Thursday, 16 February 2012 14:34

“ပြည်သူ့ဂုဏ်ရည်အသင်း”ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ

ဇူလိုင် ၂၆ ရက်၊တနင်္ဂနွေနေ့၊၂ဝ၁၅ ခုနှစ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးအရ ၂ဝ၁၅ - ၂ဝ၁၇ ခုနှစ်ထိ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ တာဝန်ခံများနှင့် -

ဇွန်လ ၁၉ ရက် ၂ဝ၁၆ ခုနှစ် (တနင်္ဂနွေနေ့) ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအရ ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌသစ်မှာ-

၁။ ဦးကိုလေး (ခ) ဦးတင်မောင်လေး L.A Chapter (လော့စ်အိန်ဂျယ်လိစ် ဌာနခွဲ) -ဥက္ကဋ္ဌ

kolay1ရခိုင်ပြည်နယ် သံတွဲမြို့ ဇာတိ ဖြစ်ပြီး စိတ်ပညာ နောက်ဆုံးနှစ်အထိ တက်ရောက်ခဲ့သည်။

၁၉၇၈ မှ ၁၉၈၈ အထိ တပ်မတော်လေတပ်တွင် စက်မှုစစ်သည်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၈၈ အရေးအခင်းကာလအတွင်း ပြည်သူများဘက်မှ ရပ်တည်ကာ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့သည်။

၁၉၈၈ ခုနှစ်အတွင်း ထိုင်း-မြန်မာ နယ်စပ်သို့ ရှောင်တိမ်းကာ စစ်ကျွန်ဘဝရောက် မြန်မာပြည် လွတ်လပ်ရေးအတွက် ၁၉၉၁ အထိ ကြိုးပမ်းခဲ့သည်။ ၁၉၉၁ မှ ၁၉၉၃ အထိ နိုင်ငံရေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခိုလှုံခဲ့သည်။

၁၉၉၃ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး Powell Flutes Company တွင် လက်မှုပညာသည်အဖြစ် ၂၀၀၂ အထိ အသက်မွေးခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ထိုင်းအမျိုးသမီး Bupha Promsit (ak) Mam နှင့် လက်ထပ်ခဲ့သည်။

၂၀၀၂ ခုနှစ်အတွင်း ဗားမောင့်ပြည်နယ် စိန့်အော်လ်ဘန်မြို့သို့ ပြောင်းရွှေ့ကာ SCC ကြွေထည်စက်ရုံတွင် စက်မှုပညာသည်အဖြစ် ၂၀၀၅ အထိ လုပ်ကိုင်အသက်မွေးခဲ့သည်။

၂၀၀၅ တွင် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့သို့ ပြောင်းရွှေ့ကာ UPRR မီးရထား ခေါင်းတွဲပြင်ဌာန၌ လျှပ်စစ်ပညာသည်အဖြစ် အသက်မွေးလျက်ရှိသည်။
ဝါသနာမှာ စာပေ၊ ဂီတ နှင့် လူမှုအကျိုးပြုလုပ်ငန်းများ ဖြစ်သည်။

၂။ ကိုထွန်းထွန်း Albany Chapter (အယ်လ်ဘာနီ ဌာနခွဲ) - ဒုဥက္ကဋ္ဌ

TunTunAlbanyရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် မွေးဖွားကြီးပြင်းခဲ့သည်။ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ရန်ကုန်တက္ကသိုလ်(ကြည့်မြင်တိုင်နယ်မြေ)နှင့် ရန်ကုန်တက္ကသိုလ်(ပင်မ)တွင် သမိုင်းဘာသာအဓိကဖြင့် ပညာသင်ကြားခဲ့သည်။ ၁၉၈၈ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်မှ စတင်၍ တက္ကသိုလ်အသီးသီးသို့ ကူးစက်ပျံ့ နှံ့ခဲ့သည့် ကျောင်းသားအရေးအခင်းမှ အသွင်ကူးပြောင်းခဲ့သော ပြည်သူ့အရေးတော်ပုံတွင် ပါဝင်ခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ လူမျိုးစုနယ်မြေသို့ ထွက်ခွာခဲ့ပြီး ၁၉၉၀ ပြည့်နှစ်အထိ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ရပ်တည်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် မချိုချို နှင့် လက်ထပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် နေထိုင်ခဲ့သည်။

၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့ပြီး ယခုအခါ နယူးယောက်ပြည်နယ် အော်ဘာနီမြို့၌ နေထိုင်လျက်ရှိသည်။ Integrated Liner Technologies တွင် Machine Operator အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပြီး World Financial Group တွင်လည်း Life Insurance Agent အဖြစ် လုပ်ကိုင်လျက်ရှိသည်။

၂၀၁၀ ပြည့်နှစ်တွင် ပြည်သူ့ဂုဏ်ရည်အသင်း အော်လ်ဘာနီဌာနခွဲ တာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပထမအကြိမ် ဂုဏ်ပြုပွဲအပြီး ဖွဲ့စည်းခဲ့သော ယာယီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင်လည်း ဝင်ရောက်တာဝန်ယူခဲ့သည်။

၃။ ကိုအေးမြင့် Arizona Chapter (အရီဇိုးနား ဌာနခွဲ) - အထွေထွေအတွင်းရေးမှူး  

ayemyintazအဖ ဦးအေးမောင်နှင့် အမိ ဒေါ်ကြူတို့က ရန်ကုန်မြို့ တွင် မွေးဖွားခဲ့သည်။ အ.ထ.က(၁) ဒဂုံ မှ ၁၉၇၅ ခုတွင် အထက်တန်းအောင်ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဓာတုဗေဒ အဓိကဖြင့် ပညာသင်ကြားခဲ့သည်။

၁၉၈၄ မှ ၁၉၈၈ ထိ ရန်ကုန်မြို့ရှိ မြန်မာ့ခရီးသွားလုပ်ငန်းတွင် ပြင်သစ်ဘာသာ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့သည်။ ၁၉၈၈ နှစ်လယ် မှ ၁၉၉ဝ ခု နှစ်လယ်အထိ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နေထိုင်ခဲ့သည်။ ၁၉၉ဝ ပြည့် နှစ်လယ်မှစ၍ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခဲ့သည်။

TRW Vehicle Safety Systems စက်ရုံ၊ အရီဇိုးနား ပြည်နယ်အစိုးရ စိုက်ပျိုးရေး ဓာတုဗေဒ ဓာတ်ခွဲခန်း၊ Flip Chip ဆဲမီကွန်ဒပ်တာစက်ရုံ၊ Intel Corporation ဆဲမီကွန်ဒပ်တာ စက်ရုံ စသည်တို့တွင် အလုပ်လုပ်ခဲ့သည်။

ယခုအခါတွင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင် နေထိုင်လျက်ရှိပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ အရီဇိုးနားဌာနခွဲ တာဝန်ခံအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

၎။ ကိုဝေလဝင်း New York Chapter (နယူးယောက် ဌာနခွဲ) - တွဲဖက်အထွေထွေအတွင်းရေးမှူး

WaiLWinNYအဖ ဦးကျော်ဝင်း နှင့် အမိ ဒေါ်မြင့်မြင့်ကြည်တို့က တောင်ကြီးမြို့တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ အစိုးရဝန်ထမ်း ဖြစ်သည့်အားလျော်စွာ ဖခင်ပြောင်းရွှေ့
တာဝန်ထမ်းဆောင်ရာ ကြို့ပင်ကောက်၊ သံလျင်၊ ဟင်္သာတ၊ ပေါက်ခေါင်း၊ ရန်ကုန် စသည့်မြို့များတွင် လှည့်လည်ကြီးပြင်းခဲ့သည်။

ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) နှင့် ပင်မတွင် ဘူမိဗေဒဘာသာ အဓိကဖြင့် ပညာသင်ကြားခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် တက္ကသိုလ်ပညာရေး ပြီးဆုံးပြီး ၁၉၉၄ ခုနှစ်တွင် ပြည်ပသို့ထွက်ခွာ၍ ထိုင်းနိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ရောက်ရှိအခြေချခဲ့သည်။

၂ဝဝ၃ ခုနှစ်တွင် မသီတာမြင့်နှင့် အိမ်ထောင်ပြုခဲ့သည်။

လူမှုရေးလုပ်ငန်းများကို စိတ်ပါဝင်စားသည့်အလျောက် ကျောင်းသားဘဝကပင် နေထိုင်ရာရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ တက္ကသိုလ် ကြက်ခြေနီအသင်း စသည်များတွင် ဝင်ရောက်ပါဝင်ခဲ့သည်။ ကြီးပြင်းလာသောအခါတွင်လည်း နီးစပ်ရာလူမှုရေးလုပ်ငန်းများကို အခါအားလျော်စွာ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ပြည်သူ့ဂုဏ်ရည်အသင်း စတင်ဖွဲ့စည်းစဉ်ကပင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ယာယီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နှင့် နယူးယောက်ဌာနခွဲ (New York Chapter) တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ ယခုအခါတွင် Gemological Institute of America (GIA) နယူးယောက်ကျောက်မျက်ဓာတ်ခွဲခန်းတွင် ကျောက်မျက်ဗေဒပညာရှင်အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသည်။

   [မှတ်ချက် ။ ။ ၂ဝ၁၅ ခု ပြည်သူ့ဂုဏ်ရည်အသင်း ဖွဲ့စည်းပုံစည်းမျဉ်းအရ တာဝန်ခံများ၏ သက်တမ်းမှာ ၂ဝ၁၅ -၂ဝ၁၇ ခုနှစ်ထိ ၂ နှစ် (၂၄ လ) ဖြစ်သည်။]

ဇူလိုင် ၁၉ ရက်၊တနင်္ဂနွေနေ့၊၂ဝ၁၅ ခုနှစ် ဌာနခွဲအသီးသီးမှ ကိုယ်စားလှယ်များ၏အစည်းအဝေးအရ  ၂ဝ၁၅ - ၂ဝ၁၉ ခုနှစ်ထိ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အဖွဲ့ဝင်များမှာ - 

၅။ ကိုစိုးသန်း Buffalo Chapter (ဘတ်လို ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၆။ ကိုဦး Colorado Chapter (ကိုလိုရာဒို ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

ko oo၁၉၇၁ ခုနှစ်တွင် ဧရာဝတီတိုင်း ညောင်တုန်းမြို့တွင် မွေးဖွားခဲ့သည်။ အ-ထ-က(၁) ညောင်တုန်းမြို့နှင့် စက်မှုလက်မှု အထက်တန်းကျောင်း သံတွဲမြို့တွင် ပညာသင်ကြားခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် တောခိုသည်။

၁၉၉၇ ခုနှစ်တွင် အိမ်ထောင်ကျခဲ့ပြီး သား ၂ ယောက် မွေးဖွားခဲ့သည်။

၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွေ့အခြေချပြီး ယနေ့တိုင် ကော်လိုရာဒိုပြည်နယ် ဒင်ဗားမြို့တွင် အခြေချနေထိုင်သည်။

 

 

 

၇။ ကိုဂျွန်ခိုင် Colorado Chapter (ကိုလိုရာဒို ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

john 01၁၉၇၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ပဲခူးတိုင်း ပဲခူးမြို့တွင် မွေးဖွားခဲ့သည်။ အခြေခံမူလတန်းကို အမက (၁၀) ပဲခူး တွင် တက်ရောက်ခဲ့ပြီး အလယ်တန်းနှင့် အထက်တန်းကို အထက (၁) ပဲခူး တွင် ပညာသင်ကြားခဲ့သည်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ပါဝင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် (KNU)တပ်မဟာ (၃) နယ်မြေတွင် ပထမအကြိမ် တောခိုခဲ့ပါသည်။ သို့သော် အသက်အရွယ်အရ ပြည်တွင်းလှုပ်ရှားမှုများတွင် ဆက်လက် လုပ်ဆောင်ရန် တာဝန်ပေးခဲ့သဖြင့် ပြည်တွင်းတွင် ကျောင်းပြန်တက်ခါ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ပါသည်။

၁၉၉၈ ခုနှစ်တွင် ထိုင်းနယ်စပ် မကဒတ (ကျောင်းသားတပ်မတော်) နှင့် ဆက်သွယ်ပြီး မကဒတ သို့ ဝင်ရာက်ခဲ့ပါသည်။

၂၀၀၈ တွင် အမေရိကန်သို့ ရောက်ရှိခဲ့ပြီး ကော်လိုရာဒိုပြည်နယ် ဒင်းဗားမြို့တွင် နေထိုင်လျှက်ရှိသည်။

 

၈။ ကိုသန်းနိုင် Florida Chapter (ဖလော်ရီဒါ ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

thainnaing img 1071

 

ကျောင်းနေစဉ်တွင် ကျိုက်ထိုမြို့နယ်တက္ကသိုလ်ကောလိပ်သိပ္ပံအသင်း၏ အတွင်းရေးမှူးအဖြစ် လုပ်ဆောင်ပါသည်။၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဓါတုဗေဒ အဓိကဖြင့် ဘွဲ့ရရှိခဲ့ပါသည်။

 

ရှစ်လေးလုံးလူထုအရေးတော်ပုံတွင်မြို့နယ်ကျောင်းသားသမဂ္ဂအတွင်းရေးမှူးအဖြစ် လည်းကောင်း၊ အ ထွေထွေသပိတ်ကော်မီတီအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ လုပ်ဆောင်ပါသည်။

 

