အထူးဝမ်းနည်းကြေကွဲခြင်း

ဒေါက်တာဇော်မင်းဦး + ဒေါ်မြတ်မြတ်ခိုင်၊ ဒေါ်ကြူကြူဝင်း၊ ဒေါ်မူမူဝင်း၊ ဦးဇော်မြင့်ဝင်း + ဒေါ်လှရွှေ၊ ကိုဝေလဝင်း (ပြည်သူ့ဂုဏ်ရည်အသင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဥက္က) + မသီတာမြင့်တို့၏ ဖခင်ကြီး ဦးကျော်ဝင်း (အ သက် ၈၅နှစ်) သည် ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ တနင်္လာနေ့ညတွင် ကွယ်လွန်ကြောင်းနှင့် စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၁ နာရီတွင် ထိန်ပင်သုသာန်တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်း ကြားသိရသည့် အတွက် ကျန်ရစ်သူ ကိုဝေလဝင်း (ပြည်သူ့ဂုဏ်ရည်အသင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဥက္က) ၏ မိသားစု နှင့် ထပ်တူ ဝမ်းနည်း ကြေကွဲပါကြောင်း

မှတ်တမ်း တင်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

ပြည်သူ့ဂုဏ်ရည်အသင်း

http://www.citizenofburma.org/

၂ဝ၁၇ ခု အမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။

ကြေညာချက်အမှတ် ( ၂/၂ဝ၁၇ )

ရက်စွဲ - ၂၀၁၇ ခုနှစ် မေလ ၁ ရက် တနင်္လာနေ့

 

၂၀၁၇ ခုနှစ် အမအကြိမ်မြောက် ဂုဏ်ပြုပွဲအတွက် အမည်စာရင်းတင်သွင်းမှု နောက်ဆုံးနေ့ ၂၀၁၇ ခု ဧပြီလ ၂၃ ရက်အထိ ပေးပို့သည့်အတိုင်း လက်ခံရရှိသည့် အမည်စာရင်းများမှာ -

 

