Sunday, 29 January 2017 13:55

အထူးဝမ်းနည်းကြေကွဲခြင်း

အထူးဝမ်းနည်းကြေကွဲခြင်း

၂၀၁၇ ခု ဇန်နဝါရီလ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေ နတ်သမား တစ်ဦး၏ လုပ်ကြံမကြောင့် ရှေ့နေဦးကိုနီ ကွယ်လွန်သွားကြောင်း သိရှိရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီသည် မြန်မာပြည် ဒီမိုကရေ စီရရှိရေးအတွက် ပြည်သူအများအား တရားဥပဒေကြောင်းအရ ပညာပေးခြင်းများကို နည်းမျိုးစုံဖြင့် ရှေ့တန်းမှ ရဲရဲဝံ့ဝံ့စွမ်းဆောင်ပေးခဲ့သည့် ဥပဒေပညာရှင်တစ်ဦးဖြစ်ပါသည်။ ဦးကိုနီ၏ အလင်းပြပေးခဲ့မှုကြောင့် စစ်အစိုးရစိတ်တိုင်းကျ ရေးဆွဲထားခဲ့သည့် ၂၀၀၈ အခြေခံဥပဒေ၏အားနည်း ချက်များ၊ မတရားမှုများကို ပြည်သူများ သိရှိနားလည်ခွင့်ရခဲ့ကြပါသည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခြင်းသည် နိုင်ငံသားကောင်း အာဇာနည်တစ်ဦးအား လုပ်ကြံသတ်ဖြတ်ခြင်း မည်ပါသည်။

ဦးကိုနီကို ဆုံရံးရခြင်းသည် နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော အာဇာနည်တစ်ဦးကို ဆုံးရှုံးရခြင်းမည်ပါသည်။

ထို့ကြောင့်၊ ပြည်ပရောက် မြန်မာပြည်ဖွားများနှင့်ဖွဲ့စည်းထားသည့် ပြည်သူ့ဂုဏ်ရည်အသင်းအနေဖြင့် မြန်မာပြည်သားအားလုံးနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

ပြည်သူ့ဂုဏ်ရည်အသင်း


u ko ni.-final008

Last modified on Sunday, 29 January 2017 18:23
You are here: Home သတင်းနှင့်မှတ်တမ်း Documentations သတင်းများ News အထူးဝမ်းနည်းကြေကွဲခြင်း