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး ကျောင်းသားတပ်မတော် တပ်ရင်း(၁ဝ၁)၏ တပ်ရေးအရာရှိ အဖြစ်လည်းကောင်း၊ စခန်းအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ညီလာခံကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ (၉)နှစ်ကြာလုပ်ဆောင်ခဲ့ပါသည်။

၁၉၉၇ခု ဇူလိုင်(၃ဝ)ရက်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပါသည်။

ကိုယ်ပိုင်ဈေးဆိုင်ငယ် ( Mingala Asian Market ) ဖြင့် ဖလော်ရီဒါပြည်နယ်၊ Vero Beach မြို့တွင် နေထိုင်လျက်ရှိပါ သည်။    

မြန်မာပြည်အထက်ပိုင်း မလှိုင်မြို့နယ် နတ်စင်ကုန်းကျေးရွာအုပ်စု ကံရွာတွင် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း ထူထောင်ခြင်း ကျောင်းဆရာ/ဆရာမများလခလှူဒါန်းခြင်း မူလတန်းမှဘွဲ့ရ သည်အထိ ပညာသင်ထောက်ပံ့ကြေးလှူဒါန်းခြင်းများကို ၂ဝဝ၂ ခုနှစ်မှစတင်၍ လက်ရှိအချိန် အထိ တတ်နိုင်သလောက်လုပ်ဆောင်နေပါသည်။

၂ဝ၁၂ခုနှစ်မှစ၍ ပြည်သူ့ဂုဏ်ရည်အသင်း ဖလော်ရီဒါဌာနခွဲ တာဝန်ခံအဖြစ်လည်းကောင်း၊ ဗဟိုအလုပ်အ မှုဆောင် ကော်မီတီဝင်အဖြစ်လည်းကောင်း လုပ်ဆောင်လျက်ရှိပါသည်။

၉။ ကိုစိန်မြင့်အောင် Florida Chapter (ဖလော်ရီဒါ ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၁ဝ။ ကိုနေလင်း Las Vegas chapter (လပ်ဗေးဂတ် ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

ko nay linn lv editedအဖ ဦးမောင်မောင်အေး နှင့် အမိဒေါ်လှလှတို့မှ ရန်ကုန်မြို့တွင်ဖွားမြင်ခဲ့သည်။

၁၉၈၇ တွင် အထက်တန်းအောင်မြင်ခဲ့သည်။

ရန်ကုန်သက္ကသိုလ်(လှိုင်နယ်မြေ)နှင့် ရန်ကုန်ဝိဇ္ဇာသိပံ္ပတက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့ပြီး

၁၉၈၃တွင် ရူပဗေဒဖြင့်ဘွဲ့ရရှိခဲ့သည်။

သတ္ထုတွင်း(၂)ဝန်ကြီးဌာန နှင့် ICAO(UNDP) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၁ မှ ၁၉၉၇ ထိဂျပန်နိုင်ငံတိုကျို မြို့တွင် နေထိုင်ခဲ့သည်။

၂ဝဝ၁ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက် ရှိခဲ့ပြီး၊

Las Vegas မြို့တွင် ဇနီးမစိုးစိုး၊ သားသီဟနေနိုင်တို့နှင်အတူနေထိုင်လျှက်ရှိသည်။

 

 

၁၁။ ကိုကျော်ဝဏ္ဏ  L.A Chapter (လော့စ်အိန်ဂျယ်လိစ် ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် - ဘဏ္ဍာရေးမှူး (၂ဝ၁၆-၂ဝ၁၇)

kyawwunnala

အဖ ဦးကျော်မြင့်၊ အမိ ဒေါ်စန်းစန်းလွင်တို့က ရန်ကုန်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ရူပဗေဒဘာသာရပ်ကို အထူးပြု၍ ပညာသင်ကြားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် စာရေးဆရာမ မိုးချိုသင်း နှင့် အိမ်ထောင်ပြုခဲ့သည်။

ရန်ကုန်မြို့ တွင် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၁၉၉၄ မှ ၂၀၀၂ အထိ စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများရှိ သွင်းကုန်ထုတ်ကုန်လုပ်ငန်းနှင့် စက်ယန္တရားလုပ်ငန်းများတွင် ဒေသဆိုင်ရာမန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ ၂၀၀၃ နှစ်ဆန်းတွင် အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့သို့ ရောက်ရှိ အခြေချနေထိုင်ခဲ့ပြီး U.S. Furniture Incorporation တွင် Operations Manager အဖြစ် ၂၀၀၉ ခုနှစ်အထိ ၇ နှစ်ခန့် ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ Union Pacific Rail Road ကုမ္ပဏီ၏ အင်ဂျင်နီယာဌာန၌ Signal Maintainer အဖြစ် အလုပ် လုပ်ကိုင်လျက်သည်။

ပြည်သူ့ဂုဏ်ရည်အသင်းကို စတင်ဖွဲ့စည်း ထူထောင်ခဲ့သူတစ်ဦးဖြစ်သည်။ ယာယီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် L.A Chapter ကို ကိုယ်စားပြု တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုမှ ၂၀၁၆ ခုနှစ်အတွင်း ပြည်သူ့ဂုဏ်ရည် အသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

 

၁၂။ ကိုတင်မောင်အေး New York Chapter(နယူးယောက် ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

TinMAyeNYအဖ ဦးမောင်မောင်အေး နှင့် အမိဒေါ်ခင်ခင်ကြီး (Susan Hardy) (ကွယ်လွန်) တို့က ရန်ကုန်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။ မိဘနှစ်ပါး၏ သွန်သင်ဆုံးမမှုအောက်တွင် ကြီးပြင်းလာခဲ့ပြီး မိဘများက တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်သည့် သားတစ်ယောက်ဖြစ်စေချင်ခဲ့သည့်အလျောက် နီးစပ်ရာရပ်ရေးရွာရေးကိစ္စများကို ငယ်စဉ်ကပင် တတ်အားသမျှ ဝင်ရောက်လုပ်ဆောင်ခဲ့သည်။ ၁၉၈၆-၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) နှင့် ၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်(ပင်မ) ၌ ပထဝီဘာသာအဓိကဖြင့် ပညာသင်ကြားခဲ့သည်။

၁၉၈၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာခဲ့သည်။ ကယ်လီဖိုးနီးယား ပိုလီတက္ကနစ်တက္ကသိုလ် (California Polytechnic University, Pomona) နှင့် ဆန်ဒီယေးဂိုး ပြည်နယ်တက္ကသိုလ် (San Diego State University) တို့တွင် ကွန်ပျူတာသိပ္ပံ ဘာသာကို အဓိကထား၍ ဆက်လက်ပညာသင်ကြားခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သိပ္ပံဘွဲ့ နှင့် ၂၀၀၇ ခုနှစ်တွင် မဟာသိပ္ပံဘွဲ့တို့ ရရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိချိန်မှစ၍ မြန်မာပြည်အပါအဝင် နိုင်ငံတကာအတွက် လူ့အခွင့်အရေးဆိုင်ရာဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ လူသားချင်းစာနာမှုဖြင့် အကူအညီပေးရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

၂၀၀၆ ခုနှစ်မှစ၍ ယခုအချိန်အထိ ကမ္ဘာ့ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ Global Leadership Training programs အတွက် လူ့အခွင့်အရေးဆိုင်ရာ ဥက္ကဋ္ဌ (UNESCO Chair) နှင့်အတူတွဲ၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပြည်သူ့ဂုဏ်ရည်အသင်း နယူးယောက်ဌာနခွဲ (New York Chapter) တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ယာယီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၂၀၀၈ ခုနှစ်မှစ၍ ယခုအချိန် အထိ နယူးယောက်မြို့ရှိ Broadridge Financial Solutions Company တွင် Sr. Programmer Analyst အဖြစ် လုပ်ကိုင်လျက်ရှိသည်။

၁၃။ ကိုထွန်းထွန်း  Oregon Chapter (အော်ရီဂွန် ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

HtunHtunORဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တွင် ၁၉၆၅ ခုနှစ်၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် ဂီတနှင့် နိုင်ငံတကာရေးရာများကို အထူးစိတ်ဝင်စားခဲ့သည်။ ၁၉၉၀ မှ ၂၀၀၄ ခုနှစ်အထိ ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် မချိုချိုအောင်နှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး ၂ ဦး ထွန်းကားခဲ့သည်။

၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ဒုက္ခသည်တစ်ဦးအဖြစ် မိသားစုနှင့်အတူ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သည်။ လက်ရှိ အော်ရီဂွန်ပြည်နယ်တွင် နေထိုင်လျက်ရှိသည်။

၂၀၁၀ ပြည့်နှစ်၌် ပြည်သူ့ဂုဏ်ရည်အသင်း စတင်ထူထောင်ရာတွင် အော်ရီဂွန်ပြည်နယ်မှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ယာယီဗဟိုအလုပ်အမှုဆောင် အဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိတွင် အမိမြန်မာပြည်အတွက် တတ်နိုင်သည့်ဘက်မှ အကျိုးပြုသွားနိုင်ရန် တတ်စွမ်းနိုင်သရွေ့ လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။


၁၄။ ဦးဝိစာရ  Pittsburgh Chapter (ပစ္စဘတ် ဌာနခွဲ)  - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်


၁၅။ ကိုထိန်လင်း  San Francisco Chapter (ဆန်ဖရန်စစ္စကို ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

htainlinn1ရန်ကုန် တောင်ဥက္ကလာပမြို့နယ်တွင် အဖ ဦးကျော်ညွန့်၊ အမိ ဒေါ်စန်းမြင့်တို့က ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၄ ဦးအနက် ဒုတိယဖြစ်သည်။

အခြေခံပညာကို ဟင်္သာတမြို့၊ ရန်ကုန်မြို့တို့ရှိ စာသင်ကျောင်းများတွင် တက်ရောက်သင်ယူခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ စတင် တက်ရောက်ခဲ့သည်။

စတုတ္ထနှစ် တက်ရောက်နေစဉ် ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနှင့် ကြုံကြိုက်ခဲ့ပြီး ပါဝင်ဆောင်ရွက်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့တွင် ၀င်ရောက်ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများကြောင့် ၂ ကြိမ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

၁၉၉၀ ပြည့်နှစ် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းမှထွက်ကာ မူဆယ်မြို့နယ်၊ တွံတေးမြို့နယ်တို့ရှိ တွဲဖက် အထက်တန်းကျောင်းများတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ဘုန်းတော်ကြီးသင် စာသင်ကျောင်း တစ်ကျောင်း ဖြစ်မြောက်ရေး အပါအ၀င် ပရဟိတ လုပ်ငန်းအချို့တွင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၉၅ ခုတွင် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့(ပထ၀ီဝင်အထူးပြု) ရရှိခဲ့သည်။

၁၉၈၉ ခုနှစ်မှစ၍ စာပေနယ်သို့ ၀င်ရောက်ခဲ့ပြီး စာပေရေးသားခြင်းဖြင့် အသက်မွေးခဲ့သည်။ ၁၉၉၅-၉၆ နှင့် ၁၉၉၉-၂ဝဝဝ တို့တွင် ‘ဂျစ်တူးရုပ်စုံ’၊ ၂ဝဝဝ-၂ဝဝ၁ တွင် ‘ဇီဝက မဂ္ဂဇင်း’ ၌ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။

၂ဝဝ၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် လုံခြုံရေးအခြေအနေအရ ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ‘နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (အေအေပီပီ)’သို့ ဝင်ရောက်ကာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး နိုင်ငံတကာ ဓာတ်ပုံပြပွဲများ ကျင်းပခြင်း၊ နိုင်ငံရေးအကျဉ်းသားစာရင်း ပြုစုခြင်း စသည့်လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၂ဝဝ၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချခဲ့ပြီး ၂ဝဝ၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် မဒီဇင်မိုးနှင့် အိမ်ထောင်ပြုခဲ့သည်။

၂ဝဝ၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်သည့် ချင်းမိုင်မြို့အခြေစိုက် ဧရာဝတီသတင်းဌာန၏ မြန်မာပိုင်း အင်တာနက်မဂ္ဂဇင်း ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး အယ်ဒီတာအဖြစ် ၂ဝဝ၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုအခြေစိုက် ‘လွတ်လပ်တဲ့အာရှအသံ (အာရ်အက်ဖ်အေ)’ ရေဒီယိုတွင် ‘အတွေးသမားတစ်ဦးရဲ့ အာဘော်’ ခေါင်းစဉ်ဖြင့် အပတ်စဉ်အသံလွှင့်ဆောင်းပါး ၄ နှစ် ရေးသားထုတ်လွှင့်ခဲ့သည်။

နော်ဝေအခြေစိုက် ‘ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)’ ရေဒီယိုတွင် ‘နိုင်ငံရေးနှင့် စာပေအနုပညာ’ ခေါင်းစဉ်ဖြင့် အပတ်စဉ်အသံလွှင့်ဆောင်းပါး ၂ နှစ် ရေးသားထုတ်လွှင့်ခဲ့သည်။ အခြားသော သတင်းဌာနများ၊ စာနယ်ဇင်းများတွင်လည်း စာပေရေးသားခြင်းများ လုပ်ဆောင်ခဲ့သည်။ ယခုအချိန်ထိ ကလေးများအတွက် ကဗျာ၊ ပုံပြင်အပါအဝင် စာအုပ် ၆ အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။

ပြည်သူ့ဂုဏ်ရည်အသင်း စတင်ဖွဲ့စည်းခဲ့ရာတွင် ပါဝင်ခဲ့ပြီး ယာယီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆန်ဖရန်စစ္စကိုဌာနခွဲ ကို ကိုယ်စားပြု တာဝန်ယူဆောင်ရွက်ခဲ့သည်။