(၁) မြန်မာ့လူမှုဘ၀တိုးတက်မြင့်မားရေးအသင်း။ (၂) ကိုနေမျိုးဇင် (ဗိုလ်ကြီးဟောင်း) ။ (၃) ဦးကိုနီ (တရား လွှတ်တော်ရှေ့နေ) ။ (၄) ဒေါက်တာကျော်စိုး( ဗိမာန်ရှင်-လူမှုရေးနှင့် နာရေးကူညီမှုအသင်း ) ။ (၅) Save The Library (စာကြည့်တိုက်များ ကွန်ရက်) ။ (၆) ကိုဆွေဝင်း (Myanmar Now သတင်းဂျာနယ်) ။ (၇) ဒေါက်တာ ပိုင်ခန့် ။ (၈) မိုးစေတနာ ပရဟိတအသင်း ။ (၉) ဦးအေးကျော့မောင် (ခ) ဦးအေးစိန်မောင် ။ (၁၀) ဒေါက်တာ ဦးညွန့်သိန်း။ (၁၁) ကိုစိုးထိုက်(ကရင်ပြည်နယ် ဖဒိုမြို့နေ ) ။ (၁၂) ဦးအေးကျော်ကျော် (အင်ဂျင်နီယာ)။ (၁၃) မြန်မာကော်ဖီအသင်း။ (၁၄) ဒေါ်နိမလစာရီ (ဒေါ်နန္ဒစာရီ) ။ (၁၅) စိုးသီဟ (ကျိုက်ထို လူမှုကူညီရေး)။ (၁၆) ကိုသက်နိုင်ဝင်း(၈၈-မလှိုင်) ပါရမီလူမှု ကူညီရေးအသင်း ။ (၁၇) ကျိုက်ထိုမြို့  လူမှု ကူညီရေးသင်း ။ (၁၈) မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ ။ (၁၉) NNER ။ (၂၀) ဒေါ်ယုနန္ဒာ (သဒ္ဒမ္မမဉ္ဇူ သီလရှင် စာသင်တိုက်၊ သံလျင်) ။ (၂၁) ဦးမြတ်သူဝင်း (ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္က) (၂၂) ဖောင်တော်ဦး ဘက ကျောင်း/ ကျောင်းအုပ် ဆရာတော် ဦးနာယက။ (၂၃) ပခုက္ကူမြို့ အာယုသုခ လူမှုရေးအသင်း။ (၂၄) အ၀ါရောင်မျိုးဆက်သစ်များ ပရဟိတကျောင်း။ (၂၅) အမြန်ရေယာဉ်နစ်မြုပ်မှုတွင် လူပေါင်း (၁၅၀) ကျော်ကို အသက်ကယ်ပေးခဲ့တဲ့ မိချောင်းတွင်းရွာ ဒေါ်ဝင်းကြည်။ (၂၆) အပုပ်နံ့ တွေပျံ့ နှံ့နေသော ရေယာဉ် နစ်မြုပ်သည့် ချင်းတွင်းမြစ်အတွင်း လူသေများကို စေတနာနှင့် ဆယ်ယူပေးသည့် ရေငုပ်သမား ၃ ဦး (ဦးရွှေဘ၊ ဦးညိုအေး၊ ဦးဖိုးသား)။ (၂၇) ဈေးရောင်းနေတဲ့ ကလေးငယ်များကို စာသင်ပေးနေတဲ့ ကမ်းလက် ဆက်သူများ လူငယ်အဖွဲ့။ (၂၈)ယာဉ်ထိမ်းရဲ တပ်ကြပ်ကြီး ခင်မြင့်မောင်။ (၂၉) လူငယ်ပန်းပျိုးသူလေးများအဖွဲ့( မန္တလေး)။ (၃ဝ) ရှင်သန်ရေးကူညီမှုအသင်း။ (၃၁) အလယ် တန်းပြ ဆရာမ ဒေါ်မြင့်မြင့်ဇော်။ (၃၂) အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့မှာ စုစည်းတင်ပြထားတဲ့ အမျိုးသမီး(၈)ဦး။ (၃၃) ဒေါက်တာခွန်ဝင်းလတ်။ (၃၄) ကိုနေ၀င်း(ဦးကိုနီ အား သတ်သူကို အသေခံဖမ်းဆီးပေးသူ)။ (၃၅) လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ကိုအောင်မျိုးမင်း။ (၃၆) အဆိုတော်၊ တေးရေးဆရာ ကိုဆောင်းဦးလှိုင် (၃၇) မြန်မာ ရွေ့လျားပညာရေး စီမံကိန်း - myME Project တို့ဖြစ်ပါသည်။

 

အထက်ပါ လက်ခံရရှိသော အမည်စာရင်းများကို ပြည်သူ့ဂုဏ်ရည်အသင်း၏ အခြေခံမူများနှင့် စိစစ်ပြီး ဆုရွေးချယ် ရေး အဆင့်များဖြင့် ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

အပြည်ပြည်ဆိုင်ရာမြန်မာတိုင်းရင်းသားမိသားစုများ၏

ပြည်သူ့ဂုဏ်ရည်အသင်း

coba announcement 2-2017 nomination submission 05012017 final edit03 01

အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်

ကြေညာချက်အမှတ် (၁/၂ဝ၁၇)

နေ့စွဲ - ၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက်

 

မြန်မာပြည်တွင်း၌ လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများကို အပြည်ပြည် ဆိုင်ရာ

မြန်မာတိုင်းရင်းသား မိသားစုများက ကျေးဇူးတင် ဂုဏ်ယူ ဝမ်းသာပါကြောင်း ဖော်ထုတ်ပြသသော ပြည်သူ့ဂုဏ်ရည် ဆုဖြင့် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

 

၂ဝ၁၇ ခု ပြည်သူ့ဂုဏ်ရည်ဆု အတွက်

 

