Thursday, 30 June 2016 00:00

☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮

☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်မှာ စစ်ဘေးကြောင့်မိဘမဲ့တွေဖြစ်ကြရတဲ့ခလေးတွေ တွက်
ဖွင့်လှစ်ထားသည့် ပန်းပျိုးလက်(နောင်ထောဝ်)ဘော်ဒါဆောင်ရှိ ခလေးများအတွက် အဆောင်သစ်၏ သံမံတလင်းပေါ်တွင် သစ်သားကြမ်းခင်းများဖြင့် အိပ်စက်နေထိုင်နိုင်ရေးအတွက် ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲအသီးသီးမှ မိသားစုများက အလှူငွေ(၇)သိန်း (၃)သောင်း (၆)ထောင်တိတိကို ထောက်ပံ့ လှူဒါန်း နိုင်ခဲ့ပါသည်။
၂၀၁၆ခုနှစ် ဇွန်လ(၁၄)ရက်နေ့တွင် ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် နောင်ထောင်ဝ်ကျေးရွာသို့ ပြည်သူ့ဂုဏ်ရည်အသင်းမှ ကိုသန်းနိုင် သွားရောက်ခဲ့ပါသည်။ ပန်းပျိုးလက်(နောင်ထောင်ဝ်)ဘော်ဒါဆောင်တွင် စစ်ဘေးကြောင့်ဒုက္ခရောက်နေကြရသော ခလေးငယ်များကိုတွေ့ခဲ့ရပါသည်။ ပအိုဝ်တ်ုင်းရင်းသား(၅၁) ကယားတိုင်းရင်းသား(၅၀)တို့ဖြစ်ကြပါသည်။ မိဘနှစ်ပါးလုံးမရှိကြတော့သူများ ၊ မိဘတဦးတည်းသာရှိသူများ ဝမ်းစာရေးပင်ခက်ခဲနေသော အလွန်ဆင်းရဲသောမိသားစုများမှခလေးငယ်များဖြစ်ကြပါသည်။ စာသင်ကျောင်းမရှိသောတောတောင်အတွင်းမှ ထိုခလေးငယ်များကို ပန်းပျိုးလက်(နောင်ထောင်ဝ်)ပရဟိတအသင်းမှ ဘော်ဒါဆောင်တခုတည်ထောင်၍ နေစရာ စားစရာများ ကျောင်းစားရိတ်နှင့် ကျောင်းတက်နိုင်ရေးကိစ္စများ ၊ ကျောင်းတွင်သင်ကြားခဲ့သောစာများကို ထပ်မံရှင်းလင်းသင်ပြခြင်းများကို စေတနာလုပ်အားရှင်များ စေတနာအလှူရှင်များဖြင့် တာဝန်ယူ စောင့်ရှောက် ပျိုးထောင်ပေးလျက်ရှိပါသည်။
ခလေးများနှင့်တွေ့ဆုံခဲ့ရပြီး ဘော်ဒါဆောင်ဆရာမကြီးဒေါ်အေးမိ နှင့် အကျိုးဆောင်လူကြီးများဖြစ်ကြသော ဦးခင်ဇော် ၊ ဦးတောင်ကြီး ၊ ဦးတောက်ထွန်း ၊ ဦးထွန်းအောင် ၊ ဘဏ္ဍာရေးမှူးဒေါ်ကေသီမြင့် တို့က အခြေအနေအားလုံးကိုရှင်းပြကြပါသည်။
ကျောင်းသားကျောင်းသူအကြီးများက ခလေူငယ်(၅)ဦးကျစီ တာဝန်ယူထိမ်းသိမ်း အဝတ်လျော် လုပ်ပေးကြပါတယ်။ အလှည့်ကျ မီးဖိုဆောင် ချက်ပြုတ်ရေးကူကြရပါတယ်။
ပန်းပျိုးလက်(နောင်ထောဝ်)ပရဟိတဘော်ဒါဆောင်မြေနေရာမှာ(၁၂)ဧကကျယ်ပါသည်။ ယခင်ကတပ်မှူးတဦးပိုင်ဆိုင်ခဲ့ပြီး၊ ထိုသူမှစွန့်လွှတ်သွားသောနေရာကို ကျန်လူများက လိုချင်ရာများဖျက်ဆီးယူဆောင်နေချိန်တွင် အနီးနားရှိ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်အားသိမ်းပိုက်တော်မူရန်လျောက်ထားကြပြီး၊ ဆရာတော်လက်အောက်ရောက်သွားချိန်တွင် ခလေးများအတွက် ဘော်ဒါဆောင်လုပ်နိုင်စေရန် ဆရာတော်မြှပန်လည်စွန့်လှူခဲ့ခြင်းဖြစ်ပါသည်။ ပို၍ကံကောင်းသည်မှာ ယခင်တပ်မှူးမှ နေရာကောင်းကိုယူ၍ ပြုပြင်ထားသဖြင့် သုံးရေအဆင်ပြေပါသည် သောက်ရေကိုကြိုချက်ပြီးမှသောက်သုံးစေပါသည်။ ထမင်းကို ပေါင်းအိုးဖြင့်ချက်ပါသည်။ လျှပ်စစ်မီးကို ချောင်းရေအားလျှပ်စစ်မှရရှိပါသည်။ ခလေးများပိုမိုများလာ၍ အဆောင်သစ်ဆောက်လုပ်၍ ပြီးခါနီးပါပြီ။ သံမံတလင်းအခင်းပေါ်တွင် နေထိုင်အိပ်စက်၍မဖြစ်နိုင်သောကြောင့် ခလေးများနေထိုင်၍မရသေးဖြစ်နေပါသည်။ ထိုကိစ္စအတွက် သစ်သားကြမ်းခင်းလုပ်ပေးနိုင်စေရန် ပြည်သူ့ဂုဏ်ရည်အသင်းမိသားစုများမှ စုပေါင်းကူညီလှူဒါန်းကြခြင်းဖြစ်ပါသည်။
ဘော်ဒါဆောင်ခလေးများစားသောက်ရေးအတွက် (၁၆)မိုင်ဝေးသော ဆီဆိုင်မြို့သို့(၅)ရက်တစ်ကြိမ်ဈေးထွက်ဝယ်ရပါသည်။ ရွာသို့ကားဖြင့်ပို့ရန်အဆင်မပြေသောနေ့များတွင် စားစရာအသီးအရွက်များပျက်စီးကုန်ပါသည်။ ဘော်ဒါဆောင်အတွက် ဈေးဝယ်ရန်နှင့်ခလေးများကျောင်းသွားရန် လိုအပ်ချက်များသုံးနိုင်ရန် ကားလေး(၁)စီးအထူးလိုအပ်နေကြောင်းသိရပါသည်။
တစ်ဦးချင်းဖြစ်စေ ၊ စုပေါင်း၍ဖြစ်စေ ၊ အဖွဲ့လိုက်ဖြစ်စေ လှူဒါန်းခြင်းဖြင့်၎င်း ။ ပရဟိတအသင်းငယ်များသို့ ကားများရရှိနိုင်ရန် အလှူရှင်ရှာဖွေလှူဒါန်းပေးလျက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်)ထံသို့ ကူညီတင်ပြပေးခြင်း စသော ကူညီစောင်မမှုများ ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံလိုပါသည်။
ပန်းပျိုးလက်(နောင်ထောင်ဝ်) ဘော်ဒါဆောင်ဆရာမကြီးနှင့် အမှုဆောင်များ၏ ပရဟိတအကျိုးဆောင်စိတ်ထက်သန်မှုများ ၊ ဘော်ဒါဆောင်ခလေးများအပေါ်စေတနာမေတ္တာကြီးစွာထားရှိမှုများ ၊ အလှူငွေကို စာရင်းဇယား ဘောက်ချာ ဘဏ္ဍာရေးမှူးစသည်ဖြင့် စနစ်တကျ ထားရှိသုံးစွဲမှုများကို လေးစားစွာတွေ့မြင်သိရှိခဲ့ရပါသည်။
ကျနော်၏ခရီးစဉ်ကို အစစအရာရာကူညီခဲ့ကြသော ရန်ကုန်မြို့မှ ကိုတင့်ဝေမိသားစုများ ကိုဂျိမ်းစ်လင်းထွန်းမိသားစုများ ၊ တောင်ကြီးမြို့မှ ဦးဘုန်းနိုင် ၊ လွိုင်ကော်မြို့မှ ကိုနေမိုးအောင် 9 Generation Force (Travel & Tours) နှင့် အလှူရှင်ပြည်သူ့ဂုဏ်ရည်အသင်းမိသားစုများကို အထူးကျေးဇူးတင်ရှိပါသည်။
ခလေးတိုင်း အနာဂတ်လှပကြပါစေ။
ပန်းပျိုးလက်(နောင်ထောဝ်) ပိုမိုအောင်မြင်ပါစေ။
သန်းနိုင်