၁၆။ ကိုဝင်းလှိုင် San Francisco Chapter (ဆန်ဖရန်စစ္စကို ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

 

၁၇။ ကိုမူးသာ (ခေါ်) ဂျေကေမူးဂွတ်လပ်Seattle Chapter (ဆီယက်တယ် ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

muthaကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဇာတိဖြစ်ပြီး အဖ ဦးကိုကိုကြီး နှင့် အမိ ဒေါ်အေးပိုတို့က ၁၉၆၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အခြေခံပညာကို အ.ထ.က(၁) မြစ်ကြီးနားတွင် တက်ရောက်သင်ယူခဲ့ပြီး ၁၉၈၀ မှ ၁၉၈၅ အထိ မန္တလေးတက္ကသိုလ်သို့တက်ရောက်ကာ သိပ္ပံဘွဲ့(ရူပဗေဒ) ရရှိခဲ့သည်။ ထို့ပြင် ရူပဗေဒဆိုင်ရာ လေ့လာမှုအထူးပြု (ရန်ကုန်တက္ကသိုလ် - ၁၉၈၈)၊ အထွေထွေဘာသာရပ်ဆိုင်ရာ လေ့လာသင်ကြားမှု (လော့စ်အိန်ဂျယ်လိစ် ကောလိပ် ၁၉၉၅-၁၉၉၇)၊ စိတ်ပညာဆိုင်ရာ သင်ကြားလေ့လာမှု (ပင်ဆင်ဗေးနီးယား တက္ကသိုလ် - ၁၉၉၈) တို့ကိုလည်း သင်ယူခဲ့သည်။ ဇနီးမှာ မခင်ပပ၀င်း ဖြစ်ပြီး သမီး ၂ ဦး ထွန်းကားခဲ့သည်။

အလုပ်အကိုင်
- မန်နေဂျာ (အမေရိကန် အနောက်မြောက်ဒေသ - ဟစ်ရှို ဆူရှီ ကုမ္မဏီ) (၂၀၁၀ - ၂၀၁၂)
- မိုက်ကရိုဆော့ဖ် ကုမ္ပဏီ ကော်ဖီနှင့်အစားအသောက်အကျွေးအမွေး၏ ဆူရှီစားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူ (၂၀၀၅ -၂၀၁၀)

စားသောက်မှုဆိုင်ရာလုပ်ငန်းခွင်မှတ်တမ်း
- စီမံခန့်ခွဲရေးဌာန အရာရှိ နှင့် ၀ါရင့် စားတော်ကဲ (၁၉၉၉ - ၂၀၀၄)
- ဆူရှီဌာနအကြီးအကဲ - အချိန်ပိုင်း (နယူးယောက်မြို့ တော်ဝန်အသင်း)
- အဆင့်မြင့် သစ်လွင်သောအမြင်သဘောထား
- ဆူရှီ စားတော်ကဲ ဆူရှီဆိုင် လော့စ်အိန်ဂျယ်လိစ် (၁၉၉၆ - ၁၉၉၇)

တက်ရောက်ခဲ့သောသင်တန်းများ
- ဆူရှီစားတော်ကဲသင်တန်း (AFC ကုမ္ပဏီ - လော့စ်အိန်ဂျယ်လိစ် - ၁၉၉၆)
- ကြီးကြပ်ရေးမှူး နှင့် လက်ထောက်မန်နေဂျာ သင်တန်း (AFC ကုမ္ပဏီ)
- အမျိုးသားစားသောက်ဆိုင် အစည်းအရုံး နှင့် အစားအသောက်လုပ်ငန်းဆိုင်ရာ တည်ခင်းမှု စိတ်ချဘေးကင်းရေး ထောက်ခံခြင်း
- ဟစ်စ်ရှို ဆူရှီ (၂၀၁၀ - ၂၀၁၂)
- မန်နေဂျာ အတတ်ပညာပိုင်းကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြင့်ရာထူး သင်တန်း။
- အစားအသောက် ဘေးကင်းစိတ်ချရေးဆိုင်ရာသင်တန်း။
- စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာရောဂါကာကွယ်ရန် တကိုယ်ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ သင်တန်း။
- ဖောက်သည်များဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း။
- အဓိက အချက်အချာ စံတန်ဖိုး အာနိသင် နှင့် ယဉ်ကျေးမှုဆိုင်ရာသင်တန်း။
- ခေါင်းဆောင်မှု တည်ဆောက်ရေးသင်တန်း။
- ကိုယ်စားလှယ်ပိုင်းဆိုင်ရာသင်တန်း။

နိုင်ငံရေးလှုပ်ရှားမှုများ
- ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုကော်မတီဝင် (၂၀၁၀ မှ ယနေ့ထိ)
- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့  (ပြည်ပ)
- အပြည်ပြည်ဆိုင်ရာကျောင်းသားများ အမာခံအဖွဲ့ ဝင် (၂၀၀၈ - ၂၀၁၀)
- ဒီမိုကရက်တစ်မြန်မာကျောင်းသားများအဖွဲ့ 
- နယူးယောက်မြို့ ဒေသဆိုင်ရာအသင်း ညှိနှိုင်းဆောင်ရွက်သူ
- လော့စ်အိန်ဂျလိစ်မြို့ ဒေသဆိုင်ရာအသင်း ညှိနှိုင်းဆောင်ရွက်သူ
- ဗဟိုကော်မတီဝင် - ပြည်ပရောက်မြန်မာကျောင်သားများအဖွဲ့ (၁၉၉၃ - ၁၉၉၅)
- ဗဟိုကော်မတီဝင် - မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး - ဘုရားသုံးဆူဒေသ - (၁၉၈၈ - ၁၉၉၂)
- ဒေသဆိုင်ရာတပ်မှူး - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများဒီမိုကရက်တစ်တပ်ဦး - ဘုရားသုံးဆူဒေသ (၁၉၈၉)
- ၁၉၈၈ ခုနှစ် အရေးတော်ပုံလှုပ်ရှားမှု
က) ၈၈ အထွေထွေသပိတ် နှင့် လေတပ်၊ စစ်တပ်၊ရေတပ် မှ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်
ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ။
ခ) ၀န်ကြီးချုပ်ဟောင်းဦးနု - စင်ပြိုင်အစိုးရ ဖွဲ့စည်းရေးဆိုင်ရာ စည်းရုံးလှုပ်ရှားမှု
ဂ) ဘွဲ့ရကျောင်းသားများ နှင့် ၈၈ အထွေထွေသပိတ် ဆက်စပ်လှုပ်ရှားမှု

၁၈။ ကိုနေလင်း Maryland Chapter (မေရီလန်း ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

naylinအဖ ဦးမျိုးရွှေ နှင့် အမိ ဒေါ်ခင်မြင့်ကြည် ဖြစ်ပြီး ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ၁၉၇၁ ခုနှစ်၌ မွေးဖွားခဲ့သည်။

၁၉၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဘူမိဗေဒဘာသာ အဓိကဖြင့် တက်ရောက်သင်ကြားခဲ့ပြီး ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နိုဘယ်ဆု ကျောင်းသားလှုပ်ရှားမှု၌ ပါဝင်ခြင်းကြောင့် ထိန်းသိမ်းခံရသည်။ ၁၉၉၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီး ပညာဆက်လက်သင်ကြားခွင့်ရရာ ၁၉၉၄ ခုနှစ်တွင် တက္ကသိုလ်ပညာရေး ပြီးဆုံးခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ပြည်ပသို့ထွက်ခွာ၍ စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်သို့ရောက်ရှိခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် Strayer University, Washington D.C မှ Diploma in Computer Information System နှင့် ၂၀၁၂ ခုနှစ်တွင် MSIS (Enterprise Resource Management) ရရှိသည်။

ပြည်သူ့ဂုဏ်ရည်အသင်း စတင်ဖွဲ့စည်းထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ယာယီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် Tri-State Chapter (Washington D.C, Maryland, Virginia) ကို ကိုယ်စားပြု တာဝန်ယူဆောင်ရွက်ခဲ့သည်။ အမိမြေနှင့် ဝေးကွာနေခိုက် အမိနိုင်ငံဧ။် နိုင်ငံရေး၊ လူမှုရေးတို့တွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ဇနီးဖြစ်သူ မတင်မိုးအေး၊ သား မောင်လမင်းမြတ်လင်း တို့နှင့်အတူ မေရီလန်းပြည်နယ် Bethesda မြို့တွင် နေထိုင်လျက်ရှိသည်။

၁၉။ ဦးစိန် Utica Chapter (ယူတီကာ ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၂ဝ။ ကိုဝင်းမြင့်ဦး Korea Chapter ( ကိုရီးယား ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

WinMOoအဖ ဦးငွေသောင်း နှင့် မိခင် ဒေါ်သန်းရွှေတို့က ၁၉၆၈ ခုနှစ် မေလတွင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၌ မွေးဖွားခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ရန်ကုန်မြို့သို့ရောက်ရှိပြီး ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) ၌ မြန်မာစာ အဓိကဘာသာရပ်ဖြင့် ဒုတိယနှစ်အထိ သင်ယူလေ့လာခဲ့သည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီတော်လှန်ရေး လှုပ်ရှားမှုကြီးတွင် တတပ်တအား ပါဝင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး စက်ရုံ၊ အလုပ်ရုံတွင် အလုပ်လုပ်ကိုင်ရင်း ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာအလုပ်သမားများအရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် ၁၉၉၉ ခုနှစ်မှ စတင်ကာ အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကိုရီးယားနိုင်ငံအတွင်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများကို စတင်ခဲ့သည်။ ၂၀၀၂ ခုနှစ် ကိုရီးယားနိုင်ငံ ပူချွန်းမြို့တော်ဝန်ဆုရှင် အဖြစ် ရွေးချယ်ပေးအပ်ခြင်းကို လက်ခံရရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ မြန်မာအသင်း (ကိုရီးယား) ၏ ဥက္ကဋ္ဌနှင့် ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ NLD-LA ကိုရီးယားဌာနခွဲ စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ယခုလက်ရှိ ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) ၏ တာဝန်ခံ၊ သပြေ - ကိုရီးယား (မြန်မာ ကလေးလူငယ် ပညာရေးထောက်ပံ့မှုအဖွဲ့) ၏ ဒါရိုက်တာအဖွဲ့ဝင်၊ မြန်မာအသင်း(ကိုရီယား) အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

၂၁။ ကိုညီညီမျိုး Singapore Chapter ( စင်ကာပူ ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၂၂။ ကိုဘိုဘိုဝင်း Singapore Chapter ( စင်ကာပူ ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

bobowin singapore၁၉၆၄ ခုနှစ် မတ်လ ၁၂ ရက်က ညောင်ဦးမြို့နယ် တက်မကျေးရွာ၌ အဖ ဦးစိုးမြင့်၊ အမိ ဒေါ်မြကြည်တို့က မွေးဖွားခဲ့သည်။

တက်မရွာ မူလတန်းကျောင်း အမှတ်(၁)၊ ကျောက်ပန်းတောင်းမြို့ အထက်တန်းကျောင်း အမှတ်(၁) တို့တွင် တက်ရောက် ပညာသင်ယူခဲ့သည်။

နောက်ပိုင်းတွင် ရန်ကုန် တောင်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ B.E (Electrical Power) ရရှိခဲ့သည်။

ယခုအခါ စင်္ကာပူနိုင်ငံတွင် နေထိုင်လျက်ရှိသည်။ ‘လမ်းပြကြယ်စာကြည့်တိုက်’၏ နာယက ဖြစ်ပြီး ‘ရသအလင်းဖောင်ဒေးရှင်း’၏ ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။

 

 

၂၃။ မထွေးသဉ္ဇာထွန်း United Kingdom Chapter (ယူကေ - ဌာနခွဲ ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

HtweThinzarUKအဖ ဦးထွန်းအေး နှင့် ဒေါ်စန်းစန်းတင် တို့က မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွေးဖွား ကြီးပြင်းခဲ့သည်။ အထက်တန်းပညာကို ၁၉၉၈ ခုနှစ်တွင် အောင်မြင်ခဲ့ပြီး မိဘများ၏အမွေ မိမိစိတ်ဝင်စားရာ ဆေးပညာရပ်ကို လေ့လာဆည်းပူးရန် မိသားစုနှင့်အတူ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဆေးပညာ အထူးပြုဘာသာဘွဲ့ ကို ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ရရှိခဲ့သည်။ ထို့နောက် မိဘနှစ်ပါး၏ ဆေးကုခန်းတွင် ၀င်ရောက်လုပ်ကိုင်ရင်း ဆေးပညာကို ဆက်လက်ဆည်းပူးခဲ့သည်။

၂၀၀၉ ခုနှစ် ယူကေနိုင်ငံသို့  ရောက်ရှိချိန်မှ စတင်ပြီး မိမိဝါသနာပါရာ လူမှုအကျိုးပြုလုပ်ငန်းများကို စိတ်တူကိုယ်တူ UK ရောက် မြန်မာကျောင်းသား သူငယ်ချင်းများနှင့် ပူးပေါင်းမိပြီး နီးစပ်ရာ လူမှုကူညီရေး လုပ်ငန်းများ၊ ဘာသာရေးဆိုင်ရာ လုပ်ငန်းများတွင် သူငယ်ချင်းများနှင့်အတူ တက်ညီလက်ညီ ပါဝင်ကူညီခဲ့သည်။ မြန်မာနိုင်ငံ အပါအoင် နိုင်ငံတကာအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် ဆောင်ရွက်နေကြသော ပြည်တွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းအချို့နှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသော UK အခြေစိုက် မြန်မာတိုင်းရင်းသား အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးဆိုင်ရာ အသိပညာတိုးမြှင့်ရေး လုပ်ငန်းများတွင်လည်း အခါအားလျော်စွာ ကူညီလုပ်ကိုင်ပေးလျက်ရှိသည်။