မြန်မာပြည်တွင်းနေထိုင်လျက် တိုင်းရင်းသားပြည်သူတို့အတွက် လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့် အနစ်နာခံကာ စွမ်းစွမ်းတမံ လုပ်ဆောင်နေသော၊ ကျယ်ပြန့် ထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်သော၊ လူ့ဘောင်လောက နှင့် နိုင်ငံသားများအတွက် စံပြဖြစ်စေမည့်၊ လူချွန်လူမွန်များကို အမည်စာရင်း တင်သွင်းခြင်းဖြင့် ဂုဏ်ပြုနိုင်ပါသည်။

၂ဝ၁၇ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်းတင်သွင်းခြင်းကို ၂ဝ၁၇ ခုနှစ် ပြီလ(၂၃)ရက်အထိ လက်ခံနေ ပြီဖြစ်ပါသည်။


+ အမည်စာရင်းတင်သွင်းသည့်ပုံစံကို အရင်ဆုံး လေ့လာရပါမည်။

+ မေးခွန်းများကို ဖြေဆိုနိုင်ရန် အချက်အလက်များ စုဆောင်းပါ။

+ အမည်စာရင်းတင်သွင်းမည့်သူအကြောင်း သင်သိရှိသမျှအချက်အလက်များကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် အချိန်ယူဖြည့်စွက်ပါ။

+ သင့်နှလုံးသားထဲမှ လူမှုရေးသူရဲကောင်းအကြောင်းကို ခံစားရသမျှ ဝေငှပါ။

+ သင်မျှဝေပေးသော ခံစားချက်တို့မှာ အမည်စာရင်းတင်သွင်းခြင်းခံရသူအတွက် သင်၏ဂုဏ်ပြုခြင်းပင်ဖြစ်ပါ သည်။

+ ကျွန်ုပ်တို့ကလည်း သင်ရေးသားတင်သွင်းသော ဂုဏ်ပြုခြင်းကို လုံးစေ့ပတ်စေ့ လေးနက်စွာ ဖတ်ရှုလေ့လာ သွားမည်ဖြစ်ပြီး ဆင့်ပွားဝေမျှ ဂုဏ်ပြု တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

+ လိုအပ်သောအချက်အလက်များဖြင့် ပြည့်စုံသည့် အမည်စာရင်းတင်သွင်းခြင်းများအတွက် သင့်အီးမေးလ်ကို ဆက်သွယ်လျက် ကောင်းမွန်စွာ လက်ခံရရှိပါကြောင်း အတည်ပြု ပြန်ကြားပေးသွားမည်ဖြစ်ပါသည်။           

+ အကယ်၍ မိမိကိုယ်ကို မိမိ အမည်စာရင်းတင်သွင်းလိုပါက သင့်လိပ်စာအပြည့် အစုံ၊ အီးမေးလ် လိပ်စာနှင့် ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ်များကို မဖြစ်မနေ ထည့်သွင်းပေးရပါမည်။ ဂုဏ်ပြုပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ သင့်ကို ဆက်သွယ် အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

 

၁။ ဘယ်လိုလူမျိုးတွေကို ပြည်သူ့ဂုဏ်ရည်အတွက် အမည်စာရင်းတင်သွင်းလို့ရပါသလဲ?

 

မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသူ၊

 

+ ကိုယ်ကျိုးစွန့်အနစ်နာခံကာ လူမှုရေးလုပ်ငန်း များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူ၊

 

+ ကျယ်ပြန့် ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သူ၊

 

+ လူ့ဘောင်လောကနှင့် နိုင်ငံသားများအတွက်စံပြ ဖြစ်စေသူများကို

 

     တဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ အမည်စာရင်းတင်သွင်းလို့ရပါတယ်။

 

 

 

၂။ အမည်စာရင်း တင်သွင်းချင်တဲ့သူရဲ့ လိပ်စာ၊ အီးမေးလ်၊ တယ်လီဖုန်းနံပါတ်တွေကို မသိဘူးဆိုရင်ရော?

