ဝေဒနာခံစားနေစဉ်ပင်  နောက်ဆုံးအကြိမ် ကျနော်နှင့် တယ်လီဖုန်းဆက်စဉ် အန်ကယ်ပြောခဲ့သေးသည်။

မော်လမြိုင်မြို့တွင် လူအများ ရွံရှာကြောက်ရွံ့သော တောင်ဝိုင်းအရပ်ရှိ တိုက်ဝါကြီးသည် ‘ဒေါက်တာစောဝါးထူး ဆေးရုံ’ ဟု အမည်ဆိုင်းဘုတ် မစိုက်ထူထားစေကာမူ ကျနော်တို့ နှလုံးသားထဲတွင်တော့ ဆိုင်းဘုတ်စိုက်ထူထားခဲ့ပေသည်။

            လူမျိုးရေးအစွဲ ဘာသာရေးအစွဲ ကင်းပြီး နှလုံးသားထဲမှ ချစ်ခြင်းမေတ္တာအားဖြင့် အနှိမ်ခံ ဘ၀များစွာအတွက် အစေခံခဲ့သော  ဒေါက်တာစောဝါးထူးသည် စစ်မှန်သော လွတ်မြောက်မှု ဘ၀ပိုင်ရှင်တစ်ယောက် ဖြစ်ပါသည်။ လူ့လောကတွင် သူ ကျင်လည်ဖြတ်သန်းခဲ့သော နေ့ရက်များအတွက် တာဝန်ကျေခဲ့သူတစ်ဦးဖြစ်သည်။

            ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သော အန်ကယ်သည် မြန်မာနိုင်ငံ အနာကြီးရောဂါ ဆေးပညာသမိုင်း၌ မှတ်ကျောက် စိုက်ထူနိုင်ခဲ့သူ မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည်။ သူ၏လူမျိုး၊ သူ၏ နိုင်ငံသားများအတွက် ဂုဏ်ယူနိုင်ခဲ့သော ကရင်လူမျိုးတစ်ဦးပါ။

            သူ ယုံကြည်ကိုးကွယ်သော ခရစ်တော်၏ ချစ်မေတ္တာကို သူ ထိစပ် ကျင်လည်ခဲ့သော လူ့ပတ်ဝန်းကျင်၌ အစေခံကာ မြည်းစမ်းခွင့် ပေးခဲ့သူတစ်ဦး၊ ခရစ်ယာန်တို့၏ သမ္မာကျမ်းအဆိုအရ ချစ်မေတ္တာကြွေးများကို သူတပါးတို့အား တင်ကျန်ရစ်စေနိုင်စွမ်းသူတစ်ဦး မဟုတ်ပါလား။    ။

လောအယ်စိုး

ဇန်န၀ါရီလ ၂၃၊ ၂၀၁၂

(Buffalo)

Last modified on Thursday, 15 March 2012 16:14
You are here: Home အကြွေးပိုင်ရှင် ဒေါက်တာစောဝါးထူး