ငယ်စဉ်အခါကပင် လူသားအကျိုးပြုလုပ်ငန်းများတွင် စိတ်အားထက်သန်ခဲ့သည့် အားလျော်စွာ ၂၀၁၁ ခုနှစ် မေလမှ စတင်ပြီး ပြည်သူ့ ဂုဏ်ရည်အသင်း (UK Chapter) စတင်ဖွဲ့စည်းရာတွင် UK ဌာနခွဲ၏ ပြန်ကြားရေး ကော်မတီဝင်တစ်ဦးအဖြစ်၎င်း၊ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးအဖြစ်၎င်း ကူညီလုပ်ကိုင်ပေးလျက်ရှိသည်။

ယခုအခါ National Health Service (NHS London) ၏ Professional development project တွင် Part time tutor အဖြစ် အလုပ်လုပ်ကိုင်ရင်း ဆေးပညာ (ဘွဲ့လွန်ဘာသာရပ် ဒုတိယပိုင်း) ကို London မြို့တွင် လေ့လာဆည်းပူးလျက်ရှိပါသည်။

၂၄။ ကိုမြတ်စိုးခိုင် United Kingdom Chapter (ယူကေ - ဌာနခွဲ ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

myatsoekhineအဖ ဦးရဲမြင့် နှင့် အမိ ဒေါ်ခင်လေးတို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး စမ်းချောင်းမြို့နယ်(မုန့်-တောင်) တွင် နေထိုင်ခဲ့သည်။ ဖခင်ဖြစ်သူမှာ နှလုံးအထူးကုဆရာဝန်ကြီး(အငြိမ်းစား) ဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးဌာနတွင် အမှုထမ်းဆောင်ခဲ့သည်။ မိခင်ဖြစ်သူမှာ ဖဆပလ ဒေသန္တရဆေးပေးခန်းတွင် ဌာနမှူးဆရာဝန် အဖြစ် အမှုထမ်းဆောင်ခဲ့သည်။

ရန်ကုန် လှိုင်မြို့နယ် အ.မ.က (၁၀) တွင် ၄ တန်းအထိ၊ ၅ တန်းမှ ၁၀ တန်းအထိ အ.ထ.က.(၂) ကမာရွတ်တွင် တက်ရောက်သင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တွင် သတ္တဗေဒ အထူးပြုဖြင့် တတိယနှစ်အထိ သင်ကြားခဲ့သည်။ ပညာသင်ယူစဉ် ကျောင်းကထိန်ပွဲ၊ ဆရာကန်တော့ပွဲများ၌ အမြဲပါဝင် ဆောင်ရွက်ခဲ့သည်။

၁၉၉၈ တွင် ဗြိတိန်သို့ ထွက်ခွာခဲ့သည်။ Liverpool John Moores တက္ကသိုလ်၌ Applied Computer Technology ဘာသာကို တက်ရောက်သင်ကြားခဲ့ပြီး ၂၀၀၃ တွင် ဘွဲ့ရခဲ့သည်။ ထို့နောက် လန်ဒန်မြို့သို့ ပြောင်းရွှေ့ကာ အလုပ်လုပ်ကိုင်ခဲ့သည်။ လက်ရှိ Tesco ကုမ္ပဏီ၌ customer Assistant အဖြစ် လုပ်ကိုင်လျက်ရှိသည်။

၂၀၀၇ တွင် လန်ဒန် နိုင်ငံရေးလှုပ်ရှားမှုထဲသို့ ဝင်ရောက်လုပ်ကိုင်ရင်း လန်ဒန် လူမှုရေးပွဲများ၊ နိုင်ငံရေးပွဲများနှင့် ဘာသာရေးပွဲများတွင် ဝင်ရောက် ကူညီဆောင်ရွက်ခဲ့သည်။ ၂၀၀၉ တွင် အင်္ဂလန်ရောက် ရခိုင်များဖြင့် ဖွဲ့စည်းသော ရခိုင်လူထုအသိုင်းအဝိုင်းတွင် သတင်းနှင့် ဆက်သွယ်ရေး ဒုတာဝန်ခံအဖြစ် ပါဝင်ခဲ့သည်။ ၂၀၁၀ တွင် မသင်းအိစန္ဒီနှင့် အိမ်ထောင်ပြုခဲ့သည်။

၂၀၁၁ စက်တင်ဘာလ ပြည်သူ့ဂုဏ်ရည် (UK-London Chapter) စတင်ဖွဲ့ချိန်မှစ၍ ဌာနခွဲ တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။

[မှတ်ချက်။ ။၂ဝ၁၅ ခု ပြည်သူ့ဂုဏ်ရည်အသင်း ဖွဲ့စည်းပုံစည်းမျဉ်းအရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏သက်တမ်းမှာ ၂ဝ၁၅ -၂ဝ၁၉ ခုနှစ်ထိ ၄ နှစ်(၄၈ လ) ဖြစ်သည်။]

 ၂၅။ ကိုဝင်းညွန့်  L.A Chapter (လော့စ်အိန်ဂျယ်လိစ် ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်-ဘဏ္ဍာရေးမှူး (၂ဝ၁၅-၂ဝ၁၆)

win nyuntအဖဦးထွန်းမြင့် အမိဒေါ်ထွေးကျင်တို့မှ ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် ဝါးတရာကျေးရွာတွင် ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။

၁၉၈၂ ခုနှစ်တွင် အထက်တန်း၊ ၁၉၈၇ ခုနှစ်တွင် ဟင်္သာတ GTI မှ လျှပ်စစ်စွမ်းအား ဘာသာရပ်ဖြင့် အောင်မြင်ခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ Los Angeles သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး Union Pacific Railroad တွင် Electrical Technician အဖြစ် အလုပ်လုပ်ကိုင်လျှက်ရှိသည်။

၂၀၀၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်အသင်း စည်းရုံးတည်ထောင်ချိန်မှ စတင်ပြီး လော့စ်အိန်ဂျယ်လိစ် ဌာနခွဲ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

 

 

 

 

 Reference:

သတင်းထုတ် ပြန်ချက် - ဗ/၁/၂ဝ၁၅    ရက်စွဲ။ ။ဇူလိုင်လ ၃၁ ရက် သောကြာနေ့၊ ၂ဝ၁၅

၂ဝ၁၅ -၂ဝ၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း

ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖွဲ့စည်းပုံ အခြေခံမူနှင့်စည်းမျဉ်းများကို အခြေခံ၍ ဇူလိုင်လ ၁၉ရက်၊ တနင်္ဂနွေ နေ့တွင် ဌာနခွဲ အသီးသီးမှ ကိုယ်စားလှယ်များဖြင့် ၂ဝ၁၅ - ၂ဝ၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည် အသင်း၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကို ဖွဲစည်းခဲ့ပါသည်။ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်မည့် တာဝန်ခံများအား ဇူလိုင် ၂၆ ရက်၊ တနင်္ဂနွေနေ့၊ ၂ဝ၁၅ ခုနှစ်တွင် ကျင်းပသော ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ရွေးချယ် တာဝန်ပေးနိုင်ခဲ့ပါသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်မံပူးပေါင်း၊ ပါဝင်လာမည့် ဌာနခွဲများမှ တင်သွင်းလာမည့် ကိုယ်စား လှယ်များဖြင့် ဆက်လက်တိုးချဲ့ ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။ လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တာဝန်ခံများနှင့် အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

   ဇူလိုင် ၂၆ ရက်၊တနင်္ဂနွေနေ့၊၂ဝ၁၅ ခုနှစ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးအရ တာဝန်ခံများနှင့် -

 

ဇွန်လ ၁၉ ရက် ၂ဝ၁၆ ခုနှစ် (တနင်္ဂနွေနေ့) ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအရ ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌသစ်မှာ-

 

၁။ ဦးကိုလေး                 L.A Chapter     (လော့စ်အိန်ဂျယ်လိစ် ဌာနခွဲ)     - ဥက္ကဋ္ဌ        
၂။ ကိုထွန်းထွန်း             Albany Chapter (အယ်လ်ဘာနီ ဌာနခွဲ)            - ဒုဥက္ကဋ္ဌ            

၃။ ကိုအေးမြင့်               Arizona Chapter (အရီဇိုးနား ဌာနခွဲ)                - အထွေထွေအတွင်းရေးမှူး                

၎။ ကိုဝေလဝင်း              New York Chapter (နယူးယောက် ဌာနခွဲ)         - တွဲဖက် အထွေထွေအတွင်းရေးမှူး

   [မှတ်ချက် ။ ။ ၂ဝ၁၅ ခု ပြည်သူ့ဂုဏ်ရည်အသင်း ဖွဲ့စည်းပုံစည်းမျဉ်းအရ တာဝန်ခံများ၏ သက်တမ်းမှာ ၂ဝ၁၅ -၂ဝ၁၇ ခုနှစ်ထိ ၂ နှစ် (၂၄ လ) ဖြစ်သည်။]

 

   ဇူလိုင် ၁၉ ရက်၊တနင်္ဂနွေနေ့၊၂ဝ၁၅ ခုနှစ် ဌာနခွဲအသီးသီးမှ ကိုယ်စားလှယ်များ၏အစည်းအဝေးအရ အဖွဲ့ဝင်များမှာ -          
၅။ ကိုစိုးသန်း               Buffalo Chapter (ဘတ်လို ဌာနခွဲ)               - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၆။ ကိုဦး                     Colorado Chapter (ကိုလိုရာဒို ဌာနခွဲ)             - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၇။ ကိုဆွေကို               Colorado Chapter (ကိုလိုရာဒို ဌာနခွဲ)               - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၈။ ကိုသန်းနိုင်               Florida Chapter (ဖလော်ရီဒါ ဌာနခွဲ)                - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၉။ ကိုစိန်မြင့်အောင်       Florida Chapter (ဖလော်ရီဒါ ဌာနခွဲ)                - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၁ဝ။ ကိုနေလင်း             Las Vegas chapter (လပ်ဗေးဂတ် ဌာနခွဲ)          - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၁။ကိုကျော်ဝဏ္ဏ            L.A Chapter (လော့စ်အိန်ဂျယ်လိစ် ဌာနခွဲ)          - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

                                     ဘဏ္ဍာရေးမှူး (၂ဝ၁၆-၂ဝ၁၇) (ဇူလိုင်လ ၂ ရက် နေ့ ထုတ်ပြန်ချက်အရ)

၁၂။ ကိုတင်မောင်အေး     New York Chapter (နယူးယောက် ဌာနခွဲ)        - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၃။ ကိုထွန်းထွန်း           Oregon Chapter (အော်ရီဂွန် ဌာနခွဲ)                - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၄။ ဦးဝိစာရ                 Pittsburgh Chapter (ပစ္စဘတ် ဌာနခွဲ)              - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၅။ ကိုထိန်လင်း            San Francisco Chapter (ဆန်ဖရန်စစ္စကို ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၁၆။ ကိုဝင်းလှိုင်             San Francisco Chapter (ဆန်ဖရန်စစ္စကို ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၁၇။ ကိုမူးသာ               Seattle Chapter (ဆီယက်တယ် ဌာနခွဲ)             - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၁၈။ ကိုနေလင်း             Maryland Chapter (မေရီလန်း ဌာနခွဲ)              - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၁၉။ ဦးစိန်                     Utica Chapter (ယူတီကာ ဌာနခွဲ)                    - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၂ဝ။ ကိုဝင်းမြင့်ဦး           Korea Chapter ( ကိုရီးယား ဌာနခွဲ)                   - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၂၁။ ကိုညီညီမျိုး             Singapore Chapter ( စင်ကာပူ ဌာနခွဲ)            - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၂၂။ ကိုဘိုဘိုဝင်း           Singapore Chapter ( စင်ကာပူ ဌာနခွဲ)               - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၂၃။ မထွေးသဉ္ဇာထွန်း       United Kingdom Chapter (ယူကေ - ဌာနခွဲ )     - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၂၄။ ကိုမြတ်စိုးခိုင်          United Kingdom Chapter (ယူကေ - ဌာနခွဲ )     - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

[မှတ်ချက်။ ။၂ဝ၁၅ ခု ပြည်သူ့ဂုဏ်ရည်အသင်း ဖွဲ့စည်းပုံစည်းမျဉ်းအရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏သက်တမ်းမှာ ၂ဝ၁၅ -၂ဝ၁၉ ခုနှစ်ထိ ၄ နှစ်(၄၈ လ) ဖြစ်သည်။]

 

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်သူ့ဂုဏ်ရည်အသင်း


Archives:(မှတ်တမ်း)

အောက်ပါ ဗဟိုအလုပ်အမှုဆောင်များသည် ဇူလိုင်လ(၁၉)ရက်၊ တနင်္ဂနွေနေ့၊ ၂ဝ၁၅ ခု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအရ သက်တမ်းပြည့်နှုတ်ထွက်ပြီးဖြစ်သည်။

၂ဝ၁၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဌာနခွဲအသစ်များနှင့် အဆင်သင့်ဖြစ်သော ဌာနခွဲများမှ အဖွဲ့ဝင်များ ထပ်မံဝင်ရောက်လာခဲ့ပါသည်။ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များမှာ ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