 

   အချက်အလက်များကို ပြည့်စုံအောင် စုံစမ်းဖြည့်စွက်ဖို့ တိုက်တွန်းပါရစေ။ ဘယ်လိုမှ မသိနိုင်ဘူး ဆိုရင်

 

   တော့ ဂုဏ်ပြုပွဲဖြစ်မြောက်ရေးအဖွဲ့အနေနဲ့ လေ့လာ၊ ဆက်သွယ်၊ စုံစမ်းသွားမှာ ဖြစ်ပေမယ့် နှောင့်နှေး    

 

   ကြန့်ကြာမှုများ ဖြစ်လာနိုင်ပါတယ်။

 

 

 

၃။ Online အမည်စာရင်းဘယ်မှာတင်သွင်းရမှာလဲ ?

 

   ၂ဝ၁၇ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းကို ၂ဝ၁၇ ခုနှစ် ဧပြီလ (၂၃) ရက်ထိ

 

   လက်ခံနေပြီဖြစ်ပါသည်။ အောက်ပါ လင့်ကိုနှိပ်၍

 

               http://www.citizenofburma.org/index.php/nomination-form

 

     ပုံစံကိုဖြည့်စွက်ပြီး အောက်ခြေက send (ပေးပို့ပါ) ကိုနှိပ်လိုက်ပါ။

 

 

 

၎။ အမည်စာရင်းတင်သွင်းခြင်းကို စာတိုက်က ပို့လို့ ရပါသလား?

 

   မရပါ။ မြန်ဆန်ထိရောက်သည့် အွန်လိုင်း စနစ်ဖြင့်သာ ပို့ပေးပါ။

 

 

 

၅။ အမည်စာရင်းတင်သွင်းခြင်းကို လက်မခံဘဲ ငြင်းပယ်ခြင်းများရှိပါသလား?

 

   လိုအပ်တဲ့အချက်အလက်များနဲ့ ပြည့်စုံတယ်၊ ရွေးချယ်ရေးမူဝါဒများနဲ့လည်း ကိုက်ညီ တယ်ဆိုရင်တော့    

 

   ငြင်းပယ်ခံရမှာမဟုတ်ပါဘူး။ လိုအပ်တဲ့အချက်အလက်များကလည်း မပြည့်စုံ၊ ရွေးချယ်ရေး မူဝါဒ များနဲ့

 

   လည်း ကိုက်ညီမှုမရှိဘူးဆိုရင်တော့ အဲဒီအမည်စာရင်း တင်သွင်းခြင်းကို လက်ခံမှာမဟုတ်ပါဘူး။

 

 

 

၆။ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲတက်ရောက်ခွင့်ကို ဘယ်လိုရယူရပါမလဲ?

 

   ဂုဏ်ပြုပွဲကျင်းပတဲ့မြို့က ဆက်သွယ်ရမယ့်စာရင်းပါ တဦးဦးကို ဆက်သွယ်လျက် ဂုဏ်ပြုပွဲအတွက် ထိုင်ခုံ

 

   နေရာကို ကြိုတင်ရယူနိုင်ပါတယ်။    

 

 

ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ

ဒေါ်ခင်မမမျိုး (ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်) နှင့် ကိုဇော်ဇော် (ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်) တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ။

နေ့။ ။ ၂၀၁၇ ခု မတ်လ ၇၊ ၈၊ ၉

အချိန်။ ။ ည ၇း၀၀ နာရီ

နေရာ။ ။သမိန်ဒွတ်ကျေးရွာ၊ ကော့ကရိတ်မြို့နယ်၊ကရင်ပြည်နယ်

အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင်

အမေဇုန်အွန်လိုင်း(Amazon Online) ၏ အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်မှာ ဈေးဝယ်ရင်း

မြန်မာပြည်တိုးတက်ရေးနဲ့ ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်နေတဲ့ သူတွေနှင့်အဖွဲ့တွေကို

နှစ်စဉ် ဂုဏ်ပြုချီးမြှင့် ကူညီပေးနေတဲ့

မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ

ပြည်သူ့ဂုဏ်ရည်အသင်းကို

ရွေးချယ်လှူဒါန်းလို့ရနေပါပြီ။

အမေရိကန် အခြေစိုက် 501 c(3) ခေါ် အခွန်ကင်းလွတ်ခွင့်ရ ပြည်သူ့ဂုဏ်ရည် အသင်းရဲ့ လုပ်ဆောင်ချက်တွေ ကို

www.citizenofburma.org မှာလည်း ကြည့်ရှု့လေ့လာနိုင်ပါတယ်။

ကျေးဇူးအထူးတင်ပါသည်။

ပြည်သူ့ဂုဏ်ရည်အသင်း

 

Please donate Citizen of Burma Award Organization Inc.[ 501 c(3) non-profit organization ] via Amazon Smile.

