ပြည်သူ့ဂုဏ်ရည် ဆုရှင်များ

ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်နှင့်အထူးဆုရရှိသူများ ကြေညာခြင်း နေ့စွဲ - ၂၀၁၄ ခုနှစ် မေလ ၂၄ ရက်                 မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏ လုပ်ရပ်များအတွက် လေးစားဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှစ်စဉ်ဂုဏ်ပြုသည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ပဉ္စမအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Palm Beach Gardens မြို့၌ ယနေ့ (၂၀၁၄ ခုနှစ် မေလ ၂၄ ရက်နေ့တွင်) ကျင်းပခဲ့ပြီး ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ကို…
Last modified on Thursday, 26 March 2015 00:52
ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်နှင့်အထူးဆုရရှိသူများ ကြေညာခြင်း ရုပ်/သံ မှတ်တမ်း ( အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Palm Beach Gardens မြို့ ၂ဝ၁၄ ခုနှစ် မေလ ၂၄ ရက်နေ့ ) (ရုပ်/သံ ကိုအောက်ပါပုံကို နှိပ်၍ ကြည့်ပါ။)

Media

Last modified on Thursday, 26 March 2015 00:54
ပြည်သူ့ဂုဏ်ရည်အသင်းက ယခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်” ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။           ပြည်သူ့ဂုဏ်ရည်အထူးဆု ၃ ဆုကိုလည်း ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဆုရှင်များအဖြစ် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဦးနေမျိုးဇင်၊ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” လူမှုကွန်ရက် လှုပ်ရှားမှုများကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ တနိုင်တပိုင် သောက်ရေသန့်နည်းပညာ ဖြန့်ဝေနေသူ ဦးသန်းနိုင် တို့ကို ရွေးချယ်ခဲ့သည်။

Media

Last modified on Wednesday, 09 April 2014 06:03
၁၉၆၈ ခုနှစ် မေလ ၁၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဒုံကျေးရွာတွင် မွေးဖွားခဲ့သည်။ အဖ ဒူဝါလဖိုင်ဇော်ရစ် (ကွယ်လွန်) နှင့် အမိ ဒူဂျန် အင်ဒေါင်လုဘောက် တို့ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် ဒသမတန်း အောင်မြင်ခဲ့ပြီး ၁၉၈၈ ခုနှစ်၌ ရန်ကုန် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်သို့ တက်ရောက်ပြီး B.Th ဘွဲ့ရရှိခဲ့သည်။ ထို့နောက် မန်ဒုံ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် ဓမ္မအမှုဆောင်အဖြစ် ၁ နှစ် ဆောင်ရွက်ခဲ့သည်။ ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်တွင်လည်း ၁ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အင်းစိန်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တွင် B.D ဘွဲ့ထပ်မံ ရယူခဲ့သည်။ ကျောင်းတက်နေချိန်တွင် ဓမ္မတက္ကသိုလ် ကချင်ကျောင်းသားများ မိတ်သဟာရအဖွဲ့…
Last modified on Friday, 01 June 2012 13:04
ဦးကျော်သူ ကို ၁၉၅၉ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် အဖ ဦးစိန်တင်နှင့် အမိ ဒေါ်မေသန်း တို့က ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး အမည်ရင်း ဦးကျော်ဝင်း ဖြစ်သည်။ ဦးကျော်သူသည် ရုပ်ရှင်သရုပ်ဆောင် နှင့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သကဲ့သို့ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုရှင်တစ်ဦးလည်းဖြစ်သည်။ ငယ်စဉ်က အ.ထ.က(၁) ဒဂုံ တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း ရုပ်ရှင်လုပ်ငန်းကို အားစိုက်လုပ်နိုင်ရန် နောက်ဆုံးနှစ်တွင် ကျောင်းမှထွက်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဒါရိုက်တာမျိုးမြင့်အောင် ရိုက်ကူးသည့် ‘ချစ်ကြိုးလေးနှစ်မျှင်’ ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ‘တပြည်သူမရွှေထား’ ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့သည်။ ဦးကျော်သူသည် ပန်းချီပညာကိုလည်း…
Last modified on Sunday, 18 March 2012 12:13
ဒေါ်ရှုကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့တွင် ဘိုကလေးမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၂ ယောက်အနက် ဒေါ်ရှုမှာအကြီးဆုံးဖြစ်ပါသည်။ ဒေါ်ရှုသည် အခြေခံပညာ အလယ်တန်းအထိ ပညာသင်ယူခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ အသက်မွေးဝမ်းကျောင်းအဖြစ် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ ဒေါ်ရှုသည် ၁၉၉၃ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြီး စမ်းချောင်းမြို့နယ် စည်းရုံးရေး အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် သံဃာ့အရေးအခင်းကြောင့် အကျဉ်းကျခံနေရပြီး ထောင်ဝင်စာတွေ့မည့်သူ မရှိသော သံဃာတော်များ၊ သီလရှင်များအား အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရန် မိသားစု၏ စိတ်ပူပန်မှုနှင့် အာဏာပိုင်များ၏ ဖိအားပေး…
Last modified on Sunday, 18 March 2012 12:13
You are here: Home ဂုဏ်ယူဖွယ်ရာမြန်မာများ Honorable Citizens ပြည်သူ့ဂုဏ်ရည် ဆုရှင်များ Awardees