၁။ ကိုဝေလဝင်း (နယူးယောက်ဌာနခွဲ) - ဥက္ကဋ္ဌ

အဖ ဦးကျော်ဝင်း နှင့် အမိ ဒေါ်မြင့်မြင့်ကြည်တို့က တောင်ကြီးမြို့တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ အစိုးရဝန်ထမ်း ဖြစ်သည့်အားလျော်စွာ ဖခင်ပြောင်းရွှေ့
တာဝန်ထမ်းဆောင်ရာ ကြို့ပင်ကောက်၊ သံလျင်၊ ဟင်္သာတ၊ ပေါက်ခေါင်း၊ ရန်ကုန် စသည့်မြို့များတွင် လှည့်လည်ကြီးပြင်းခဲ့သည်။

ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) နှင့် ပင်မတွင် ဘူမိဗေဒဘာသာ အဓိကဖြင့် ပညာသင်ကြားခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် တက္ကသိုလ်ပညာရေး ပြီးဆုံးပြီး ၁၉၉၄ ခုနှစ်တွင် ပြည်ပသို့ထွက်ခွာ၍ ထိုင်းနိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ရောက်ရှိအခြေချခဲ့သည်။

၂ဝဝ၃ ခုနှစ်တွင် မသီတာမြင့်နှင့် အိမ်ထောင်ပြုခဲ့သည်။

လူမှုရေးလုပ်ငန်းများကို စိတ်ပါဝင်စားသည့်အလျောက် ကျောင်းသားဘဝကပင် နေထိုင်ရာရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ တက္ကသိုလ် ကြက်ခြေနီအသင်း စသည်များတွင် ဝင်ရောက်ပါဝင်ခဲ့သည်။ ကြီးပြင်းလာသောအခါတွင်လည်း နီးစပ်ရာလူမှုရေးလုပ်ငန်းများကို အခါအားလျော်စွာ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ပြည်သူ့ဂုဏ်ရည်အသင်း စတင်ဖွဲ့စည်းစဉ်ကပင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ယာယီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နှင့် နယူးယောက်ဌာနခွဲ (New York Chapter) တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ ယခုအခါတွင် Gemological Institute of America (GIA) နယူးယောက်ကျောက်မျက်ဓာတ်ခွဲခန်းတွင် ကျောက်မျက်ဗေဒပညာရှင်အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသည်။

၂။ ကိုဝင်းသူအောင် (လက်စ်ဗေးဂတ်ဌာနခွဲ) - ဒုဥက္ကဋ္ဌ

WinTAungအဖ ဦးမောင်မောင်လေး နှင့် အမိ ဒေါ်စောစောဌေး တို့က ရန်ကုန်မြို့ စမ်းချောင်းရပ်တွင် မွေးဖွားကြီးပြင်းခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ် သို့ တက်ရောက်ခဲ့ပြီး လျှပ်စစ်စွမ်းအားဘာသာရပ်အဓိကဖြင့် စတုတ္ထနှစ်အထိ ပညာသင်ကြားခဲ့သည်။

၁၉၉၉ ခုနှစ် နှစ်ဆန်းတွင် အမေရိကန်ပြည်ထောင်စု သို့ စတင်ရောက်ရှိခဲ့ပြီး ယခုအခါ Nevada ပြည်နယ် Las Vegas မြို့ ၌ နေထိုင်လျက်ရှိသည်။ ၂၀၀၂ ခုနှစ်တွင် အီလက်ထွန်နစ်နည်းပညာဘွဲ့ကို College of Southern Nevada မှ၎င်း၊ ၂၀၀၆ ခုနှစ်တွင် နိုင်ငံရေးသိပ္ပံဘွဲ့ကို University of Nevada, Las Vegas မှ၎င်း၊ ၂၀၀၉ ခုနှစ်တွင် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာမဟာဘွဲ့ကို University of Illinois, Springfield မှ၎င်း အသီးသီး ရရှိခဲ့သည်။

၂၀၀၀ ခုနှစ် မှ ၂၀၀၆ ခုနှစ်အတွင်း Panda Restaurant Group Inc. တွင် Assistant Manager of Operation အဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ် မှ ယခုထိ Nielsen Media Research Company တွင် Field Representative အဖြစ် လုပ်ကိုင်လျက်ရှိသည်။

၂၀၁၀ ခုနှစ်တွင် ပြည်သူ့ဂုဏ်ရည်အသင်း၏ ရည်ရွယ်ချက်နှင့် လူမှုအကျိုးပြုလုပ်ငန်များကို လေးစားယုံကြည်သည့်အတွက် Las Vegas ဌာနခွဲ ကိုယ်စားလှယ်အဖြစ်၎င်း၊ ယာယီဖွဲ့စည်းထားသော ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် အဖွဲ့ဝင်အဖြစ်၎င်း ဝင်ရောက်ကူညီဆောင်ရွက်ခဲ့သည်။

၃။ ကိုထွန်းထွန်း (အော်ရီဂွန်ဌာနခွဲ) - အတွင်းရေးမှူးအဖွဲ့ဝင်

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တွင် ၁၉၆၅ ခုနှစ်၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် ဂီတနှင့် နိုင်ငံတကာရေးရာများကို အထူးစိတ်ဝင်စားခဲ့သည်။ ၁၉၉၀ မှ ၂၀၀၄ ခုနှစ်အထိ ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် မချိုချိုအောင်နှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး ၂ ဦး ထွန်းကားခဲ့သည်။

၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ဒုက္ခသည်တစ်ဦးအဖြစ် မိသားစုနှင့်အတူ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သည်။ လက်ရှိ အော်ရီဂွန်ပြည်နယ်တွင် နေထိုင်လျက်ရှိသည်။

၂၀၁၀ ပြည့်နှစ်၌် ပြည်သူ့ဂုဏ်ရည်အသင်း စတင်ထူထောင်ရာတွင် အော်ရီဂွန်ပြည်နယ်မှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ယာယီဗဟိုအလုပ်အမှုဆောင် အဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိတွင် အမိမြန်မာပြည်အတွက် တတ်နိုင်သည့်ဘက်မှ အကျိုးပြုသွားနိုင်ရန် တတ်စွမ်းနိုင်သရွေ့ လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

၎။ ကိုထွန်းထွန်း (အော်ဘနီဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် မွေးဖွားကြီးပြင်းခဲ့သည်။ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ရန်ကုန်တက္ကသိုလ်(ကြည့်မြင်တိုင်နယ်မြေ)နှင့် ရန်ကုန်တက္ကသိုလ်(ပင်မ)တွင် သမိုင်းဘာသာအဓိကဖြင့် ပညာသင်ကြားခဲ့သည်။ ၁၉၈၈ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်မှ စတင်၍ တက္ကသိုလ်အသီးသီးသို့ ကူးစက်ပျံ့ နှံ့ခဲ့သည့် ကျောင်းသားအရေးအခင်းမှ အသွင်ကူးပြောင်းခဲ့သော ပြည်သူ့အရေးတော်ပုံတွင် ပါဝင်ခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ လူမျိုးစုနယ်မြေသို့ ထွက်ခွာခဲ့ပြီး ၁၉၉၀ ပြည့်နှစ်အထိ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ရပ်တည်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် မချိုချို နှင့် လက်ထပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် နေထိုင်ခဲ့သည်။

၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့ပြီး ယခုအခါ နယူးယောက်ပြည်နယ် အော်ဘာနီမြို့၌ နေထိုင်လျက်ရှိသည်။ Integrated Liner Technologies တွင် Machine Operator အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပြီး World Financial Group တွင်လည်း Life Insurance Agent အဖြစ် လုပ်ကိုင်လျက်ရှိသည်။

၂၀၁၀ ပြည့်နှစ်တွင် ပြည်သူ့ဂုဏ်ရည်အသင်း အော်လ်ဘာနီဌာနခွဲ တာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပထမအကြိမ် ဂုဏ်ပြုပွဲအပြီး ဖွဲ့စည်းခဲ့သော ယာယီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင်လည်း ဝင်ရောက်တာဝန်ယူခဲ့သည်။

၅။ ကိုအေးမြင့် (အရီဇိုးနားဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

အဖ ဦးအေးမောင်နှင့် အမိ ဒေါ်ကြူတို့က ရန်ကုန်မြို့ တွင် မွေးဖွားခဲ့သည်။ အ.ထ.က(၁) ဒဂုံ မှ ၁၉၇၅ ခုတွင် အထက်တန်းအောင်ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဓာတုဗေဒ အဓိကဖြင့် ပညာသင်ကြားခဲ့သည်။

၁၉၈၄ မှ ၁၉၈၈ ထိ ရန်ကုန်မြို့ရှိ မြန်မာ့ခရီးသွားလုပ်ငန်းတွင် ပြင်သစ်ဘာသာ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့သည်။ ၁၉၈၈ နှစ်လယ် မှ ၁၉၉ဝ ခု နှစ်လယ်အထိ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နေထိုင်ခဲ့သည်။ ၁၉၉ဝ ပြည့် နှစ်လယ်မှစ၍ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခဲ့သည်။

TRW Vehicle Safety Systems စက်ရုံ၊ အရီဇိုးနား ပြည်နယ်အစိုးရ စိုက်ပျိုးရေး ဓာတုဗေဒ ဓာတ်ခွဲခန်း၊ Flip Chip ဆဲမီကွန်ဒပ်တာစက်ရုံ၊ Intel Corporation ဆဲမီကွန်ဒပ်တာ စက်ရုံ စသည်တို့တွင် အလုပ်လုပ်ခဲ့သည်။

ယခုအခါတွင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့တွင် နေထိုင်လျက်ရှိပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ အရီဇိုးနားဌာနခွဲ တာဝန်ခံအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

၆။ ဦးကိုလေး (ခ) ဦးတင်မောင်လေး (လော့စ်အိန်ဂျယ်လိစ်ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

ရခိုင်ပြည်နယ် သံတွဲမြို့ ဇာတိ ဖြစ်ပြီး စိတ်ပညာ နောက်ဆုံးနှစ်အထိ တက်ရောက်ခဲ့သည်။

၁၉၇၈ မှ ၁၉၈၈ အထိ တပ်မတော်လေတပ်တွင် စက်မှုစစ်သည်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၈၈ အရေးအခင်းကာလအတွင်း ပြည်သူများဘက်မှ ရပ်တည်ကာ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့သည်။

၁၉၈၈ ခုနှစ်အတွင်း ထိုင်း-မြန်မာ နယ်စပ်သို့ ရှောင်တိမ်းကာ စစ်ကျွန်ဘဝရောက် မြန်မာပြည် လွတ်လပ်ရေးအတွက် ၁၉၉၁ အထိ ကြိုးပမ်းခဲ့သည်။ ၁၉၉၁ မှ ၁၉၉၃ အထိ နိုင်ငံရေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခိုလှုံခဲ့သည်။

၁၉၉၃ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး Powell Flutes Company တွင် လက်မှုပညာသည်အဖြစ် ၂၀၀၂ အထိ အသက်မွေးခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ထိုင်းအမျိုးသမီး Bupha Promsit (ak) Mam နှင့် လက်ထပ်ခဲ့သည်။

၂၀၀၂ ခုနှစ်အတွင်း ဗားမောင့်ပြည်နယ် စိန့်အော်လ်ဘန်မြို့သို့ ပြောင်းရွှေ့ကာ SCC ကြွေထည်စက်ရုံတွင် စက်မှုပညာသည်အဖြစ် ၂၀၀၅ အထိ လုပ်ကိုင်အသက်မွေးခဲ့သည်။

၂၀၀၅ တွင် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့သို့ ပြောင်းရွှေ့ကာ UPRR မီးရထား ခေါင်းတွဲပြင်ဌာန၌ လျှပ်စစ်ပညာသည်အဖြစ် အသက်မွေးလျက်ရှိသည်။
ဝါသနာမှာ စာပေ၊ ဂီတ နှင့် လူမှုအကျိုးပြုလုပ်ငန်းများ ဖြစ်သည်။

၇။ ကိုတင်မောင်အေး (ခေါ်) Tim Aye-Hardy (နယူးယောက်ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

အဖ ဦးမောင်မောင်အေး နှင့် အမိဒေါ်ခင်ခင်ကြီး (Susan Hardy) (ကွယ်လွန်) တို့က ရန်ကုန်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။ မိဘနှစ်ပါး၏ သွန်သင်ဆုံးမမှုအောက်တွင် ကြီးပြင်းလာခဲ့ပြီး မိဘများက တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်သည့် သားတစ်ယောက်ဖြစ်စေချင်ခဲ့သည့်အလျောက် နီးစပ်ရာရပ်ရေးရွာရေးကိစ္စများကို ငယ်စဉ်ကပင် တတ်အားသမျှ ဝင်ရောက်လုပ်ဆောင်ခဲ့သည်။ ၁၉၈၆-၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) နှင့် ၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်(ပင်မ) ၌ ပထဝီဘာသာအဓိကဖြင့် ပညာသင်ကြားခဲ့သည်။