You shop. Amazon gives.

(1) Amazon donates 0.5% of the price of your eligible Amazon Smile purchases to the charitable organization of your choice.

(2) Amazon Smile is the same Amazon you know. Same products, same prices, same service.

(3) Support your charitable organization by starting your shopping at smile.amazon.com

Thank you for your kind support.                                                                                                                                     http://citizenofburma.org/

(Photo Credit: www online)

step 1 2 3 in one

ရွေးချယ်လှူဒါန်းနည်းအဆင့်ဆင့်(ပူးတွဲပါပုံများကိုကြည့်ပါ။)

(၁) Enter အမေဇုန်အွန်လိုင်း(Amazon Online)၏ အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်သို့ အမေဇုန် pass word ဖြင့် ဝင်ပါ။

 

(၂) Pick your own charitable organization ဆိုတဲ့ အဖွဲ့အစည်းရွေးဖို့ ပေါ်လာရင် citizen of Burma လို့ search(ရှာရန်) နေရာမှာ စာရိုက်၍ရှာပါ။ the Citizen of Burma Award Organization Inc. လို့ပေါ်လာပါမယ်။

 

(၃) Select ဆိုတာကိုနှိပ်ပါ။ ပြီးရင် မိမိတို့လိုချင်တဲ့ ပစ္စည်းကိုဝယ်ခြင်းဖြင့် ပြည်သူ့ဂုဏ်ရည် အသင်း ကို လှူပြီးသားဖြစ်ပါမည်။

ကျေးဇူးအထူးတင်ပါသည်။

 

မှတ်ချက်။ ။

(၁) ပစ္စည်းရဲ့တန်ဖိုးထဲက ၀.၅ ရာခိုင်နှုန်းကို အလှူအတွက် ပေးခြင်းဖြစ်ပါသည်။

(၂) မိမိလှူတဲ့ ပရဟိတအသင်းဟာ အမေရိကန် အခြေစိုက် အခွန်ကင်းလွတ်ခွင့် 501c(3) ရထားတဲ့ တရားဝင်အသင်းဖြစ်ရပါမည်။

(၃) ပြည်သူ့ဂုဏ်ရည်အသင်းသည် အခွန်ကင်းလွတ်ခွင့် 501c(3) ရရှိပြီးဖြစ်ပါသည်။

(၄) အကယ်၍ ပြည်သူ့ဂုဏ်ရည်အသင်းကို တကြိမ်ရွေးပြီးပါက နောက်ထပ် ပရဟိတ အသင်းအသစ်ကို မရွေးမခြင်း အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်တွင် ပြည်သူ့ဂုဏ်ရည်အသင်းသည် ဆက်လက်ရှိနေပါမည်။ ဆိုလိုသည်မှာ နောက်တကြိမ် Amazon Smile မှာဈေးဝယ်ပါက ပြည်သူ့ဂုဏ်ရည်အသင်းသို့လှူရန် ရွေးပြီးသား အဆင်သင့်ဖြစ်နေပါမည်။