အလှူရှင်များမှာ - အယ်လ်အေဌာနခွဲမှ ကိုဘိုဘို+မယဉ်မင်းဟန်(၅)သောင်း(၉)ထောင် ၊ ဖလော်ရီဒါဌာနခွဲမှ ကိုရဲဝင်းနိုင်+မဟန်စုယဉ်(၁)သိန်း ၊ ဖလော်ရီဒါဌာနခွဲရံပုံငွေမှ(ဒေါ်လာနှစ်ရာအတွက်)(၂)သိန်း(၃)သောင်း(၆)ထောင် (ကိုစိန်မြင့်အောင် ၊ ကိုမောင်စိုး ၊ ကိုဘိုဘို ၊ ကိုနေဝင်းထွန်း ၊ ကိုဂျိမ်းစ်လင်းထွန်း ၊ ကိုရဲဝင်းနိုင် ၊ မဟန်စုယဉ် ၊ ကိုသန်းနိုင်) ၊ ဖလော်ရီဒါဌာနခွဲမှ ကိုဂျိမ်းစ်လင်းထွန်း+မဝင်းစန္ဒာစန်း(၅)သောင်း(၂)ထောင်(၅)ရာ ၊ ကိုသန်းနိုင်(၅)သောင်း(၂)ထောင်(၅)ရာ ။ ကိုကျော်ဝဏ္ဏ+မမိုးချိုသင်း(ပြည်သူ့ဂုဏ်ရည်အသင်း ၊ LA ဌာနခွဲ) (၁)သိန်း(၁)သောင်း(၈)ထောင် ။ (ပြည်သူ့ဂုဏ်ရည်အသင်းမိသားစုများ ၊ အရီဇိုးနားဌာနခွဲ) (၁)သိန်း(၁)သောင်း(၈)ထောင် ဖြစ်ကြပါတယ်။

(ပန်းပျိုးလက်(နောင်ထောဝ်)သို့ ဆက်သွယ်လှူဒါန်းရန် - ဦးခင်ဇော် ဒုတာဝန်ခံ 09799125240 / 09253933474 ။ ဘော်ဒါဆောင်ဖုံး 09783250511)

Ref. & Credit:
https://www.facebook.com/than.naing.9047/posts/1080417965368878
Last modified on Thursday, 30 June 2016 00:15
You are here: Home သတင်းနှင့်မှတ်တမ်း Documentations သတင်းများ News ☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