၁၉၈၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာခဲ့သည်။ ကယ်လီဖိုးနီးယား ပိုလီတက္ကနစ်တက္ကသိုလ် (California Polytechnic University, Pomona) နှင့် ဆန်ဒီယေးဂိုး ပြည်နယ်တက္ကသိုလ် (San Diego State University) တို့တွင် ကွန်ပျူတာသိပ္ပံ ဘာသာကို အဓိကထား၍ ဆက်လက်ပညာသင်ကြားခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သိပ္ပံဘွဲ့ နှင့် ၂၀၀၇ ခုနှစ်တွင် မဟာသိပ္ပံဘွဲ့တို့ ရရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိချိန်မှစ၍ မြန်မာပြည်အပါအဝင် နိုင်ငံတကာအတွက် လူ့အခွင့်အရေးဆိုင်ရာဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ လူသားချင်းစာနာမှုဖြင့် အကူအညီပေးရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

၂၀၀၆ ခုနှစ်မှစ၍ ယခုအချိန်အထိ ကမ္ဘာ့ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ Global Leadership Training programs အတွက် လူ့အခွင့်အရေးဆိုင်ရာ ဥက္ကဋ္ဌ (UNESCO Chair) နှင့်အတူတွဲ၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပြည်သူ့ဂုဏ်ရည်အသင်း နယူးယောက်ဌာနခွဲ (New York Chapter) တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ယာယီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၂၀၀၈ ခုနှစ်မှစ၍ ယခုအချိန် အထိ နယူးယောက်မြို့ရှိ Broadridge Financial Solutions Company တွင် Sr. Programmer Analyst အဖြစ် လုပ်ကိုင်လျက်ရှိသည်။

၈။ ကိုမုသာ (ခေါ်) ဂျေကေမူးဂွတ်လပ် (ဆီယက်တယ်ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဇာတိဖြစ်ပြီး အဖ ဦးကိုကိုကြီး နှင့် အမိ ဒေါ်အေးပိုတို့က ၁၉၆၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အခြေခံပညာကို အ.ထ.က(၁) မြစ်ကြီးနားတွင် တက်ရောက်သင်ယူခဲ့ပြီး ၁၉၈၀ မှ ၁၉၈၅ အထိ မန္တလေးတက္ကသိုလ်သို့တက်ရောက်ကာ သိပ္ပံဘွဲ့(ရူပဗေဒ) ရရှိခဲ့သည်။ ထို့ပြင် ရူပဗေဒဆိုင်ရာ လေ့လာမှုအထူးပြု (ရန်ကုန်တက္ကသိုလ် - ၁၉၈၈)၊ အထွေထွေဘာသာရပ်ဆိုင်ရာ လေ့လာသင်ကြားမှု (လော့စ်အိန်ဂျယ်လိစ် ကောလိပ် ၁၉၉၅-၁၉၉၇)၊ စိတ်ပညာဆိုင်ရာ သင်ကြားလေ့လာမှု (ပင်ဆင်ဗေးနီးယား တက္ကသိုလ် - ၁၉၉၈) တို့ကိုလည်း သင်ယူခဲ့သည်။ ဇနီးမှာ မခင်ပပ၀င်း ဖြစ်ပြီး သမီး ၂ ဦး ထွန်းကားခဲ့သည်။

အလုပ်အကိုင်
- မန်နေဂျာ (အမေရိကန် အနောက်မြောက်ဒေသ - ဟစ်ရှို ဆူရှီ ကုမ္မဏီ) (၂၀၁၀ - ၂၀၁၂)
- မိုက်ကရိုဆော့ဖ် ကုမ္ပဏီ ကော်ဖီနှင့်အစားအသောက်အကျွေးအမွေး၏ ဆူရှီစားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူ (၂၀၀၅ -၂၀၁၀)

စားသောက်မှုဆိုင်ရာလုပ်ငန်းခွင်မှတ်တမ်း
- စီမံခန့်ခွဲရေးဌာန အရာရှိ နှင့် ၀ါရင့် စားတော်ကဲ (၁၉၉၉ - ၂၀၀၄)
- ဆူရှီဌာနအကြီးအကဲ - အချိန်ပိုင်း (နယူးယောက်မြို့ တော်ဝန်အသင်း)
- အဆင့်မြင့် သစ်လွင်သောအမြင်သဘောထား
- ဆူရှီ စားတော်ကဲ ဆူရှီဆိုင် လော့စ်အိန်ဂျယ်လိစ် (၁၉၉၆ - ၁၉၉၇)

တက်ရောက်ခဲ့သောသင်တန်းများ
- ဆူရှီစားတော်ကဲသင်တန်း (AFC ကုမ္ပဏီ - လော့စ်အိန်ဂျယ်လိစ် - ၁၉၉၆)
- ကြီးကြပ်ရေးမှူး နှင့် လက်ထောက်မန်နေဂျာ သင်တန်း (AFC ကုမ္ပဏီ)
- အမျိုးသားစားသောက်ဆိုင် အစည်းအရုံး နှင့် အစားအသောက်လုပ်ငန်းဆိုင်ရာ တည်ခင်းမှု စိတ်ချဘေးကင်းရေး ထောက်ခံခြင်း
- ဟစ်စ်ရှို ဆူရှီ (၂၀၁၀ - ၂၀၁၂)
- မန်နေဂျာ အတတ်ပညာပိုင်းကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြင့်ရာထူး သင်တန်း။
- အစားအသောက် ဘေးကင်းစိတ်ချရေးဆိုင်ရာသင်တန်း။
- စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာရောဂါကာကွယ်ရန် တကိုယ်ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ သင်တန်း။
- ဖောက်သည်များဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း။
- အဓိက အချက်အချာ စံတန်ဖိုး အာနိသင် နှင့် ယဉ်ကျေးမှုဆိုင်ရာသင်တန်း။
- ခေါင်းဆောင်မှု တည်ဆောက်ရေးသင်တန်း။
- ကိုယ်စားလှယ်ပိုင်းဆိုင်ရာသင်တန်း။

နိုင်ငံရေးလှုပ်ရှားမှုများ
- ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုကော်မတီဝင် (၂၀၁၀ မှ ယနေ့ထိ)
- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့  (ပြည်ပ)
- အပြည်ပြည်ဆိုင်ရာကျောင်းသားများ အမာခံအဖွဲ့ ဝင် (၂၀၀၈ - ၂၀၁၀)
- ဒီမိုကရက်တစ်မြန်မာကျောင်းသားများအဖွဲ့ 
- နယူးယောက်မြို့ ဒေသဆိုင်ရာအသင်း ညှိနှိုင်းဆောင်ရွက်သူ
- လော့စ်အိန်ဂျလိစ်မြို့ ဒေသဆိုင်ရာအသင်း ညှိနှိုင်းဆောင်ရွက်သူ
- ဗဟိုကော်မတီဝင် - ပြည်ပရောက်မြန်မာကျောင်သားများအဖွဲ့ (၁၉၉၃ - ၁၉၉၅)
- ဗဟိုကော်မတီဝင် - မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး - ဘုရားသုံးဆူဒေသ - (၁၉၈၈ - ၁၉၉၂)
- ဒေသဆိုင်ရာတပ်မှူး - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများဒီမိုကရက်တစ်တပ်ဦး - ဘုရားသုံးဆူဒေသ (၁၉၈၉)
- ၁၉၈၈ ခုနှစ် အရေးတော်ပုံလှုပ်ရှားမှု
က) ၈၈ အထွေထွေသပိတ် နှင့် လေတပ်၊ စစ်တပ်၊ရေတပ် မှ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်
ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ။
ခ) ၀န်ကြီးချုပ်ဟောင်းဦးနု - စင်ပြိုင်အစိုးရ ဖွဲ့စည်းရေးဆိုင်ရာ စည်းရုံးလှုပ်ရှားမှု
ဂ) ဘွဲ့ရကျောင်းသားများ နှင့် ၈၈ အထွေထွေသပိတ် ဆက်စပ်လှုပ်ရှားမှု

၉။ ကိုနေလင်း (မေရီလန်းဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

အဖ ဦးမျိုးရွှေ နှင့် အမိ ဒေါ်ခင်မြင့်ကြည် ဖြစ်ပြီး ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ၁၉၇၁ ခုနှစ်၌ မွေးဖွားခဲ့သည်။

၁၉၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဘူမိဗေဒဘာသာ အဓိကဖြင့် တက်ရောက်သင်ကြားခဲ့ပြီး ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နိုဘယ်ဆု ကျောင်းသားလှုပ်ရှားမှု၌ ပါဝင်ခြင်းကြောင့် ထိန်းသိမ်းခံရသည်။ ၁၉၉၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီး ပညာဆက်လက်သင်ကြားခွင့်ရရာ ၁၉၉၄ ခုနှစ်တွင် တက္ကသိုလ်ပညာရေး ပြီးဆုံးခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ပြည်ပသို့ထွက်ခွာ၍ စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်သို့ရောက်ရှိခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် Strayer University, Washington D.C မှ Diploma in Computer Information System နှင့် ၂၀၁၂ ခုနှစ်တွင် MSIS (Enterprise Resource Management) ရရှိသည်။

ပြည်သူ့ဂုဏ်ရည်အသင်း စတင်ဖွဲ့စည်းထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ယာယီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် Tri-State Chapter (Washington D.C, Maryland, Virginia) ကို ကိုယ်စားပြု တာဝန်ယူဆောင်ရွက်ခဲ့သည်။ အမိမြေနှင့် ဝေးကွာနေခိုက် အမိနိုင်ငံဧ။် နိုင်ငံရေး၊ လူမှုရေးတို့တွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ဇနီးဖြစ်သူ မတင်မိုးအေး၊ သား မောင်လမင်းမြတ်လင်း တို့နှင့်အတူ မေရီလန်းပြည်နယ် Bethesda မြို့တွင် နေထိုင်လျက်ရှိသည်။

၁ဝ။ ကိုဝင်းမြင့်ဦး (ကိုရီးယားဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

အဖ ဦးငွေသောင်း နှင့် မိခင် ဒေါ်သန်းရွှေတို့က ၁၉၆၈ ခုနှစ် မေလတွင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၌ မွေးဖွားခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ရန်ကုန်မြို့သို့ရောက်ရှိပြီး ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) ၌ မြန်မာစာ အဓိကဘာသာရပ်ဖြင့် ဒုတိယနှစ်အထိ သင်ယူလေ့လာခဲ့သည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီတော်လှန်ရေး လှုပ်ရှားမှုကြီးတွင် တတပ်တအား ပါဝင်ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး စက်ရုံ၊ အလုပ်ရုံတွင် အလုပ်လုပ်ကိုင်ရင်း ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာအလုပ်သမားများအရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် ၁၉၉၉ ခုနှစ်မှ စတင်ကာ အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကိုရီးယားနိုင်ငံအတွင်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများကို စတင်ခဲ့သည်။ ၂၀၀၂ ခုနှစ် ကိုရီးယားနိုင်ငံ ပူချွန်းမြို့တော်ဝန်ဆုရှင် အဖြစ် ရွေးချယ်ပေးအပ်ခြင်းကို လက်ခံရရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ မြန်မာအသင်း (ကိုရီးယား) ၏ ဥက္ကဋ္ဌနှင့် ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ NLD-LA ကိုရီးယားဌာနခွဲ စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ယခုလက်ရှိ ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) ၏ တာဝန်ခံ၊ သပြေ - ကိုရီးယား (မြန်မာ ကလေးလူငယ် ပညာရေးထောက်ပံ့မှုအဖွဲ့) ၏ ဒါရိုက်တာအဖွဲ့ဝင်၊ မြန်မာအသင်း(ကိုရီယား) အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

၁၁။ ကိုထွန်းအောင်ကျော် (ဂျပန်ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

HtunAKyawJpအဖ ဦးသောင်းမြင့်၊ အမိ ဒေါ်သောင်းကြည် တို့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် မွေးဖွားခဲ့သည်။ မြောက်ဥက္ကလာပမြို့နယ်၊ ကမာရွတ်မြို့နယ်တို့တွင် နေထိုင်ခဲ့ပြီး အခြေခံပညာအဆင့်ကို မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ် တို့တွင် သင်ယူခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၌ မြန်မာစာအဓိကဖြင့် တက်ရောက်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ပညာသင်ကြားခွင့် ရပ်ဆိုင်းခြင်း ခံခဲ့ရသည်။

၁၉၇၉ ခုနှစ်တွင် မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းနှင့် အဖွဲ့သို့ ၀င်ရောက်ခဲ့၍ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၁၉၈၃ ခုနှစ်မှစ၍ အဆင့်မြင့်ပညာဦးစီးဌာနတွင် ၀န်ထမ်းအဖြစ် ပြည်ပ မထွက်ခွာမီ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကလိုလ် (လှိုင်နယ်မြေ) ကြက်ခြေနီအသင်းသို့ ၀င်ရောက်ခဲ့ပြီး ၁၉၈၇ ခုနှစ် ၁၆ ကြိမ်မြောက် စံပြကြက်ခြေနီ စီမံကိန်း၌ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကိုယ်စားပြု ရွေးချယ်ခြင်း ခံခဲ့ရသည်။ ၁၉၈၇ ခုနှစ် ပညာသင်ကာလတွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မြန်မာစာအသင်း၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ပြည်ပသို့ ထွက်ခွာခဲ့ပြီး ထိုင်း၊ စင်္ကာပူ၊ မလေးရှားနိုင်ငံများတွင် လှည့်လည်နေထိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိကာ အချိန်ပိုင်း ကျောင်းတက်ခြင်း၊ မိမိကိုယ်ပိုင်စီးပွားရေးများ လုပ်ကိုင်ခဲ့ပါသည်။

ယခုအခါ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ်၎င်း၊ ဂျပန်ဌာနခွဲ၏ စည်းရုံးရေး ကော်မတီဝင်အဖြစ်၎င်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