donation steps at amazon smile

အထူးဝမ်းနည်းကြေကွဲခြင်း

၂၀၁၇ ခု ဇန်နဝါရီလ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေ နတ်သမား တစ်ဦး၏ လုပ်ကြံမကြောင့် ရှေ့နေဦးကိုနီ ကွယ်လွန်သွားကြောင်း သိရှိရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီသည် မြန်မာပြည် ဒီမိုကရေ စီရရှိရေးအတွက် ပြည်သူအများအား တရားဥပဒေကြောင်းအရ ပညာပေးခြင်းများကို နည်းမျိုးစုံဖြင့် ရှေ့တန်းမှ ရဲရဲဝံ့ဝံ့စွမ်းဆောင်ပေးခဲ့သည့် ဥပဒေပညာရှင်တစ်ဦးဖြစ်ပါသည်။ ဦးကိုနီ၏ အလင်းပြပေးခဲ့မှုကြောင့် စစ်အစိုးရစိတ်တိုင်းကျ ရေးဆွဲထားခဲ့သည့် ၂၀၀၈ အခြေခံဥပဒေ၏အားနည်း ချက်များ၊ မတရားမှုများကို ပြည်သူများ သိရှိနားလည်ခွင့်ရခဲ့ကြပါသည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခြင်းသည် နိုင်ငံသားကောင်း အာဇာနည်တစ်ဦးအား လုပ်ကြံသတ်ဖြတ်ခြင်း မည်ပါသည်။

ဦးကိုနီကို ဆုံရံးရခြင်းသည် နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော အာဇာနည်တစ်ဦးကို ဆုံးရှုံးရခြင်းမည်ပါသည်။

ထို့ကြောင့်၊ ပြည်ပရောက် မြန်မာပြည်ဖွားများနှင့်ဖွဲ့စည်းထားသည့် ပြည်သူ့ဂုဏ်ရည်အသင်းအနေဖြင့် မြန်မာပြည်သားအားလုံးနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

ပြည်သူ့ဂုဏ်ရည်အသင်း


u ko ni.-final008

“ပြည်သူများမှ ပြည်သူများသို့ ဝိုင်းကူစို့”

နိုင်ငံတကာနှင့် အမေရိကန်နိုင်ငံတွင်းရှိ ပြည်သူ့ဂုဏ်ရည် အသင်းဌာန ခွဲများ နှင့်အတူ အရီဇိုးနားပြည်နယ်ရောက် မြန်မာတိုင်းရင်းသားမိသားစုများ၏ အလှူငွေများဖြင့်
ပြည်သူ့ဂုဏ်ရည်အသင်း (အရီဇိုးနားဌာနခွဲ) က ဆက်သွယ် အကောင်အထည်ဖေါ်ဆောင်ရွက်မည့်...

“မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး အစီအစဉ်။“

(က) အချက်အလက်များစုဆောင်းခြင်း။
ဧရာဝတီတိုင်း အင်္ဂပူ ဒေသရှိ ရေဘေးသင့်ကျောင်း
(သို့မဟုတ်) ကျောင်းနှင့် သက်ဆိုင်သည့် အထွေထွေ လိုအပ်ချက်များစာရင်း (၁ဝ/ဝ၁/၁၅ )
လှူဒါန်းမည့်ကျောင်းများ နှင့် ကျောင်းများ တည်ရှိရာကျေးရွာ/အုပ်စု နှင့်
ပျက်စီး (သို့မဟုတ်) လိုအပ်ချက်များ (ခန့်မှန်း စာရင်း)။
(၁) ကျောင်းကုန်း - မူလတန်းကျောင်း (စည်ပင် ကျေးရွာ၊ အင်္ဂပူမြို့နယ်)
ရေတုံကင် - ပျက်စီးနေ
ရေကန် - ပျက်စီးနေ
(၂) ထုံးဘို - မူလတန်းကျောင်း (ရေတွင်းလှ ကျေးရွာ၊ အင်္ဂပူမြို့နယ်)
ရေတုံကင် - မရှိ
ရေကန် - မရှိ
(၃) ဒိုးတန်း - မူလတန်းကျောင်း (ဒိုးတန်း ကျေးရွာ၊ အင်္ဂပူမြို့နယ်)
ရေတုံကင် - ပျက်စီးနေ
ရေကန် - မရှိ
(၄) မကျည်းကုန်း - မူလတန်းကျောင်း (မကျည်းကုန်း ကျေးရွာ၊ အင်္ဂပူမြို့နယ်)
ရေတုံကင် - ပျက်စီးနေ
ရေကန် - မရှိ
(၅) တလိုင်းကွင်း - မူလတန်းကျောင်း (တလိုင်းကွင်း ကျေးရွာ၊ အင်္ဂပူမြို့နယ်)
ရေတုံကင် - ပျက်စီးနေ
ရေကန် - မရှိ

