Saturday, 05 April 2014 21:39

ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကျင်းပမည့်ရက် ကြေညာခြင်း

 

ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကျင်းပမည့်ရက် ကြေညာခြင်း



 နေ့စွဲ - ၂၀၁၄ ခုနှစ် ဧပြီလ ၅ ရက်


                      မြန်မာပြည်တွင်း၌  စေတနာ့ဝန်ထမ်း  လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏

လုပ်ရပ်များအတွက် လေးစားဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် ( Citizen of Burma Award )ဆု ပဉ္စမအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် Palm Beach Gardens မြို့ ၌ ၂၀၁၄ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။    

                အဆိုပါဆုအတွက် ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူ မည်သူမဆို မြန်မာပြည်အတွင်း လူမှုရေးလုပ်ငန်းများ

ကို ကိုယ်ကျိုးစွန့်  အနစ်နာခံကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြသူများထဲမှ မိမိလေးစား ဂုဏ်ပြုလိုသော လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို  အမည်စာရင်းများ  တင်သွင်းနိုင်ပါသည်။ အမည်စာရင်း  တင်သွင်းခြင်းကို  စတင်လက်ခံနေပြီ ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၁၅ ရက်အထိ http://www.citizenofburma.org/nomination-form တွင် မည်သူမဆို ဆန္ဒပြုနိုင်ပါ

သည်။

                လက်ခံရရှိသော  အမည်စာရင်းများမှ  ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို  ပြည်သူ့ဂုဏ်ရည်အသင်း  ဌာနခွဲများက

ရွေးချယ်သွားမည်ဖြစ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုရှင် အမည်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်ချီးမြင့်သည့် အထူး

ဆုရှင်အမည်တို့ကို ဂုဏ်ပြုပွဲအခမ်းအနားတွင် ထုတ်ပြန်ကြေညာ ချီးမြှင့်ဂုဏ်ပြုမည်ဖြစ်ပါသည်။

                ၂၀၁၄ ခုနှစ်အတွက် ဂုဏ်ပြုပွဲကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီကို အောက်ပါ ဗဟိုအလုပ် အမှုဆောင်

ကော်မတီဝင် အဖွဲ့ဝင်များဖြင့် မတ်လ ၂၃ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။


၁။ ကိုထွန်းထွန်း (အော်ဘနီ)

၂။ ကိုအေးမြင့် (အရီဇိုးနား)

၃။ ကိုသန်းနိုင် (ဖလော်ရီဒါ)

၎။ ကိုဝင်းသူအောင် (လက်စ်ဗေးဂတ်)

၅။ ဦးကိုလေး (လော့စ်အိန်ဂျလိစ်)

၆။ ကိုဘိုဘို (လော့စ်အိန်ဂျလိစ်)

၇။ ကိုဝေလ (နယူးယောက်)

၈။ ကိုတင်မောင်အေး (နယူးယောက်)

၉။ ကိုထိန်လင်း (ဆန်ဖရန်စစ္စကို)

 

              ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်တင်သွင်းခြင်းအပါအ၀င် အဖွဲ့နှင့်ပတ်သက်သည်များကို ပြည်သူ့ဂုဏ်ရည်

အသင်း အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် သွားရောက်ကြည့်ရှု နိုင်ပါသည်။ အခမ်းအနားနှင့်

ပတ်သက်သည့် အစီအစဉ်များကို ဆက်လက်သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။   ။


ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ


ဆက်သွယ်ရန်။    ။ ကိုသန်းနိုင် (၀၁) ၇၇၂ ၅၃၈ ၁၃၄၃၊ ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁

Last modified on Saturday, 05 April 2014 22:55
You are here: Home သတင်းနှင့်မှတ်တမ်း Documentations ထုတ်ပြန်ကြေညာချက် Announcements ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကျင်းပမည့်ရက် ကြေညာခြင်း