၁၂။ ကိုစိုးစံ (ဂျပန်ဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

SoeSanJPအဖ ဒုညွှန်မှူး ဦးစောဦး၊ အမိ ဆရာမ ဒေါ်တင်တင်နွယ်တို့၏ တတိယမြောက်သား ဖြစ်သည်။ ၁၉၈၅ ခုနှစ်မှ ၁၉၉၁ အထိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) နှင့် ရန်ကုန်တက္ကသိုလ် (ပင်မ) တွင် သင်္ချာအဓိကဖြင့် တတိယနှစ်ထိ တက်ရောက်သင်ယူခဲ့သည်။

၁၉၈၈ မတိုင်မီမှစ၍ ဒီမိုကရေစီလှုပ်ရှားမှုများတွင် မထင်မရှား ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ်မှစ၍ ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဒေါက်တာမေခင်နှင်းဆီ နှင့် အိမ်ထောင်ပြုခဲ့သည်။

ဂျပန်နိုင်ငံတွင် စားသောက်ဆိုင် ဖွင့်လှစ်ထားပြီး ပြည်သူ့ဂုဏ်ရည်အသင်း (ဂျပန်ဌာနခွဲ) ၏ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။


၁၃။ ကိုမြတ်စိုးခိုင် (ယူကေဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

အဖ ဦးရဲမြင့် နှင့် အမိ ဒေါ်ခင်လေးတို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး စမ်းချောင်းမြို့နယ်(မုန့်-တောင်) တွင် နေထိုင်ခဲ့သည်။ ဖခင်ဖြစ်သူမှာ နှလုံးအထူးကုဆရာဝန်ကြီး(အငြိမ်းစား) ဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးဌာနတွင် အမှုထမ်းဆောင်ခဲ့သည်။ မိခင်ဖြစ်သူမှာ ဖဆပလ ဒေသန္တရဆေးပေးခန်းတွင် ဌာနမှူးဆရာဝန် အဖြစ် အမှုထမ်းဆောင်ခဲ့သည်။

ရန်ကုန် လှိုင်မြို့နယ် အ.မ.က (၁၀) တွင် ၄ တန်းအထိ၊ ၅ တန်းမှ ၁၀ တန်းအထိ အ.ထ.က.(၂) ကမာရွတ်တွင် တက်ရောက်သင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တွင် သတ္တဗေဒ အထူးပြုဖြင့် တတိယနှစ်အထိ သင်ကြားခဲ့သည်။ ပညာသင်ယူစဉ် ကျောင်းကထိန်ပွဲ၊ ဆရာကန်တော့ပွဲများ၌ အမြဲပါဝင် ဆောင်ရွက်ခဲ့သည်။

၁၉၉၈ တွင် ဗြိတိန်သို့ ထွက်ခွာခဲ့သည်။ Liverpool John Moores တက္ကသိုလ်၌ Applied Computer Technology ဘာသာကို တက်ရောက်သင်ကြားခဲ့ပြီး ၂၀၀၃ တွင် ဘွဲ့ရခဲ့သည်။ ထို့နောက် လန်ဒန်မြို့သို့ ပြောင်းရွှေ့ကာ အလုပ်လုပ်ကိုင်ခဲ့သည်။ လက်ရှိ Tesco ကုမ္ပဏီ၌ customer Assistant အဖြစ် လုပ်ကိုင်လျက်ရှိသည်။

၂၀၀၇ တွင် လန်ဒန် နိုင်ငံရေးလှုပ်ရှားမှုထဲသို့ ဝင်ရောက်လုပ်ကိုင်ရင်း လန်ဒန် လူမှုရေးပွဲများ၊ နိုင်ငံရေးပွဲများနှင့် ဘာသာရေးပွဲများတွင် ဝင်ရောက် ကူညီဆောင်ရွက်ခဲ့သည်။ ၂၀၀၉ တွင် အင်္ဂလန်ရောက် ရခိုင်များဖြင့် ဖွဲ့စည်းသော ရခိုင်လူထုအသိုင်းအဝိုင်းတွင် သတင်းနှင့် ဆက်သွယ်ရေး ဒုတာဝန်ခံအဖြစ် ပါဝင်ခဲ့သည်။ ၂၀၁၀ တွင် မသင်းအိစန္ဒီနှင့် အိမ်ထောင်ပြုခဲ့သည်။

၂၀၁၁ စက်တင်ဘာလ ပြည်သူ့ဂုဏ်ရည် (UK-London Chapter) စတင်ဖွဲ့ချိန်မှစ၍ ဌာနခွဲ တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။

၁၄။ မထွေးသဉ္ဇာထွန်း(ယူကေဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

အဖ ဦးထွန်းအေး နှင့် ဒေါ်စန်းစန်းတင် တို့က မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွေးဖွား ကြီးပြင်းခဲ့သည်။ အထက်တန်းပညာကို ၁၉၉၈ ခုနှစ်တွင် အောင်မြင်ခဲ့ပြီး မိဘများ၏အမွေ မိမိစိတ်ဝင်စားရာ ဆေးပညာရပ်ကို လေ့လာဆည်းပူးရန် မိသားစုနှင့်အတူ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဆေးပညာ အထူးပြုဘာသာဘွဲ့ ကို ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ရရှိခဲ့သည်။ ထို့နောက် မိဘနှစ်ပါး၏ ဆေးကုခန်းတွင် ၀င်ရောက်လုပ်ကိုင်ရင်း ဆေးပညာကို ဆက်လက်ဆည်းပူးခဲ့သည်။

၂၀၀၉ ခုနှစ် ယူကေနိုင်ငံသို့  ရောက်ရှိချိန်မှ စတင်ပြီး မိမိဝါသနာပါရာ လူမှုအကျိုးပြုလုပ်ငန်းများကို စိတ်တူကိုယ်တူ UK ရောက် မြန်မာကျောင်းသား သူငယ်ချင်းများနှင့် ပူးပေါင်းမိပြီး နီးစပ်ရာ လူမှုကူညီရေး လုပ်ငန်းများ၊ ဘာသာရေးဆိုင်ရာ လုပ်ငန်းများတွင် သူငယ်ချင်းများနှင့်အတူ တက်ညီလက်ညီ ပါဝင်ကူညီခဲ့သည်။ မြန်မာနိုင်ငံ အပါအoင် နိုင်ငံတကာအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် ဆောင်ရွက်နေကြသော ပြည်တွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းအချို့နှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသော UK အခြေစိုက် မြန်မာတိုင်းရင်းသား အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးဆိုင်ရာ အသိပညာတိုးမြှင့်ရေး လုပ်ငန်းများတွင်လည်း အခါအားလျော်စွာ ကူညီလုပ်ကိုင်ပေးလျက်ရှိသည်။

ငယ်စဉ်အခါကပင် လူသားအကျိုးပြုလုပ်ငန်းများတွင် စိတ်အားထက်သန်ခဲ့သည့် အားလျော်စွာ ၂၀၁၁ ခုနှစ် မေလမှ စတင်ပြီး ပြည်သူ့ ဂုဏ်ရည်အသင်း (UK Chapter) စတင်ဖွဲ့စည်းရာတွင် UK ဌာနခွဲ၏ ပြန်ကြားရေး ကော်မတီဝင်တစ်ဦးအဖြစ်၎င်း၊ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးအဖြစ်၎င်း ကူညီလုပ်ကိုင်ပေးလျက်ရှိသည်။

ယခုအခါ National Health Service (NHS London) ၏ Professional development project တွင် Part time tutor အဖြစ် အလုပ်လုပ်ကိုင်ရင်း ဆေးပညာ (ဘွဲ့လွန်ဘာသာရပ် ဒုတိယပိုင်း) ကို London မြို့တွင် လေ့လာဆည်းပူးလျက်ရှိပါသည်။


၁၅။ ကိုထိန်လင်း (ဆန်ဖရန်စစ္စကိုဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်တွင် အဖ ဦးကျော်ညွန့်၊ အမိ ဒေါ်စန်းမြင့်တို့က ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၄ ဦးအနက် ဒုတိယဖြစ်သည်။

အခြေခံပညာကို ဟင်္သာတမြို့၊ ရန်ကုန်မြို့တို့ရှိ စာသင်ကျောင်းများတွင် တက်ရောက်သင်ယူခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ စတင် တက်ရောက်ခဲ့သည်။

စတုတ္ထနှစ် တက်ရောက်နေစဉ် ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနှင့် ကြုံကြိုက်ခဲ့ပြီး ပါဝင်ဆောင်ရွက်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့တွင် ၀င်ရောက်ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများကြောင့် ၂ ကြိမ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

၁၉၉၀ ပြည့်နှစ် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းမှထွက်ကာ မူဆယ်မြို့နယ်၊ တွံတေးမြို့နယ်တို့ရှိ တွဲဖက် အထက်တန်းကျောင်းများတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ဘုန်းတော်ကြီးသင် စာသင်ကျောင်း တစ်ကျောင်း ဖြစ်မြောက်ရေး အပါအ၀င် ပရဟိတ လုပ်ငန်းအချို့တွင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၉၅ ခုတွင် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့(ပထ၀ီဝင်အထူးပြု) ရရှိခဲ့သည်။

၁၉၈၉ ခုနှစ်မှစ၍ စာပေနယ်သို့ ၀င်ရောက်ခဲ့ပြီး စာပေရေးသားခြင်းဖြင့် အသက်မွေးခဲ့သည်။ ၁၉၉၅-၉၆ နှင့် ၁၉၉၉-၂ဝဝဝ တို့တွင် ‘ဂျစ်တူးရုပ်စုံ’၊ ၂ဝဝဝ-၂ဝဝ၁ တွင် ‘ဇီဝက မဂ္ဂဇင်း’ ၌ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။

၂ဝဝ၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် လုံခြုံရေးအခြေအနေအရ ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ‘နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (အေအေပီပီ)’သို့ ဝင်ရောက်ကာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး နိုင်ငံတကာ ဓာတ်ပုံပြပွဲများ ကျင်းပခြင်း၊ နိုင်ငံရေးအကျဉ်းသားစာရင်း ပြုစုခြင်း စသည့်လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၂ဝဝ၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချခဲ့ပြီး ၂ဝဝ၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် မဒီဇင်မိုးနှင့် အိမ်ထောင်ပြုခဲ့သည်။

၂ဝဝ၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်သည့် ချင်းမိုင်မြို့အခြေစိုက် ဧရာဝတီသတင်းဌာန၏ မြန်မာပိုင်း အင်တာနက်မဂ္ဂဇင်း ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး အယ်ဒီတာအဖြစ် ၂ဝဝ၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုအခြေစိုက် ‘လွတ်လပ်တဲ့အာရှအသံ (အာရ်အက်ဖ်အေ)’ ရေဒီယိုတွင် ‘အတွေးသမားတစ်ဦးရဲ့ အာဘော်’ ခေါင်းစဉ်ဖြင့် အပတ်စဉ်အသံလွှင့်ဆောင်းပါး ၄ နှစ် ရေးသားထုတ်လွှင့်ခဲ့သည်။

နော်ဝေအခြေစိုက် ‘ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)’ ရေဒီယိုတွင် ‘နိုင်ငံရေးနှင့် စာပေအနုပညာ’ ခေါင်းစဉ်ဖြင့် အပတ်စဉ်အသံလွှင့်ဆောင်းပါး ၂ နှစ် ရေးသားထုတ်လွှင့်ခဲ့သည်။ အခြားသော သတင်းဌာနများ၊ စာနယ်ဇင်းများတွင်လည်း စာပေရေးသားခြင်းများ လုပ်ဆောင်ခဲ့သည်။ ယခုအချိန်ထိ ကလေးများအတွက် ကဗျာ၊ ပုံပြင်အပါအဝင် စာအုပ် ၆ အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။

ပြည်သူ့ဂုဏ်ရည်အသင်း စတင်ဖွဲ့စည်းခဲ့ရာတွင် ပါဝင်ခဲ့ပြီး ယာယီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆန်ဖရန်စစ္စကိုဌာနခွဲ ကို ကိုယ်စားပြု တာဝန်ယူဆောင်ရွက်ခဲ့သည်။

၁၆။ ကိုခင်မောင်အေး(ဆန်ဖရန်စစ္စကိုဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

khinmgaye sfအမိ ဒေါ်ကျင်ရွှေ၊ အဖ ဦးမောင်လှတို့မှ ရန်ကုန်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။

အ.ထ.က (၂) ပန်းဘဲတန်းမြို့နယ်တွင် ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းထိ ပညာသင်ကြားခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ၁၉၈၂ ခုနှစ် စတုတ္ထနှစ်ထိ ဓာတုအင်ဂျင်နီယာဘာသာရပ်ကို သင်ကြားခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ်စကိုမြို့သို့ ရောက်ရှိကာ City College of San Francisco နှင့် California State University (San Francisco) တို့တွင် ပညာဆက်လက် သင်ကြားခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ဇနီးဖြစ်သူ ဒေါ်ခင်ဝိုင်း နှင့် လက်ထပ်ခဲ့သည်။

၁၉၈၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အမေရိကန်စာပို့လုပ်ငန်း (USPS)တွင် စာပို့လုလင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၀၁ခုနှစ်တွင် အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA)သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရာ ၂၀၀၂ ခုနှစ်တွင် DHS လက်အောက်ရောက်ရှိကာ ယနေ့ထိ ထိုဌာနတွင် အမှုထမ်းလျက်ရှိသည်။

