Sunday, 18 March 2012 10:13

+ မေးခွန်းများနှင့်အဖြေများ

မြန်မာပြည်တွင်နေထိုင်လျက် တိုင်းရင်းသားပြည်သူတို့အတွက် လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံကာ စွမ်းစွမ်းတမံ လုပ်ဆောင်နေသော၊ လူ့ဘောင်လောက နှင့် နိုင်ငံသားများအတွက် စံပြဖြစ်စေမည့်၊ လူချွန်လူမွန်များကို (ဤနေရာတွင်) အမည်စာရင်းတင်သွင်းခြင်းဖြင့် ဂုဏ်ပြုပါ။

၂ဝ၁၇ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်းတင်သွင်းခြင်းကို ၂ဝ၁၇ ခုနှစ် ဧပြီလ (၂၃) ရက် တနင်္ဂနွေနေ့ထိ လက်ခံနေပြီဖြစ်ပါသည်။

  • အမည်စာရင်းတင်သွင်းသည့်ပုံစံကို အရင်ဆုံးလေ့လာပါ။ မေးခွန်းများကို ဖြေဆိုနိုင်ရန် အချက်အလက်များ စုဆောင်းပါ။
  • အမည်စာရင်းတင်သွင်းမည့်သူအကြောင်း သင်သိရှိသမျှအချက်အလက်များကို ပြည့်စုံနိုင်သမျှပြည့်စုံအောင် အချိန်ယူဖြည့်စွက်ပါ။
  • သင့်နှလုံးသားထဲမှ လူမှုရေးသူရဲကောင်းအကြောင်းကို ခံစားရသမျှ ဝေငှပါ။ သင်မျှဝေပေးသော ခံစားချက်တို့မှာ အမည်စာရင်းတင်သွင်းခြင်းခံရသူအတွက် သင်၏ဂုဏ်ပြု ခြင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ကလည်း သင်ရေးသားတင်သွင်းသော ဂုဏ်ပြုခြင်းကို လုံးစေ့ပတ်စေ့ လေးနက်စွာ ဖတ်ရှုလေ့လာသွားမည်ဖြစ်ပြီး ဆင့်ပွားဝေမျှ ဂုဏ်ပြုတင်ဆက် ပေးသွားမည်ဖြစ်ပါသည်။
  • လိုအပ်သောအချက်အလက်များဖြင့် ပြည့်စုံသည့် အမည်စာရင်းတင်သွင်းခြင်းများအတွက် သင့်အီးမေးလ်ကို ဆက်သွယ်လျက် ကောင်းမွန်စွာ လက်ခံရရှိပါကြောင်း အတည်ပြု ပြန်ကြားပေးသွားမည်ဖြစ်ပါသည်။
  • အကယ်၍ မိမိကိုယ်ကို မိမိ အမည်စာရင်းတင်သွင်းလိုပါက သင့်လိပ်စာအပြည့်အစုံ၊ အီးမေးလ်လိပ်စာနှင့် ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ်များကို မဖြစ်မနေ ထည့်သွင်းပေးရပါမည်။ ဂုဏ်ပြုပွဲဖြစ်မြောက်ရေးအဖွဲ့မှ သင့်ကို ဆက်သွယ် အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

ဘယ်လိုလူမျိုးတွေကို ပြည်သူ့ဂုဏ်ရည်အတွက် အမည်စာရင်းတင်သွင်းလို့ရပါသလဲ?

မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံကာ လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသူ၊ ကျယ်ပြန့်ထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်သူ၊ လူ့ဘောင်လောကနှင့် နိုင်ငံသားများအတွက်စံပြဖြစ်စေသူများကို တဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ အမည်စာရင်းတင်သွင်းလို့ရပါတယ်။

အမည်စာရင်း တင်သွင်းချင်တဲ့သူရဲ့ လိပ်စာ၊ အီးမေးလ်၊ တယ်လီဖုန်းနံပါတ်တွေကို မသိဘူးဆိုရင်ရော?