(ခ) လှူဒါန်းမည့် ပစ္စည်းစာရင်း ပြုစုခြင်း။
ပဏာမ လှူဒါန်းမည့် ပစ္စည်းစာရင်း (၁ဝ/ဝ၁/၁၅ နေ့စွဲအရ)
ရေတုံကင် ၄ ခုပြင်ရန်၊ ၁ ခုအသစ်တည်ရန်
ရေကန် ၁ ခုပြင်ရန်၊ ၃ ခုအသစ်တည်ရန်

(ဂ) လုပ်ငန်းသဘာဝ ကုန်ကျစရိတ်(ခန့်မှန်း)
ရေတုံကင် နှင့် ရေကန် (တစုံ)ကို ပြုပြင်ရာတွင် မြန်မာငွေ ၂သိန်းခွဲခန့်ကုန်ကျပါမည်။ အရေအတွက်တိုးခြင်း၊ အဟောင်းပြင်ဆင်ခြင်း၊ အသစ်ဆောက်ခြင်း စသည့် အနေအထားများပေါ်မူတည်၍ ကုန်ကျစရိတ်များ အတိုးအလျော့ရှိပါမည်။
(မှတ်ချက်။ ။ အထက်ဖေါ်ပြပါ အချက်အလက်များနှင့် ကိန်းဂဏန်းများမှာ အလှူရှင်များ လှူဒါန်းရာတွင် ခန့်မှန်းနိုင်ရန် တင်ပြခြင်းမျှသာဖြစ်ပါသည်။ မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်စရာများ များစွာရှိပါသည်။ မိမိတို့ တတ်နိုင်သမျှဖြင့် ဝိုင်းဝန်း လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။)

(ဃ) လုပ်ငန်းပြီးစီးမှု အခြေအနေတင်ပြခြင်း။

အောက်တိုဘာ ၂၂ ရက် Progress Report အရ မကျည်းကုန်းအမကတွက် ရေတွင်းအသစ်ဆောက်ပြီးပါပြီ။ ကျန်ကျောင်း ၄ ကျောင်းအတွက် ကဗျည်း ၄ ခုလည်း အဆင်သင့်ဖြစ်နေပါပြီ။ (ပူးတွဲပါပုံကိုကြည့်ပါ။)

အောက်တိုဘာ ၂၃ ရက် Progress Report အရ တလိုင်းကွင်းနှင့် ကျောင်းကုန်းတွင်လည်း ဆောင်ရွက်ပြီးကြောင်း သတင်းရရှိပါသည်။ ကဗျည်းများကို အောက်တိုဘာ ၂၈ ရက် နောက်ပိုင်းတွင်တပ်ဆင်မြည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။ ရရှိသည့် သတင်းများကို ဆက်လက်ဖေါ်ပြပါမည်။

ရေအကျိုး ၁ဝ ပါး။
သက်ရှည် ဆင်းလှ၊ ချမ်းသာရ ဗလ ဥာဏ်ပညာ။
ကြည်လင် သန့်ရှင်း ကျော်ဇောခြင်း ခပင်း ခြွေရံဖြာ။
ရေမငတ်သား လျှင်စွာသွား ဆယ်ပါးရေအကျိုးသာ..

(၁) ပြည်သူ့ဂုဏ်ရည်အသင်း(အရီဇိုးနားဌာနခွဲ)မှတဆင့် အရီဇိုးနားမြန်မာတိုင်းရင်းသား မိသားစုများ၏ စုပေါင်းအလှူတွင် ပါဝင်လှူဒါန်းလိုပါက ဆက်သွယ်ရန်။
မဥမ္မာဗိုလ်(တာဝန်ခံ)ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ အရီဇိုးနားဌာနခွဲ၊ ပြည်သူ့ဂုဏ်ရည်အသင်း။
ဖုန်း (480)-387-4031
(၂) မိမိတို့အစီအစဉ်ဖြင့် သီးခြားလှူဒါန်းလိုပါက ဆက်သွယ်ရန်။
ကိုထွန်းထွန်းနိုင် (အင်္ဂပူဇာတိ၊ လက်ရှိအရီဇိုးနားပြည်နယ်နေ) ဖုန်း (480)-243-0119
(၃) အင်္ဂပူမြို့သို့တိုက်ရိုက်လှူဒါန်းလိုပါက ဆက်သွယ်ရန်။
ဒေါက်တာ နန္ဒဝင်းဖုန်း ( ၀၉-၂၅၀-၇၃၉၀၉၉၀ )