၁၉၈၃ ခုနှစ်မှ ယနေ့ထိ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ်စကိုမြို့တွင် တဆက်တည်းနေထိုင်စဉ်ကာလအတွင်း မြန်မာလူမျိုးစု အသိုင်းအဝိုင်း၏ လူမှုရေး၊ ဘာသာရေးနှင့် နိုင်ငံရေးများတွင် စိတ်ပါဝင်စားကာ တတ်စွမ်းသရွေ့ ပါဝင်ပတ်သက်ခဲ့သည်။ လက်ရှိတွင်လည်း မြန်မာနိုင်ငံအတွင်း လူမှုရေးနှင့် နိုင်ငံရေးဖြစ်စဉ်များကို အထူးစိတ်ပါစားလျက်ရှိကာ မြန်မာနိုင်ငံလူမှုရေး၊ ပညာရေးနှင့် အခြားအကျိုးပြုလုပ်ငန်းများအတွက် နီးစပ်ရာအသင်းအဖွဲ့၊ သီးခြားလူပုဂ္ဂိုလ်များနှင့်အတူ တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်လျက်ရှိသည်။

၂၀၁၀ ခုနှစ် ပြည်သူ့ဂုဏ်ရည်အသင်း စတင်ထူထောင်ရာတွင် ဆန်ဖရန်စစ်စကိုဌာနခွဲမှ ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၇။ မသီသီအောင် (ဘတ်ဖလိုဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

ThiTAung၁၉၇၁ ခုနှစ် မေလ ၁၄ ရက်နေ့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။

၈၈၈၈ အရေးခင်းတွင် ပါဝင်ခဲ့ပြီးနောက် NLD အဖွဲ့ဝင်အဖြစ် ရပ်တည်ခဲ့သည်။ ၁၉၉၆ ဒီဇင်ဘာ ၂ ရက်နေ့တွင် အဖမ်းခံပြီး ၂၀၀၃ ခုနှစ် ဇူလိုင်လ တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

၂ဝဝ၄ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့ပြီးနောက် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ‘နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (အေအေပီပီ)’ အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ထိုနှစ်တွင် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ကိုစိုးသန်း နှင့် လက်ထပ်ကာ သားသမီး ၂ ဦး ထွန်းကားခဲ့သည်။

၂ဝဝ၅ ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စု ဘတ်ဖလိုမြို့သို့ ရောက်ရှိခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများကို တတ်စွမ်းသမျှ လုပ်ဆောင်ခဲ့သည်။ ယခု ပြည်သူ့ဂုဏ်ရည်အသင်းတွင် တတ်နိုင်သရွေ့ ကူညီဆောင်ရွက်လျက်ရှိပါသည်။

၁၈။ ကိုဂျိမ်းလင်းထွန်း (ဖလော်ရီဒါဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
jameslinntunကိုယ်ရေးအကျဉ်းကို မကြာမီ ဖော်ပြပါမည်။

 ၁၉။ ကိုသန်းနိုင်(ဖလော်ရီဒါဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

ကျောင်းနေစဉ်တွင် ကျိုက်ထိုမြို့နယ်တက္ကသိုလ်ကောလိပ်သိပ္ပံအသင်း၏ အတွင်းရေးမှူးအဖြစ် လုပ်ဆောင်ပါသည်။၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဓါတုဗေဒ အဓိကဖြင့် ဘွဲ့ရရှိခဲ့ပါသည်။

ရှစ်လေးလုံးလူထုအရေးတော်ပုံတွင်မြို့နယ်ကျောင်းသားသမဂ္ဂအတွင်းရေးမှူးအဖြစ် လည်းကောင်း၊ အ ထွေထွေသပိတ်ကော်မီတီအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ လုပ်ဆောင်ပါသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး ကျောင်းသားတပ်မတော် တပ်ရင်း(၁ဝ၁)၏ တပ်ရေးအရာရှိ အဖြစ်လည်းကောင်း၊ စခန်းအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ညီလာခံကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ (၉)နှစ်ကြာလုပ်ဆောင်ခဲ့ပါသည်။

၁၉၉၇ခု ဇူလိုင်(၃ဝ)ရက်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပါသည်။

ကိုယ်ပိုင်ဈေးဆိုင်ငယ် ( Mingala Asian Market ) ဖြင့် ဖလော်ရီဒါပြည်နယ်၊ Vero Beach မြို့တွင် နေထိုင်လျက်ရှိပါ သည်။    

မြန်မာပြည်အထက်ပိုင်း မလှိုင်မြို့နယ် နတ်စင်ကုန်းကျေးရွာအုပ်စု ကံရွာတွင် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း ထူထောင်ခြင်း ကျောင်းဆရာ/ဆရာမများလခလှူဒါန်းခြင်း မူလတန်းမှဘွဲ့ရ သည်အထိ ပညာသင်ထောက်ပံ့ကြေးလှူဒါန်းခြင်းများကို ၂ဝဝ၂ ခုနှစ်မှစတင်၍ လက်ရှိအချိန် အထိ တတ်နိုင်သလောက်လုပ်ဆောင်နေပါသည်။

၂ဝ၁၂ခုနှစ်မှစ၍ ပြည်သူ့ဂုဏ်ရည်အသင်း ဖလော်ရီဒါဌာနခွဲ တာဝန်ခံအဖြစ်လည်းကောင်း၊ ဗဟိုအလုပ်အ မှုဆောင် ကော်မီတီဝင်အဖြစ်လည်းကောင်း လုပ်ဆောင်လျက်ရှိပါသည်။

၂ဝ။ ဦးဘိုဘိုဝင်း (စင်္ကာပူဌာနခွဲ)- ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

၁၉၆၄ ခုနှစ် မတ်လ ၁၂ ရက်က ညောင်ဦးမြို့နယ် တက်မကျေးရွာ၌ အဖ ဦးစိုးမြင့်၊ အမိ ဒေါ်မြကြည်တို့က မွေးဖွားခဲ့သည်။ တက်မရွာ မူလတန်းကျောင်း အမှတ်(၁)၊ ကျောက်ပန်းတောင်းမြို့ အထက်တန်းကျောင်း အမှတ်(၁) တို့တွင် တက်ရောက် ပညာသင်ယူခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန် တောင်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ B.E (Electrical Power) ရရှိခဲ့သည်။ ယခုအခါ စင်္ကာပူနိုင်ငံတွင် နေထိုင်လျက်ရှိသည်။ ‘လမ်းပြကြယ်စာကြည့်တိုက်’၏ နာယက ဖြစ်ပြီး ‘ရသအလင်းဖောင်ဒေးရှင်း’၏ ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။


ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်းများ။

၁။ ကိုကျော်ဝဏ္ဏ (လော့စ်အိန်ဂျယ်လိစ်ဌာနခွဲ) - အထွေထွေအတွင်းရေးမှူး

အဖ ဦးကျော်မြင့်၊ အမိ ဒေါ်စန်းစန်းလွင်တို့က ရန်ကုန်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ရူပဗေဒဘာသာရပ်ကို အထူးပြု၍ ပညာသင်ကြားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် စာရေးဆရာမ မိုးချိုသင်း နှင့် အိမ်ထောင်ပြုခဲ့သည်။

ရန်ကုန်မြို့ တွင် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၁၉၉၄ မှ ၂၀၀၂ အထိ စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများရှိ သွင်းကုန်ထုတ်ကုန်လုပ်ငန်းနှင့် စက်ယန္တရားလုပ်ငန်းများတွင် ဒေသဆိုင်ရာမန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ ၂၀၀၃ နှစ်ဆန်းတွင် အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့သို့ ရောက်ရှိ အခြေချနေထိုင်ခဲ့ပြီး U.S. Furniture Incorporation တွင် Operations Manager အဖြစ် ၂၀၀၉ ခုနှစ်အထိ ၇ နှစ်ခန့် ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ Union Pacific Rail Road ကုမ္ပဏီ၏ အင်ဂျင်နီယာဌာန၌ Signal Maintainer အဖြစ် အလုပ် လုပ်ကိုင်လျက်သည်။

ပြည်သူ့ဂုဏ်ရည်အသင်းကို စတင်ဖွဲ့စည်း ထူထောင်ခဲ့သူတစ်ဦးဖြစ်သည်။ ယာယီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် L.A Chapter ကို ကိုယ်စားပြု တာဝန်ယူဆောင်ရွက်ခဲ့သည်။

၂။ ကိုမိုးကျော် (ဆန်ဖရန်စစ္စကိုဌာနခွဲ) - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

moekyawsf

အဖ ဦးကျော်ဝင်း၊ အမိ ဒေါ်ခင်အေးမြင့် တို့က ရန်ကုန်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဒဂုံတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ပထဝီဘာသာရပ် အဓိကဖြင့် ဒုတိယနှစ် အောင်မြင်သည်အထိ သင်ယူခဲ့သည်။

၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ဒဂုံတက္ကသိုလ်မှ ပါဝင်ခဲ့ပြီး ၁၉၉၉ ခုနှစ် စက်တင်ဘာလ၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလမှ စတင်၍ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း၌ Photo Editor, Web/Layout Designer, Network Administrator နှင့် Technical Section In-Charge တာဝန်များကို ၂၀၁၀ ပြည့်နှစ် သြဂုတ်လအထိ လုပ်ကိုင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလတွင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ယခုအခါ City College of San Francisco တွင် Unix/Linux Administration ဘာသာရပ်ကို သင်ယူလျက်ရှိသည်။

 

 

၃။ကိုသိန်းထိုက် (ခ) ကျော်ထွန်း (ဖို့တ်ဝိန်းဌာနခွဲ) -(ကွယ်လွန်)

KyawTunအဖ ဦးစံဦးနှင့် အမိ ဒေါ်အေးသိန်းတို့က ရန်ကုန် တာမွေမြို့နယ် တာမွေကလေးရပ်ကွက်တွင် ၁၉၇၁ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်အနက် တတိယမြောက်ဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် ၁၀ တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ တွင် သမိုင်းအဓိကဖြင့် ဒုတိယနှစ်အထိ တတ်ရောက်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ ၀င်ရောက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေမြို့နယ် လူငယ်လုပ်ငန်းအဖွဲ့ဝင် အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၉၈ ပြည်သူ့လွှတ်တော် ခေါ်ယူရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သဖြင့် (၇ - ၈ -၁၉၉၈) မှ (၃၀-၇-၁၉၉၉) အထိ လှည်းကူး တပ်မ (၁၁) ရဲမွန် တွင် အထိန်းသိမ်းခံခဲ့ရသည်။

၂၀၀၀ ပြည့်နှစ် လူငယ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးတွင်ပါဝင်ခဲ့သဖြင့် ၁၃-၄-၂၀၀၀ နေ့မှ ၂၅-၁-၂၀၀၁ နေ့အထိ အင်းစိန် သီးသန့်အကျဉ်းထောင်တွင် အထိန်းသိမ်းခံခဲ့ရသည်။ ၂၀၀၃ ဒီပဲယင်း နိုင်ငံတော် အကြမ်းဖက်လုပ်ကြံမှု အရေးအခင်းနောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တွင် တာဝန်ထမ်းဆောင် ခဲ့သည်။

၂၀၀၆ ခုနှစ် စက်တင်ဘာလ တွင် အမေရိကန်ပြည်ထောင်စုသို့ UNHCR အစီအစဉ် ဖြင့် ရောက်ရှိခဲ့ပြီုး ပြည်သူ့ဂုဏ်ရည်အသင်းတွင် ယာယီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် (Fortwayne, Indiana) ကို ကိုယ်စားပြု တာဝန်ယူဆောင်ရွက်ခဲ့သည်။

ယခုအခါ ဇနီးဖြစ်သူ မသစ်သစ် နှင့်အတူ အင်ဒီးယားနားပြည်နယ် ဖို့တ်ဝိန်းမြို့တွင် အခြေချ နေထိုင်ရင်း အမိမြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ လူမှုရေးတို့တွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

၃။ ကိုထွန်းထွန်း (အော်ရီဂွန်ဌာနခွဲ) - အတွင်းရေးမှူးအဖွဲ့ဝင်

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တွင် ၁၉၆၅ ခုနှစ်၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် ဂီတနှင့် နိုင်ငံတကာရေးရာများကို အထူးစိတ်ဝင်စားခဲ့သည်။ ၁၉၉၀ မှ ၂၀၀၄ ခုနှစ်အထိ ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် မချိုချိုအောင်နှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး ၂ ဦး ထွန်းကားခဲ့သည်။

၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ဒုက္ခသည်တစ်ဦးအဖြစ် မိသားစုနှင့်အတူ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သည်။ လက်ရှိ အော်ရီဂွန်ပြည်နယ်တွင် နေထိုင်လျက်ရှိသည်။

၂၀၁၀ ပြည့်နှစ်၌် ပြည်သူ့ဂုဏ်ရည်အသင်း စတင်ထူထောင်ရာတွင် အော်ရီဂွန်ပြည်နယ်မှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ယာယီဗဟိုအလုပ်အမှုဆောင် အဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိတွင် အမိမြန်မာပြည်အတွက် တတ်နိုင်သည့်ဘက်မှ အကျိုးပြုသွားနိုင်ရန် တတ်စွမ်းနိုင်သရွေ့ လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

Last modified on Tuesday, 01 November 2016 06:04
You are here: Home ပြည်သူ့ဂုဏ်ရည် About COBA ဖွဲ့စည်းပုံ Constitution ဗဟိုအလုပ်အမှုဆောင်များ CEC MEMBERS