အချက်အလက်များကို ပြည့်စုံအောင် စုံစမ်းဖြည့်စွက်ဖို့ တိုက်တွန်းပါရစေ။ ဘယ်လိုမှ မသိနိုင်ဘူးဆိုရင်တော့ ဂုဏ်ပြုပွဲဖြစ်မြောက်ရေးအဖွဲ့အနေနဲ့ လေ့လာ၊ ဆက်သွယ်၊ စုံစမ်းသွားမှာဖြစ်ပေမယ့် နှောင့်နှေးကြန့်ကြာမှုများဖြစ်လာနိုင်ပါတယ်။

Online အမည်စာရင်းဘယ်မှာတင်သွင်းရမှာလဲ ?

၂ဝ၁၇ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းကို ၂ဝ၁၇ ခုနှစ် ဧပြီလ (၂၃) ရက်ထိ လက်ခံနေပြီဖြစ်ပါသည်

အောက်ပါ လင့်ကိုနှိပ်၍

http://www.citizenofburma.org/index.php/nomination-form

ပုံစံကိုဖြည့်စွက်ပြီး အောက်ခြေက send (ပေးပို့ပါ) ကိုနှိပ်လိုက်ပါ။

အမည်စာရင်းတင်သွင်းခြင်းကို စာတိုက်က ပို့လို့ ရပါသလား?

မရပါ။ မြန်ဆန်ထိရောက်သည့် အွန်လိုင်း စနစ်ဖြင့်သာ ပို့ပေးပါ။

အမည်စာရင်းတင်သွင်းခြင်းကို လက်မခံဘဲ ငြင်းပယ်ခြင်းများရှိပါသလား?

လိုအပ်တဲ့အချက်အလက်များနဲ့ ပြည့်စုံတယ်၊ ရွေးချယ်ရေးမူဝါဒများနဲ့လည်း ကိုက်ညီတယ်ဆိုရင်တော့ ငြင်းပယ်ခံရမှာမဟုတ်ပါဘူး။ လိုအပ်တဲ့အချက်အလက်များကလည်း မပြည့်စုံ၊ ရွေးချယ်ရေးမူဝါဒများနဲ့လည်း ကိုက်ညီမှုမရှိဘူးဆိုရင်တော့ အဲဒီအမည်စာရင်းတင်သွင်းခြင်းကို လက်ခံမှာမဟုတ်ပါဘူး။

ပြည်သူ့ဂုဏ်ရည်ဆုကို ဘယ်လိုရွေးချယ်ပါသလဲ? 

ပြည်သူအများအဆိုပြုတင်သွင်းလာကြသည့် အမည်စာရင်းများထဲက တဦး (သို့) တဖွဲ့ကို ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲအသီးသီးက ဆန္ဒမဲများဖြင့်ရွေးချယ်သွားပါမယ်။

ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲတက်ရောက်ခွင့်ကို ဘယ်လိုရယူရပါမလဲ?

ဂုဏ်ပြုပွဲကျင်းပတဲ့မြို့က ဆက်သွယ်ရမယ့်စာရင်းပါ တဦးဦးကို ဆက်သွယ်လျက် ဂုဏ်ပြုပွဲအတွက် ထိုင်ခုံနေရာကို ကြိုတင်ရယူနိုင်ပါတယ်။     ။

(မှတ်ချက်။ ။၂၀၁၇ ပြည်သူ့ဂုဏ်ရည်ဆုကြေညာပွဲကို ကိုလိုရာဒိုပြည်နယ်မှာ ကျင်းပပါမည်။)

Last modified on Thursday, 20 April 2017 16:40
You are here: Home ပြည်သူ့ဂုဏ်ရည် About COBA ဆုချီးမြှင့်ခြင်း Award အမေးအဖြေများ Q & A