ဝိုင်းဝန်းအားပေးသူ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီညီ ညီမ အားလုံး အားလုံးကို
ကျေးဇူး အထူးတင်ပါသည်။
ပြည်သူ့ဂုဏ်ရည်အသင်း(အရီဇိုးနား ဌာနခွဲ)

(မှတ်ချက်။ ။ “မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး အစီအစဉ် ကို ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲများက မဲစနစ်ဖြင့် စက်တင်ဘာလမှစ၍ ၂ လ တကြိမ် ဆောင်ရွက်မည်ဖြစ်ရာ အရီဇိုးနားဌာနခွဲက ပထမဦးဆုံးမဲပေါက်ပြီး စတင်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။)

ပြည်သူ့ဂုဏ်ရည် အသင်းဆိုင်ရာ အချက်အလက်များကိုအောက်ဖေါ်ပြပါ လင့်များတွင် ကြည့်ပါ။

http://citizenofburma.org/

https://www.facebook.com/pages/Citizen-of-Burma-Award/105304102834527

(ဃ) လုပ်ငန်းပြီးစီးမှု အခြေအနေတင်ပြခြင်း။

အောက်တိုဘာ ၂၂ ရက် Progress Report အရ မကျည်းကုန်းအမကတွက် ရေတွင်းအသစ်ဆောက်ပြီးပါပြီ။ ကျန်ကျောင်း ၄ ကျောင်းအတွက် ကဗျည်း ၄ ခုလည်း အဆင်သင့်ဖြစ်နေပါပြီ။ (ပူးတွဲပါပုံကိုကြည့်ပါ။)

အောက်တိုဘာ ၂၃ ရက် Progress Report အရ တလိုင်းကွင်းနှင့် ကျောင်းကုန်းတွင်လည်း ဆောင်ရွက်ပြီးကြောင်း သတင်းရရှိပါသည်။ ကဗျည်းများကို အောက်တိုဘာ ၂၈ ရက် နောက်ပိုင်းတွင်တပ်ဆင်ပါမည်ကြောင်းလည်း သတင်းရရှိပါသည်။ ရရှိသည့် သတင်းများကို ဆက်လက်ဖေါ်ပြပါမည်။

August 9th.,2015

First Flood Relief Mission launched to Nyaung-Don and Thet-Ke-Kyun.


 သြဂုတ်လ ၁၂ ရက် ဓါတ်ပုံမှတ်တမ်း

‘ပြည်သူ့ဂုဏ်ရည်အသင်း + မြန်မာရွေ့လျားပညာရေးစီမံကိန်း’ ရေဘေးကူညီရေးအဖွဲ့ နှင့် လုပ်အားပေးများ အင်္ဂပူ ဒေသသို့ သွားရောက်ခဲ့ပြီး ရေဘေးကူပစ္စည်းများကို ဒေသခံများသို့ ပေးအပ်လှူဒါန်းခဲ့သည်။

 သြဂုတ်လ ၉ ရက် ဓါတ်ပုံမှတ်တမ်း

‘ပြည်သူ့ဂုဏ်ရည်အသင်း + မြန်မာရွေ့လျားပညာရေးစီမံကိန်း’ ရေဘေးကူညီရေးအဖွဲ့ နှင့် လုပ်အားပေးများ သက်ကယ်ကျွန်း ဒေသများသို့ ကုန်းတတန် ရေတတန်သွားရောက်ခဲ့ပြီး ရေဘေးကူပစ္စည်းများကို ဒေသခံများသို့ ပေးအပ်ခဲ့သည်။

Page 1 of 6